Thursday, April 30, 2015

မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတာ တကယ်ဖြစ်နိုင်

No comments :
မြင်မြင်ခြင်း ချစ်မိသွားတယ်ဆိုတာဟာ ကဗျာဆန်တဲ့ စိတ်ကူးယဉ်ပုံပြင်တွေထဲမှာသာ ရှိတတ်ပါတယ်။ ဒါကို လူတိုင်းက လိုချင်    ကြပေမယ့်လည်း တစ်ကယ်တမ်း လက်တွေ့မှာတော့ ကံကောင်းတဲ့ လူအနည်းငယ်က ခံစား သိရှိနိုင်ပါတယ်။
အများစု ( အမျိုးသမီး ၅၁ ရာခိုင်နှုန်း နဲ့ အမျိုးသား ၄၁ ရာခိုင်နှုန်း ) ဟာ မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို ဖြစ်နိုင်တယ်လို့ မယုံကြပါဘူး။ သူတို့ အတွေးကတော့ လူတစ်ယောက်ဟာ တစ်ယောက်ရဲ့ အကြောင်းကို သေချာမသိသေးပဲ ဘယ်လို ချစ်နိုင်မှာလဲပေါ့။
သိပ္ပံပညာရှင်တွေဟာ အချစ်ရဲ့နောက်ကွယ်က ယုတ္တိဆန်မှုတွေကို အတိအကျ မသိပေမယ့် မြင်မြင်ချင်း ချစ်မိသွားတယ် ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်နိုင်တယ်လို့ သိရှိခဲ့ကြပါတယ်။
အသက် ၂၁ နှစ်ကနေ ၇၀ ကြားရှိတဲ့ အိမ်ထောင်မရှိသူ အယောက် ၅၀၀၀ ကို စစ်တမ်းကောက်ယူ ခဲ့ရာမှာတော့ ၄၁ ရာခိုင်နှုန်းသော အမျိုးသားတွေနဲ့ ၂၉ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ မြင်မြင်ချင်း ချစ်နိုင်ကြတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။
ဇီဝဗေဒဆိုင်ရာ မနုဿဗေဒ ပညာရှင် ဒေါက်တာ Helen Fisher ရဲ့ပြောကြားချက်အရတော့ အမျိုးသားတွေ ဟာ အမျိုးသမီးတွေထက်ပိုပြီး မြင်မြင်ချင်း ချစ်မိခြင်းကို ခံစားနိုင်ကြသလို အမျိုးသမီးတွေထက်ပိုပြီးလည်း ချစ်မိတဲ့ အခါမှာ မြန်ဆန်တတ်ကြပါတယ်။
အချစ်စစ်ကို သိရှိနိုင်ဖို့အတွက် အဆင့် ၃ ဆင့် ဖြတ်သန်းရပါတယ်။ ကဗျာဆန်တဲ့ ချစ်ခြင်း ၊ ချစ်တင်းနှီးနှောရန် ဆုံးဖြတ်ခဲ့ခြင်းနဲ့ နက်နဲတဲ့ တွယ်တာမှုကို ခံစားသိရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ထိုအဆင့် (၃)ဆင့်လုံးကို ဖြတ်သန်းပြီးတဲ့ အခါမှာ လူတွေရဲ့ ဦးနှောက်ကနေ ဒိုပါမင်းလို့ခေါ်တဲ့ ဟော်မုန်း အမြောက်အများကို ထုတ်လုပ်ပေးပါတယ်။ ထို ဟောမုန်းကတော့ လိုချင် တပ်မက်ခြင်း ၊ အာသီသပြင်းပြခြင်း ၊ စွဲလန်းခြင်း ၊ အာရုံစူးစိုက်ခြင်း ၊ ခွန်အား နဲ့ တက်ကြွခြင်းတွေကို ဖြစ်ပေါ် စေနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အချစ်ဟာ ဘိန်းဖြူစွဲနေခြင်း လိုမျိုး တူညီတဲ့ ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချစ်မိသွားခြင်းဟာ အခြားတစ်ယောက် စွဲလန်းမိသွားခြင်းကို ဆိုလိုတဲ့ အတွက် ဖြစ်တယ်လို့ Dr Fisher ကဆိုပါတယ်။

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-