Friday, April 24, 2015

သူနဲ့ကျွန်မ

No comments :
သူ....ကျွန်မကိုခေါ်တယ်
"အချစ်ဆုံး" တဲ့
အချစ်တွေဆုံးနေလို့အဲလိုခ်ါတာလားဆိုတော့
"ဟာ....ဟုတ်ပါဘူး" တဲ့

သူ......ကျွန်မကို စောင့်စည်းမှုတွေနဲ့ချစ်တယ်
"နင်......အခြောက်မကြီးလား" ဆိုတော့
"နာမယ်နော်"တဲ့

သူ......ကျွန်မကို ဟာသတွေပြောပြီးအမြဲရယ်မောစေတယ်
"ပြောင်ချင်နောက်ချင် ဇာတ်ထဲဝင်" ဆိုတော့
"နင့်ရယ်သံလေးကို ချစ်လို့ပါ" တဲ့

သူ.....ကျွန်မရစ်သမျှကို ဒိုင်ခံဖြေရှင်းပေးလေ့ရှိတယ
"စိတ်ရှည်သားပဲ"ဆိုတော့
"နင်တယောက်တည်းအပေါ်မှာပါ"တဲ

သူမသိသေးတဲ့ကျွန်မအကြောင်းတချို့က........
သူကျွန်မကို "အချစ်ဆုံး"လို့ခေါ်တိုင်း ကျွန်မနှလုံးသား နွေးထွေးလုံခြုံမှုကိုခံစားရတယ်ဆိုတာရယ်
ကျွန်မဆီကအခွင့်အရေးတစုံတရာမျှော်လင့်ခြင်းမရှိတဲ့သူ့စိတ်ဓာတ်ကိုသိရတိုင်း သူ့ကိုပိုအထင်ကြီးလေးစားမိတယ်ဆိုတာရယ်
သူပြောတဲ့ဟာသတွေကို ကျွန်မနဲ့တူတူလိုက်ရယ်တိုင်း သူ့ကိုပိုပိုပြီးချစ်မိလာတယ်ဆိုတာရယ်
သူကျွန်မအပေါ်စိတ်ရှည်သည်းခံတာတွေကြုံရတိုင်း သူ့ကိုလက်မလွှတ်ချင်လောက်အောင် မြတ်နိုးမိလာတယ်ဆိုတာတွေပါပ

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-