Wednesday, April 22, 2015

အရေပြားပေါ်ရှိ အဖု အပိန့် အကွက်များအတွက် သဘာဝအိမ်တွင်းကုထုံးလေးများ

No comments :
သွေးယားတယ်…သွေးဓာတ်မတဲ့ဘူး…allergy ဖြစ်တယ်ဆိုတာကို     
ကြားဖူးနေပါလိမ့်မယ်(သို့ မ ဟုတ်) သင်ကိုယ်တိုင် ကြုံဖူး ကောင်း ကြုံဖူးပါလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အခါ အရေပြားပေါ်မှာ အဖု အပိန့်အကွက်များထလာပြီး ယားယံခြင်း၊ အရေပြားရောင် ရမ်းခြင်း၊ ပူလောင်ခြင်း၊ စူးရှခြင်း၊ ရံဖန်ရံခါ အရေပြားကွဲထွက်ခြင်း စသဖြင့် ခံစားရတတ်ပါတယ်။
-
အရေပြားဓာတ်မတည့်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ
အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများဖြင်
ဘေးဥပါသ်မရှိ သက်သာပျောက်ကင်းနိုင်ပါတယ်။
-
(၁) သဘာဝပျားရည်စစ်စစ် သောက်ပါ/လိမ်းကျံပါ (သို့ မဟုတ်) ရှာလာကာရည် ၁-ဆ ကို သဘာဝပျားရည်စစ်စစ် ၃-ဆရော၍ လိမ်းကျံပေးပါ။
-
(၂) နနွင်းမှုန့်  သောက်ပါ/လိမ်းကျံပါ။
-
(၃) ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ကနဖော့ပင် စသဖြင့် အဆင်ပြေရာ တစ်ခုခုကိုပြုတ်၍သောက်ပါ။ ထို့ ပြင် ၄င်းအပင်ကို ရေစင် စင်ဆေးကာ ကျိတ်ယူ၍ ရလာသော သတ္တုရည်ဖြင့် လိမ်းကျံပါ။
-
(၄) မညှိုးပန်းပင်၏အစေး(သို့ မဟုတ်)andelion(ခေါ်)ခွေးသွားစိတ်အနားတန်းအရွက်များရှိ၍ အပွင့်ဝါပြီး အပွင့်ခေါင်းပွသော အ လေ့ကျပေါက်ပန်း တစ်မျိုးတို့ ကို လိမ်းကျံပါ။
-
(၅) သံလွင်ဆီ လိမ်းပါ(သို့ မဟုတ်)ငါးကြီးဆီ နှင့် ဗီတာမင်အီးအဆီ တို့ ကို ရော၍ လိမ်းပါ။
-
(၆) လက်တဆုပ်စာ ပမာဏရှိသော ပင်စိမ်းရွက်ကို ရေစင်စင်ဆေး၍ ကျိတ်ချေပြီးနောက်၊ သံလွင် ဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်သွန်ဖြူ ၂-တက်၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းအန ည်းငယ်တို့ ဖြင့် ရော၍ အသားအရေပေါ်လိမ်းကျံပါ။
-
(၇) ကွေကာအုပ်(အကြမ်း)ကို ပျောင့်ပျောင်းသွားအောင် ရေအေးစိမ်၍ ထိုအဖတ်များဖြင့် အရေပြားပေါ်ပွတ်လိမ်းပေးပါ။ (ရေခဲ ရေ မဟုတ်ပါ)
-
(၈) ဗာဒံပင်အရွက်အစို (သို့ မဟုတ်) တမာရွက်အစို ကို ရေစင်စင်ဆေးပြီးပြုတ်၍ ရလာသော ပြုတ်ရေဖြင့် ရေချိုးပါ။
-
(၉) ဗီတာမင်စီဓာတ်များကလည်း ဓာတ်တိုးပစ္စည်းအဖြစ် အရေပြား allergic ကို ပျောက် ကင်းေ စပါတယ်။ ဒါကြောင့် ဗီတာမင်စီ ဆေးပြား(သို့ မဟုတ်)သံပုရာရည်(သို့ မဟုတ် )ရှောက်ရ ည် သောက်သုံးရင်း ထိုအချဉ်သီးများကို ညှစ်ယူ၍ရလာသော အရည်ဖြင့် အရေပြားကို လိမ်းကျံပေးပါ။
-
(၁၀) လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော ဘိန်းစေ့ကို ထောင်းထုကြိတ်ချေ၍၊ ၄င်း နှင့်ဆတူ ရေအေး နှင့် သံပုရာရည် ၁-ဇွန်းစီတို့ ကိုသမအောင် ရောစပ်၍ လိမ်းကျံပေးပါ။ (ရေခဲ ရေ မဟုတ်ပါ)
=============
ပေါက်ပေါက်

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-