Tuesday, April 21, 2015

ကိုယ်ဝန်ဆောင်များ ထောပတ်သီး စားသုံးခြင်းဖြင့် သန္ဓေသားနှင့်အမြှေးပါး ဖွံ့ဖြိုးစေနိုင်

No comments :


ထောပတ်သီးတွင် လူ့ခန္ဓာကိုယ် အတွက် ကောင်းကျိုးဖြစ်စေသော ဗီတာမင်ဓာတ် များစွာ ပါဝင်နေသည့် အတွက် ကိုယ်ဝန်ဆောင် မိခင်များ ထောပတ်သီး စားသုံးပေးခြင်းဖြင့် မိမိ၏ သန္ဓေသားကို ဖွံ့ဖြိုးစေနိုင်ပြီး သန္ဓေသား အမြှေးပါး ဖွံ့ဖြိုးစေနိုင်သောကြောင့် စားသုံးပေးသင့်ကြောင်း သားဖွားမီးယပ်ဆိုင်ရာ အထူးကု ဆရာဝန်တစ်ဦးက အကြံပြုပြောကြားသည်။

ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် မိမိရင်သွေးငယ်များ ကျန်းမာ ကြံ့ခိုင်စေရေး အတွက် အာဟာရဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း အပြင် အိပ်ရေးဝအောင် အိပ်ရန်လည်း လိုအပ်ကြောင်း သိရသည်။

ထောပတ်သီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် ပိုတက်ဆီယမ်များ ပါဝင်သောကြောင့် စားသုံးပေးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။

''ထောပတ်သီးဟာ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောကို ဖယ်ရှားပေးပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်လို့ စားသုံးသင့်ပါတယ်။ ထောပတ်သီးမှာ ပရိုတင်းဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ထောပတ်သီးမှာ သကြားဓာတ် ကာဗိုဟိုက်ဒြိတ်ဓာတ် အနည်းငယ်သာ ပါဝင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အလေးချိန် ကျချင်တဲ့သူတွေနဲ့ အဆီကျချင်တဲ့သူတွေလည်း စားသုံးပေးသင့်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင်ထောပတ်သီးသည် မျက်စိအမြင်အာရုံကို ကောင်းမွန်စေနိုင်ပြီး ထုံကျဉ်ကိုက်ခဲသည့် ရောဂါများ၊ အအေးမိ၊ နှာစေးခြင်း များနှင့် သွားဖုံးတွင် သွေးယိုခြင်းများ မဖြစ်စေရန် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကောင်းစေခြင်းအပြင် ကင်ဆာရောဂါကိုလည်း အတန်အသင့် ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-