Saturday, April 18, 2015

ခြင်ကိုက်သည့်ယားယံခြင်းကို ပျောက်ကင်းစေမည့် နည်းလမ်းများ

No comments :

ခြင်အကိုက်ခံရ၍ ယားယံနေလျှင် ကုတ်ခြစ်စရာမလိုပဲ ယားယံခြင်းကို ချက်ချင်း သက်သာပျောက်ကင်းစေမည့် သဘာဝနည်းလမ်းများကို မျှဝေပေးလိုက်ပါသည်။

(၁) အိမ်မှာ အလွယ်တကူ ရှိနေတဲ့ သွားတိုက်ဆေးကို အနည်းငယ် ညစ်ယူ၍ ခြင်ကိုက်သည့်နေရာကို ပွတ်လိမ်းပေးပါက ယားယံခြင်းနှင့် ယောင်ယမ်းခြင်းတို့ကို ချက်ချင်း ပျောက်စေမည်။

(၂) ငှက်ပျောခွံဖြင့် ပွတ်တိုက်ပေးပါ။ ငှက်ပျောခွံမှာ ပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ ခြင်အဆိပ်ကို ချက်ချင်း သက်သာပျောက်ကင်းစေပါတယ်။

(၃) ပင်စိမ်းရွက်ကို ခြင်အကိုက်ခံရသည့်နေရာပေါ်သို့ အနည်းငယ် ပွတ်သပ်ပေး၍ အုပ်ထားပေးပါ။ ပင်စိမ်းရွက်မှာ ပါဝင်တဲ့ Thymol နဲ့ camphor ဓါတ်များက ခြင်ကိုက်ဖုများကို သက်သာပျောက်ကင်းစေပါတယ်။

(၄) ပျားရည် လိမ်းပေးပါ။ ပျားရည်မှာ ယားယံခြင်းနှင့် ယောင်ယမ်းခြင်းတို့ကို သက်သာပျောကင်းစေပါတယ်။

(၅) ခြင်ကိုက်သည့်နေရာပေါ်ကို ရေခဲတုံးလေး တင်ထားပေးပါ။ ရေခဲဟာ ယားယံခြင်းနှင့် နာကျင်ခြင်းကို ချက်ချင်းသက်သာစေပါတယ်။

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-