Tuesday, April 14, 2015

ဘကုံး နဲ့ ဝ

No comments :



အသက်ရှင်နေတဲ့အတွက် အခက်အခဲတွေနဲ့ကြုံမယ်

အခက်အခဲတွေရှိတာကြောင့် ကြိုးစားပြီးတော့ ကျော်လွှားကြတယ်

အခက်အခဲတွေကို ကျော်လွှားနိုင်တာကြောင့် ဝမ်းသာပီတိဖြစ်ရတယ်

ဝမ်းသားစရာတွေရှိလို့လဲ ဝမ်းနည်းစရာတွေရှိတယ်

ဝမ်းနည်းစရာတွေရှိလို့လဲ ပြုံးပျော်ဖို့ကောင်းသောအချိန်အခါလည်းရှိတယ်

ပျော်ရွှင်နေတဲ့အခါ ရဲရဲဝံ့ဝံ့ ရှေ့ဆက်လျှောက်နိုင်တယ်

ရဲရဲဝံ့ဝံ့ရှေ့သို့ဆက်လျှောက်နေတဲ့အတွက် မနက်ဖြန်ဆိုတဲ့ နေ့သစ်တရက်က ရောက်လာလိမ့်မယ်

မနက်ဖြန်ဆိုတဲ့ နေ့သစ်တရက်ရှိတာကြောင့် ဘဝဆိုတာ အဓိပ္ပာယ်ရှိတယ်

ဘဝဆိုတာရှိတာကြောင့် အားလုံးဟာ အသက်ရှင်နေကြတာပါ

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-