Thursday, April 30, 2015

ရယ်စရာ ပြောတတ်သူတွေဟာ ဖိုမ သဘာဝမှာ ပိုမိုအားကောင်း

No comments :
ရယ်စရာ ဟာသလုပ်တတ်တဲ့ လူတွေမှာ ဖိုမသဘာဝနဲ့ ပတ်သက်လို့ ထူးခြားမှု တစ်ရပ်ရှိနေပါတယ်။ လေ့လာမှု အသစ်တစ်ခုအရ ပျော်ပျော်နေတတ်တဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ရုံမက ယောက်ျားစွမ်းရည်မှာလည်း အားကောင်းကြတယ်လို့ သိရပါတယ်။
ဟာသဥာဏ်ရှိတဲ့ အမျိုးသားတွေ လူမှုရေး ပိုမိုကျွမ်းကျင်မှုနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုပို ရှိတတ်ကြတယ်။ ဟာသဥာဏ်ကောင်းတဲ့ အမျိုးသားတွေနဲ့ ချစ်သူရည်းစားဖြစ်တဲ့ မိန်းကလေးတွေဟာ သူတို့လက်တွဲဖော်တွေရဲ့ ကာကွယ်မှုကို ပိုမိုခံစားကောင်း ခံစားနိုင်ပါတယ်။ ဘာလို့လဲဆိုရင် ရယ်စရာဟာသတွေဟာ  အကြပ်အတည်းအန္တရာယ်ဖြစ်တဲ့ အခြေအနေ နဖူးတွေ့ဒူးတွေ့ဖြစ်တဲ့ အခြေအနေတွေကနေ သင့်ကို ကယ်တင်နိုင်လို့ပါပဲ။
နောက်အရေးကြီးတဲ့ အချက်တစ်ခုက ရယ်ရွှင်စရာဟာသက အသိဥာဏ် ထက်မြက်ခြင်းနဲ့ ဖန်တီးနိုင်မှု စွမ်းရည်ရှိ တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟာသညဏ်ရှိတဲ့ အမျိုးသားတွေဟာ အလုပ်ကောင်းတွေ ရတတ်သလို ဝင်ငွေရှာတဲ့ အချိန်ရောက်လာတဲ့အခါ အားသာချက်အဖြစ် တစ်ပမ်းသာတတ်ကြကြောင်း သိရပါတယ်။
Ref:yourtango

ချစ်သူနှစ်ဦးကိုလမ်းခွဲစေတဲ့ အမှား (၁၀) မျိုး

No comments :
၁။ ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး..
နားလည်မှု မရှိတာက မှားတာပါ ။

၂။ သ၀န်တိုခဲ့တာတွေ မမှားဘူး...
သံသယ တွေ ၀င်ခဲ့တာ မှားတာပါ ။

၃။ ကျီစယ်ခဲ့တာတွေ မမှားဘူး...
ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ ။

၎။ စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး...
ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ ။

၅။ ပိတ်ပင်တားမြစ်တာက မမှားပါဘူး...
ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ ။

၆။ အနေမနီးခြင်းက မမှားပါဘူး...
နွေးထွေးမှု မရှိခြင်းက မှားတာပါ ။

၇။ အရမ်းချစ်ပြခဲ့တာက မမှားပါဘူး...
တယောက်ထဲ အတွေးချော်တာက မှားတာပါ ။

၈။ တစိမ်းတွေ ၀င်စွက်ဖက်တာ မမှားပါဘူး...
တစိမ်းစကားတွေ နားယောင်တာက မှားတာပါ ။

၉။ အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး...
အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ ။

၁၀။ တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး...
ချစ်သူကို အလေးမထားသလိုနေတာက မှားခဲ့တာပါ...။

Credit To >>> Original Writer

ကြို့ထိုးခြင်း - Hiccup

No comments :

ကြို့ထိုးခြင်း

ခန္ဓာကိုယ် ရင်အုပ်ပိုင်းနှင့် ဝမ်းဗိုက်ပိုင်းကို ခြားထားတဲ့ ကန့်လန့်ကာ ကြွက်သားဟာ အကြောင်း အမျိုးမျိုးကြောင့် နှိုးဆွခံရပြီး အလိုအလျောက် ကျုံ့ခြင်း၊ ဆန့်ခြင်း ဖြစ်ပေါ်လာကာ 

ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ယင်းကန့်လန့်ဖြတ် ကြွက်သားခေတ္တ ကျုံ့တဲ့အခါ ရင်အုပ်ပိုင်း၊ ဝမ်းဗိုက်အပေါ်ပိုင်း တစ်ချက်တစ်ချက်တင်း၍ ကြို့ထိုးခြင်းကို အလွန်ခံရခက်စွာ ကြုံရတတ်ပါတယ်။

များသောအားဖြင့် ပါးစပ်ကျယ်ကျယ် ဟပြီးရယ်တဲ့အခါ၊ ကျယ်လောင်စွာ ပြောတဲ့အခါမှာ ပြင်ပက လေများရုတ်တရက် ရှူသွင်းမိခြင်းဖြင့် ကန့်လန့်ဖြတ်ကြွက်သား (DIAPHRAGM) ရုတ်တရက် နှိုးဆွခံရပြီး ကြို့ထိုးတတ်တယ်။ အစားအသောက်များကို လျင်မြန်စွာစားခြင်းနဲ့ အရက်၊ ဘီယာ သောက်ခြင်းများကြောင့်လည်း ဖြစ်တတ်ပါတယ်။

ရောဂါ

ရောဂါကြောင့်လည်း ကာလကြာ ကြို့ထိုးနေတတ်တယ်။ အစာအိမ်တင်းခြင်း၊ ကျယ်ပြန့်ခြင်း၊ လေပွခြင်း၊ အဆုတ်ရောင်ခြင်း၊ ဝမ်းဗိုက်ပိုင်း အမြှေးပါး တစ်ခုလုံးရောင်ခြင်း၊ ကန့်လန့်ကာ ကြွက်သားအောက် ပြည်တည်ခြင်း၊ ကန့်လန့်ကာ ကြွက်သားမှာ အူကျွံနာဖြစ်ခြင်း၊ အသည်းကင်ဆာ၊ အစာအိမ် ကင်ဆာတို့ကြောင့် ကြို့ထိုးခြင်းဖြစ်တယ်။ သားနေရည် အကျိတ်ရောင်ခြင်း၊ နှလုံးမြှေးရောင်ခြင်း၊ နှလုံးကြီးခြင်းနှင့် အခြား အစိတ်အပိုင်းများ ရောင်ခြင်း၊ အရက်၊ ဘီယာအလွန်အကျွံ သောက်ခြင်း၊ ကျောက်ကပ်ရောဂါကြောင့် သွေးထဲနိုက်ထရိုဂျင်နှင့် ပတ်သက်တဲ့ အညစ်အကြေး စုပေးခြင်း၊ ကာလသားရောဂါ (syphilis) ၏ဘေးထွက်ဆိုးကျိုး၊ ဦးနှောက်ထဲ ရေဝင်ခြင်း၊ ဦးနှောက်အတွင်း သွေးခဲခြင်း၊ အသားပို၊ အကျိတ်များ ဖြစ်ပေါ်ခြင်း၊ လေပြွန်ရောဂါ ဖြစ်ခြင်းဖြစ် တို့ကြောင့် ကြို့ထိုးတတ်တယ်။

ပြုစုနည်း

ကြို့ထိုးရင် ရေမသောက်သင့်ပါ။ အစာရေမျိုပြွန်မှ ရေဖြတ်သွားစဉ် အသက်ရှူရခက်ခြင်း၊ လေဝင်လေထွက်ကြောင့် ခေတ္တရပ်တန့်ထားရလို့ ခဏတာ သက်သာစေတယ်။ ကြို့ထိုးစဉ် လေအဆက်မပြတ် ဝင်ထွက်နေလို့ ကန့်လန့်ကာ ကြွက်သားကျုံ့ခြင်း၊ ဆန့်ခြင်းက ထိန်းမရ ဖြစ်စေတယ်။ လေဝင်လေထွက်၊ အစာနှင့် ရေဝင်၊ ရေထွက်ခြားပေးတဲ့ အရိုးနု စသည်တို့ တစ်ပြိုင်နက် အပိတ်အဖွင့် မလုပ်နိုင်ရင် ပွင့်နေတဲ့ လေပြွန်ထဲသို့ ပါးစပ်မှငုံထားသော ရေများရောက်ရှိကာ ချောင်းဆိုးခြင်း ဖြစ်တယ်။ အဆင်မသင့်ပါက အဆုတ်တွင်း ရေ ဝင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာတတ်တယ်။ ပါးစပ်ထဲလေ အဆက်မပြတ်ရှူသွင်း၊ လျှာရှည်ရှည်ထုတ်၍ လက်ချောင်းများဖြင့် အာခေါင်းပိုင်း ဆွပေးခြင်းဖြင့် အန်ချင်လာမယ်၊ အန်ပြီးရင် သက်သာသွားတယ်။ လက်ကိုင်ပဝါဖြင့် နှာခေါင်းပေါက်ပိတ်ပြီး ခေတ္တအသက်ရှူခြင်း ရပ်တန့်ရမယ်။ အချို့ကြို့ထိုးစဉ် အသက်ရှူအောင့်ပြီး ရေသောက် ရင် ပျောက်သွားတယ်။ ကြို့ထိုးစဉ် အသက်ရှူအောင့်တာ လုံးဝမလွယ်ကူတတ်ပါ။

ကုသခြင်း

ရောဂါကြောင့်ဖြစ်လျှင် ရောဂါပျောက်ကင်းအောင် ကုရမယ်။ ရုတ်တရက် အထိတ် တလန့်ဖြစ်စေခြင်းက ကြို့ထိုးခြင်းကို လျော့စေတယ်။ ပြင်ပမှလာသော ရုတ်တရက် ပြင်းထန်တဲ့ နှိုးဆွမှု အသစ်က မူလနှိုးဆွခြင်းမှာ ဖြစ်ပေါ်လာတဲ့ အာရုံကြောလှုပ်ရှားခြင်း ဖြစ်စဉ် ပြတ်တောက်သွားလို့ ကြို့ထိုးခြင်း ရပ်သွားတယ်။ ကြို့ထိုးခြင်းဟာ အန္တရာယ်ပေးနိုင်တဲ့ ရောဂါ မဟုတ်ပေမယ့် တဒင်္ဂအတွင်း အခံရခက်လှသော ဝေဒနာတစ်ရပ် ဖြစ်တယ်။ ကြို့ထိုးခြင်း၏ အခြေခံရောဂါ (အသည်းကျွတ်ဆတ်ခြင်း၊ အသည်းကင်ဆာ) တို့ကလည်း အသက်အန္တရာယ် ရှိစေတာ တွေ့ရတယ်။ အရက်၊ ဘီယာရှောင်သင့်တယ်။

အကြံပြုခြင်း

ကျန်းမာရေး ကောင်းသူအတွက် ကြို့ထိုးခြင်းဟာ ယေဘူယျ ခဏတာသာ ဖြစ်တယ်။ ဖြစ်ခြင်းမြန်သလို ပျောက်ခြင်းလည်းမြန်တယ်။ အများအားဖြင့် ရောဂါမရှိဘဲ ကြို့ထိုးခြင်း ခံစားကြရတယ်။ ကြို့ထိုးနေစဉ် ရေသောက်ပါက ချောင်းဆိုးနိုင်တယ်။ အဆင်မသင့်ရင် အဆုတ်အတွင်း ရေရောက်ရှိပြီး အဆုတ်ရောင်ခြင်း၊ ချောင်းအဆက်မပြတ် ဆိုးခြင်းဖြစ်စေနိုင်ကြောင်း ဖော်ပြအပ်ပါ တယ်။

အချစ်ရေးအတွက် ရင်တွေခုန်ပြီးနောက် ရသောနောင်တ နံပါတ် ၁ ကတော့

No comments :
၀၁. တကယ်ကိုချစ်တယ်ဆိုတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြနိုင်ခဲ့ရင် ကောင်းသား
၀၂. ချစ်တယ်လို့အဖြေမရမှန်းသိလျက်နဲ့ အရဲစွန့်ပြီး ချစ်တဲ့အကြောင်းကို ပြောနိုင်လိုက်ရင်ကောင်းသား
၀၃. သူ့အတွက် ကိုယ်ချင်းစာပြီး တွေးခဲ့၊ ဆက်ဆံခဲ့ရင် ကောင်းသား
၀၄. မာန်တွေ၊မာနတွေကို လျော့ထားနိုင်ခဲ့ရင် ကောင်းသား
၀၅. ရင်ထဲကခံစားချက်တွေကို ရဲရဲတင်းတင်း သူ့ရှေ့မှာ ရင်ဖွင့်နိုင်ခဲ့ရင် ကောင်းသား
ကိုယ့်ရဲ့အတိတ်မှာလည်း ဒီလိုအတွေ့အကြုံလေးတွေရှိကြောင်း ရှိနိုင်ပါလိမ့်မယ်။
ဒါပင်မဲ့လည်း အတိတ်ကအဖြစ်အပျက်ကလေးတွေကို အတိတ်က အောင့်မေ့ဖွယ်၊လွမ်းစရာလေးတွေ အနေနဲ့အမှတ်တရသိမ်းထားလိုက်ကြရအောင်နော်။

အဆက်အသွယ်ပြတ်တောက်လို့ လွမ်းနေသူတိုင်းအတွက် အချက် ( ၁၁ ) ချက်

No comments :
၁ - သံသယစိတ်ကို ဖျောက်လိုက်ပါ
အဆက်အသွယ်ပြတ်တောက်တယ့်အခါ
သံသယစိတ်ဟာ ချစ်သူတိုင်းဖြစ်တတ်တယ့် သဘာဝမို့ ထိန်းဖို့လိုပါတယ်
ဒါဟာ ချစ်သူတွေကြားအန္တရာယ်များလွန်းပါတယ်

*****
၂ - စိုးရိမ်စိတ်ကို မြှင့်လိုက်ပါ
တခုခုကြောင့် သူမဆက်သွယ်တာဖြစ်လိမ့်မယ်လို့တွေးကြည့်ပါ
လက်လှမ်းမှီသလောက်
ကိုယ်က ဆက်သွယ်ဖို့ကြိုးစားကြည့်ပါ

*****
၃ - အလွမ်းဖြေပါ
ချစ်ခဲ့တယ့်အကြောင်းလေးတွေပြန်တွေးပါ
မက်စေ့ဟောင်းလေးတွေ ပြန်ဖတ်ပါ

*****
၎ - စာပို့ပါ
ဖုန်းမက်စေ့
viber မက်စေ့
fb မက်စေ့ အကုန်ဖြစ်ဖြစ် တခုခုဖြစ်ဖြစ်
ကိုယ်သတိရစိတ်ပူနေကြောင်း ရေးပို့ထားပါ

*****
၅ - ချစ်သူကို ယုံပေးပါ
ကိုယ့်အချစ်ကို ယုံစေချင်သလို
သူ့အချစ်ကိုလည်း ယုံကြည်ပေးလိုက်ပါ
ဒါဟာ ချစ်သူတွေကြားအများကြီးအထောက်အကူပြုပါတယ်

*****
၆ - အဆင်သင့်ဖြစ်နေပါစေ
သူဆက်သွယ်လို့ရမယ့် အရာရာတိုင်းကို အဆင်သင့်ဖြစ်အောင်ထားပါ
ဥပမာ - ဖုန်းမအားတာမျိုး မဖြစ်အောင်ထားပါ
အင်တာနက် မကြာခဏ ဖွင့်ကြည့်ပေးတာမျိုးပေါ့

*****
၇ - သူမကြိုက်တာတွေကို မလုပ်ပါနဲ့
အရွဲ့တိုက်ထားတာမျိုး
ဖုန်းမကိုင်တာမျိုးတွေ ရှောင်ပါ

*****
၈ - သူ့ဘက်က ဖြည့်တွေးပေးပါ
သူလည်းဆက်သွယ်ဖို့ ကြိုးစားနေမှာပဲ
မရလွန်းလို့သာ မဆက်သွယ်လာတာဖြစ်နိုင်ကြောင်းတွေးပေးပါ

*****
၉ - သင်္ကေတတခုခုလုပ်ထားပါ
ကဗျာရေးထားတာမျိုး
ပန်းချီဆွဲထားတာမျိုး
ဗလာစာရွက်နဲ့ သူနာမည်လေးတွေချည်းချရေးထားတာမျိုး
နောက်ဆုံး viber မှာ
ကိုယ့်လက်ရေးနဲ့ သူနဲ့ကိုယ့်နာမည်လေးတွေ တူယှဉ်တွဲရေးထားတာမျိုးလေးတွေ အများကြီးလုပ်ပေးပါ

*****
၁၀ - သတိပြုပါ
ချစ်သူတိုင်း အဆက်အသွယ်ပြတ်တောက်ဖူးကြပါတယ်
ထိုအခါ အပြင်းအထန်လွမ်းတတ်ကြပါတယ်
လွမ်းတာကနေ အလွမ်းလွန်တဲ့အခါ
သံသယဘက်ပြောင်းသွားလို့ ချစ်လျက်နဲ့လမ်းခွဲသွားရသူတွေတပုံကြီးပါ
အပြင်းအထန်လွမ်းပြီးလို့ ပြန်ဆုံကြတယ့်အခါဖြစ်စေ
အဆက်အသွယ်ရသည့်အခါ ထိုပိတိဟာ အလှပဆုံးကဗျာတစ်ပုဒ်ထပ်ပိုပါတယ်

*****
၁၁ - အလွမ်းကို အရသာခံပါ
လွမ်းရတာမကောင်းပါဘူး
ဒါပေမယ့် အလွမ်းဆိုတာ မချစ်ပဲလွမ်းလို့မရပါဘူး
တောင်ခြေဟာ ဘယ်လောက်လှတယ်ဆိုတာကို
တောင်ခြေက လူတွေက သတိမထားမိကြပါဘူး
တောင်ပေါ်ကကြည့်မှ တောင်ခြေအလှသိရသလို
ကိုယ်တွေဘယ်လောက်ချစ်ကြတယ်ဆိုတာလည်း
ချစ်နေတုန်းက သတိမပြုမိကြပါဘူး
ဝေးရ လွမ်းရတယ့်အခါကျမှ ဘယ်လောက်ချစ်တယ်ဆိုတာ သိနိုင်တာမျိုးပါ
ဒါကြောင့် ကိုယ်ချင်းမစာတာတော့ မဟုတ်ပါဘူး
အလွမ်းကိုအရသာခံပါ
အလွမ်းဟာ ချစ်ခြင်းရဲ့သစ်သီးတစ်လုံးပါပဲ
ချစ်ကြတယ့်သူတွေအတွက် အရမ်းချိုမြိန်ပါတယ် . . . ။

ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ

No comments :
ချောင်းဆိုးနေသူတွေ အတွက် တကယ်ကို ကောင်းမွန်ပြီး ငွေကြေး အကုန်အကျ သက်သာစေတဲ့ နည်းလမ်းလေး တစ်ခုမို့ မျှဝေပေးလိုက် ရဖြင်းပင် ဖြစ်ပါတယ်။
အသုံးပြုပုံလေးကတော့
နနွင်းမှုန့် အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်မှ စားပေး ခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ် ကြွက်သားတွေကို သန်မှာစေ ပါတယ်။
Ref- healthnew
ကျော်လင်းနိုင် (ရိုးရာလေး)

သင်ကော ဘယ်လို Single လဲ...?

No comments :
1. Broken Single (BS)
အချစ်တတ်ဆုံးနှလုံးသားပိုင်ရှင်တွေပါ။ ကံမကောင်းအကြောင်းမလှခဲ့လို့ အချစ်ဦးနဲ့ကွေကွင်းရပြီး အချစ်ကိုစိတ်နာနေသူတွေပါ။ အလုပ်ထဲမှာပဲ စိတ်ကို နှစ်ထားတတ်ကြတယ်။ လူတွေကို ထပ်မယုံရဲလောက်အောင် နာကျင်ခဲ့ရသူမို့ ထပ်မချစ်ရဲတာကိုက သူ့ကိုအခုအချိန်အထိ Single ဖြစ်နေစေတာပါ။

2. On-the-search Single (OS)
အချစ်စစ်ကို တကယ် ယုံကြည်တဲ့သူတွေပါ။ တစ်ယောက်ပြီးတစ်ယောက် ကွေကွင်းရပေမဲ့ စိတ်မလျော့ပဲ ကိုယ်ရဲ့ဖူးစာဖက်အစစ်ကို ယုံကြည်ရင်း ရှာဖွေနေတာပါ။ အချစ်စစ်ကို မတွေ့မချင်း တစ်ယောက်ပြီးတစ်ယောက် တွဲပြီးရှာသူတွေပါ။ သူတို့အတွက် အခုနေ Single ဆိုပေမဲ့ Relationship ပြန်ဖြစ်ဖို့ လွယ်ကူပါတယ်။

3. Complicated Single (CS)
သွက်သွက်လက်လက်ရှိတယ်။ များသောအားဖြင့် ရုပ်ချောကြတယ်။ Heart-breaker တွေဆိုတာ သူတို့ပေါ့။ ဟိုလူနဲ့လည်း အီစီကလီ ဒီလူနဲ့လည်း အီစီကလီ။ တကယ်တမ်း လူတစ်ယောက်ကို အတည် comitted relationship တစ်ခု တွဲလားဆိုတော့လည်း မတွဲဘူး။ အဲ့လို အတည်တွဲပြန်ရင်လည်း သူ့အတွက်က ရှော့ရှိတာကိုး။ အဲ့တော့ သူလည်း single ပေါ့ဗျာ။

4. Disguised Single (DS)
လျို့ဝှက်ချက်များတဲ့ သူတွေ။ သူတို့ relationship ကို ဘယ်တော့မှ လူသိမခံဘူး။ မမြင်ကွယ်ယာမှာ ရည်းစားကို သက်စေ့တွဲဖြစ်ချင် တွဲဖြစ်မယ်။ သူတို့နဲ့ ရင်းနှီးတဲ့သူအပြင် ပိုမသိနိုင်ဘူး။ လူတွေအမြင်မှာတော့ သူလည်း Single ပေါ့ဗျာ။

5. Single-Since-Birth (SSB)
အရမ်းစဉ်စားတဲ့သူတွေ။ အရမ်းလည်း ချေးများတယ်။ အဲ့ဒီတော့ မွေးကတည်းက တစ်ခါမှ ရီးစားမရှိဖူးဘူး။ များသောအားဖြင့် သူတို့ကိုယ်ကိုယ် လိုအပ်တာထက်ပို တန်ဘိုးထားကြတယ်။ ကျောင်းစာနဲ့ အလုပ်ကလွဲပြီး ဘာမှဦးစားမပေးတဲ့ သူတွေလည်းဖြစ်တတ်ကြတယ်။ သူတို့ကို ချစ်မိတဲ့သူတွေကတော့ ကံဆိုးပြီသာမှတ်ပေရော့။ အခုခေတ်မှာ အသက် ၂၅ ကျော်တဲ့ SSB တွေရှိတော့ရှိတယ် ရှားတယ်။

Credit- Original writer

မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.

No comments :
တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...

Do You Believe in Numerology?

နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..

ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..

ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..

လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.

မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..

ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..

အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..

အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..

မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..

မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို

မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..

ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...

ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..

မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..

ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..

မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!

Do You Believe in Numerology?

နံပါတ်(၂)

မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..

ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..

ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...

မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...

မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..

တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို

ညက်ညောပြေပြစ်တယ်.

မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို

ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..

မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်

(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).

တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...

အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!

တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.

မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...

မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ

မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..

မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..

မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.

မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...

မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..

လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...

မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!

Do You Believe in Numerology?

နံပါတ် (၃)

နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..

တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့်..

ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..

မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..

ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..

မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်..

မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....

အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..

ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း

မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..

မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...

ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..

မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...

မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..

မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..

ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..

မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..

မင်းဟာ နပန်းလုံးနေရတက်တယ်...

မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီးပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်..

သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..

တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ

နဲ့ ပြည့်နေမှာပါ..

မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ

ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!

Do You Believe in Numerology?

နံပါတ် (၄)

မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..

အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး..

အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..

အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ

အဝေးကို ပြေးသွားတက်ကြပါတယ်..

မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿသနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....

အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..

အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..

မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတက်ကြပါတယ်..

အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..

လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..

မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..

မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..

မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..

ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..

အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..

ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..

အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ

ထွန်းပေါက်နိုင်ပါတယ်..

မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..

အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!

Do You Believe in Numerology?

နံပါတ် (၅)

မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..

မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..

ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.

တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..

ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..

မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..

တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..

ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ်တက်သူပါ...

မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့

မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...

မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..

ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...

အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..

မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...

မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!

Do You Believe in Numerology?

နံပါတ် (၆)

အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..

မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..

မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..

မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....

ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..

ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..

မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..

တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..

မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို

နှစ်သက်တဲ့သူတဦးပါ..

အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..

ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..

ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..

အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

Do You Believe in Numerology?

နံပါတ် (၇)

မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..

မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..

ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..

မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..

အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..

မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)

အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..

အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..

နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာအဆင်မပြေကြတာများပါတယ်..

အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..

အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..

ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..

မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ

ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!

Do You Believe in Numerology?

နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..

`

သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..

အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက

မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..

ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.

မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.

ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ

ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..

မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)

မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..

မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)

သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ.. ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..

အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..

မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ.. အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...

မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!

Do You Believe in Numerology?

နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဇာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..

မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..

မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..

သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြသနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.

ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..

စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..

မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..

မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..

ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..

မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..

မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...

မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...

မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..

မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!

မြန်မာ့ရိုးရာဗေဒင်ပညာရပ်

copy from - Min Zaw Swe

သင်မသိသေးသော သိသင့်သောမိန်းမများအကြောင်း

No comments :
အစအနောက်သန် ပျော်ပျော်နေတတ်သောမိန်းမများသည်
ထိလွယ်ရှလွယ် ခံစားလွတ်တတ်ပြီး
ဝမ်းနည်းလွယ်သော မိန်းမများဖြစ်ကြသည်
မငိုတတ်ဘူးထင်သော မိန်းမများသည်
ငိုသော်အခါ အငိုမတိတ်တတ်
အငိုကြာတတ်သည်
မာနကြီးသည်ထင်သောမိန်းမများသည်
တကယ်တမ်းတော့ တကယ်မာနမကြီး
မီးနှင့်ထိသော ဖယောင်းကဲ့သို့
သူတို့ချစ်သောသူနှင့်ဆို အလွယ်တကူပျော်ဆင်းလေ့ရှိသည်
အလွန်တရာ နားလည်ပေးသောမိန်းမရထားသည်ဆိုပါစို့
သင်သတိထားသင့်သည် ။
သူတို့နားမလည်နိုင်တော့သောအချိန်ရောက်လျှင်
ရှင်းပြခွင့်တောင်ရတော့မည်မဟုတ်
ဘယ်လောက်ပဲ ရပ်တည်နိုင်ပြီး သန်မာသောမိန်းမဖြစ်ပါစေ
ချစ်သောသူဆီမှ ပွေ့ဖက်မှု ကြင်နာမှု ဂရုစိုက်မှု
မလိုချင်သော မိန်းမဟူ၍မမြင်မိသေး
သင်မိန်းမတယောက်ကို ချစ်လို့လက်ထပ်ပြီးလျှင်
ဆက်ချစ်နေရုံနဲ့မပြီး ချစ်သူဘဝကလိုလည်း တခါတရံ
ရိုမန်တစ်ဆန်ဖို့လိုပါသေးသည်
ဘယ်လောက်ချမ်းသာအောင်ထားထား ဘယ်လောက်မိသားစုအတွက်
သင်ြ ပည့်စုံအောင်ရှာနေပါစေ..တခါတရံကလေးဆန်သည်ဆိုဆို
မရင့်ကျက်သေးသည်ပြောပြော ချစ်သူဘဝကလို ကြင်နာမှုများသူတို့လိုအပ်ပါသည်
မိန်းမ သည်မိန်းမပင်ဖြစ်သည်
စိတ်ဆိုးသည် စိတ်ကောက်သည်
အသက်ခြောက်ဆယ်အရွယ်ရောက်တောင်
သင်ချော့တာသူတို့လိုချင်ပါသေးသည် ။ ။
so care your girl, care your love
(Ko KgkaLayy)

(၁၁) မျိုးသောမိန်းမများ

No comments :










၁) ညစ်ပတ်သောမိန်းမ

ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများလည် ပေကျံနေတတ်သည်။

(၂) အတင်းပြောသောမိန်းမ

BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြောတတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၃) စကားများသောမိန်းမ

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ်သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာသည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

(၄) ခိုင်းနိုင်းတတ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေတတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်းဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြသည်။ ယောကျာ်းလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်းပင်ဖြစ်သည်။

(၅) အနေအထိုင်မတတ်သောမိန်းမ

အနေအထိုင်မတတ်သော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစားသည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

(၆) သ၀န်တိုလွယ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်းကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

(၇) တုံးအသောမိန်းမ

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်းကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ် သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ်ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေးမျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေးများသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာလာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။

(၈) ငွေသုံးကြမ်းသောမိန်းမ

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီး ဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်းကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ်ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။

(၁၀) ချွဲနွဲ့လွန်သောမိန်းမ

မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင်နှင့်(ခေတ်စ ကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ်သည်) လူကွယ်ရာတွင်မှု ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

(၁၁) ကတော့ စာဖတ်သူကိုယ်တိုင်ဖြည့်တွေးလိုက်ပါ...

Credit : koyewintun

ကောင်မလေးတွေ သူတို.ချစ်သူ ဆီက အလိုချင်ဆုံး Romantic Treatment လေးများ

No comments :
ကိုယ်စိတ်တိုနေတဲ့အချိန် သူ့လက်မောင်းကိုက်ခွင့်ရချင်တာ။
ကိုယ်ပြောချင်ရာပြောတဲ့စကားတွေကို တအင်းအင်းနဲ့ လိုက် နားထောင်တတ်တာ။
ကိုယ်သောက်မဲ့ကော်ဖီကို သူကိုယ်တိုင် ဖျော်/စပ်ပေးတာ။
သူဘယ်ရောက်နေတယ်၊ ဘာတွေလုပ်နေဆိုတာ လှမ်းအသိပေးတတ်တာ။
ကိုယ့်ရဲ့ကြည့်မှန်တချပ်အဖြစ် အမြဲတစေ မျက်နှာသွင်ပြင်ကိုကြည့်ပေးတတ်တာ။
ကိုယ့်လက်တဖက်ကိုဆုပ်ကိုင်ထားရင်း ကိုယ့်ရဲ့ဝေယျာဝစ္စ အ၀၀ အထုပ်အပိုးတွေကို သယ်ဆောင်ပေး တာ။
လမ်းဖြတ်ကူးတဲ့အခါ လူကြီးတယောက်က ကလေးတယောက်ကိုပူပန်ပေးမှုမျိုးနဲ့ ကိုယ့်ပုခုံးလေးကို ဖက်တွယ်ထားတတ်တာ။
ကိုယ့်ရဲ့လိုအပ်ချက်၊ ရှောင်ကြဉ်ရန်အချက်အလက်တွေကို အသေးအမွှားလေးကအစ လိုက်လံတေး မှတ်တတ်ပြီး သတိပေးတတ်တာ။
ကိုယ့်မွေးနေ့၊ ချစ်သူဖြစ်သောနေ့ အမှတ်တရ ရက်စွဲတွေကို သတိပေးစရာမလိုပဲ အလိုအလျောက် အသိအမှတ်ပြုဖို့ မမေ့လျော့တတ်တာ။
သူ့ဖုန်းရဲ့ home screenမှာ ကိုယ့်ပုံလေးတွေတင်ထားတာ။ နောက်ကိုယ်နဲ့ပတ်သက်တဲ့ Ringtone သီးသန့်ထားတာ။
ဆိုက်ရောက်ရာအရပ်တိုင်းမှာ သူ့ဘေးနားမှာနေစေဖို့ နေရာပေးတဲ့အခါ ခုံမှာ ပေရေနေမှုရှိမရှိ စစ်ဆေးပေးတတ်တာ။
ကိုယ့်ရဲ့ကိုယ်ခန္ဓာအချိုးအဆစ်နဲ့ ကိုက်ညီသော ၀တ်စားဆင်ယင်မှုမျိုးကို အကြံပေးတတ်တာ။
ကိုယ်ပျော်ရွှင်ချိန်မှာ ကိုယ့်ထက် နှစ်ဆပျော်လို့၊ ကိုယ်ဝမ်းနည်းကြေကွဲချိန်မှာ မားမားမတ်မတ်ရပ်တည်ရင်း နှစ်သိမ့်အားပေးနိုင်တာ။
မိန်းကလေးတွေဆိုတာ ချစ်စိတ်တခုပူးကပ်ခြင်းခံရတဲ့အခါ သူမတူတဲ့သတ္တိတွေ အလိုလိုပေါက်ဖွားလာ တတ်ကြပေမဲ့ ကိုယ့်ချစ်သူရဲ့ အယုအယအနွံအတာကို ခံယူချင်ကြသော ထိခိုက်လွယ်ပန်းလေးတွေပဲဖြစ် ပါတော့တယ်။ ချစ်သူတိုင်း အပေးအယူမျှသောချစ်ခြင်းများဖြင့် ဘ၀တသက်တာ ပျော်ရွှင်နိုင်ကြပါစေ....။
ရေကြည်သူ

သူနဲ့ကို

No comments :


မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတာ တကယ်ဖြစ်နိုင်

No comments :
မြင်မြင်ခြင်း ချစ်မိသွားတယ်ဆိုတာဟာ ကဗျာဆန်တဲ့ စိတ်ကူးယဉ်ပုံပြင်တွေထဲမှာသာ ရှိတတ်ပါတယ်။ ဒါကို လူတိုင်းက လိုချင်    ကြပေမယ့်လည်း တစ်ကယ်တမ်း လက်တွေ့မှာတော့ ကံကောင်းတဲ့ လူအနည်းငယ်က ခံစား သိရှိနိုင်ပါတယ်။
အများစု ( အမျိုးသမီး ၅၁ ရာခိုင်နှုန်း နဲ့ အမျိုးသား ၄၁ ရာခိုင်နှုန်း ) ဟာ မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို ဖြစ်နိုင်တယ်လို့ မယုံကြပါဘူး။ သူတို့ အတွေးကတော့ လူတစ်ယောက်ဟာ တစ်ယောက်ရဲ့ အကြောင်းကို သေချာမသိသေးပဲ ဘယ်လို ချစ်နိုင်မှာလဲပေါ့။
သိပ္ပံပညာရှင်တွေဟာ အချစ်ရဲ့နောက်ကွယ်က ယုတ္တိဆန်မှုတွေကို အတိအကျ မသိပေမယ့် မြင်မြင်ချင်း ချစ်မိသွားတယ် ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်နိုင်တယ်လို့ သိရှိခဲ့ကြပါတယ်။
အသက် ၂၁ နှစ်ကနေ ၇၀ ကြားရှိတဲ့ အိမ်ထောင်မရှိသူ အယောက် ၅၀၀၀ ကို စစ်တမ်းကောက်ယူ ခဲ့ရာမှာတော့ ၄၁ ရာခိုင်နှုန်းသော အမျိုးသားတွေနဲ့ ၂၉ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ မြင်မြင်ချင်း ချစ်နိုင်ကြတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။
ဇီဝဗေဒဆိုင်ရာ မနုဿဗေဒ ပညာရှင် ဒေါက်တာ Helen Fisher ရဲ့ပြောကြားချက်အရတော့ အမျိုးသားတွေ ဟာ အမျိုးသမီးတွေထက်ပိုပြီး မြင်မြင်ချင်း ချစ်မိခြင်းကို ခံစားနိုင်ကြသလို အမျိုးသမီးတွေထက်ပိုပြီးလည်း ချစ်မိတဲ့ အခါမှာ မြန်ဆန်တတ်ကြပါတယ်။
အချစ်စစ်ကို သိရှိနိုင်ဖို့အတွက် အဆင့် ၃ ဆင့် ဖြတ်သန်းရပါတယ်။ ကဗျာဆန်တဲ့ ချစ်ခြင်း ၊ ချစ်တင်းနှီးနှောရန် ဆုံးဖြတ်ခဲ့ခြင်းနဲ့ နက်နဲတဲ့ တွယ်တာမှုကို ခံစားသိရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ထိုအဆင့် (၃)ဆင့်လုံးကို ဖြတ်သန်းပြီးတဲ့ အခါမှာ လူတွေရဲ့ ဦးနှောက်ကနေ ဒိုပါမင်းလို့ခေါ်တဲ့ ဟော်မုန်း အမြောက်အများကို ထုတ်လုပ်ပေးပါတယ်။ ထို ဟောမုန်းကတော့ လိုချင် တပ်မက်ခြင်း ၊ အာသီသပြင်းပြခြင်း ၊ စွဲလန်းခြင်း ၊ အာရုံစူးစိုက်ခြင်း ၊ ခွန်အား နဲ့ တက်ကြွခြင်းတွေကို ဖြစ်ပေါ် စေနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အချစ်ဟာ ဘိန်းဖြူစွဲနေခြင်း လိုမျိုး တူညီတဲ့ ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချစ်မိသွားခြင်းဟာ အခြားတစ်ယောက် စွဲလန်းမိသွားခြင်းကို ဆိုလိုတဲ့ အတွက် ဖြစ်တယ်လို့ Dr Fisher ကဆိုပါတယ်။

ချစ်သူတွေဆိုတာ

No comments :
ချစ်သူတွေဆိုတာ အမြဲတမ်းအလိုလိုက်အလျှော့ပေ
နေမှ တည်မြဲတာမျိုးမဟုတ်ပဲတစ်ယောက်ကို
တစ်ယောက် နားလည်မှုလေးတွေနဲ့ရပ်တည်နေတတ်
တာမျိုးပါ...

တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့
ပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတတ်တာ
မျိုးပါ...

တစ်ဘဝလုံးအတွက်လို့ပြောပြီး ထာဝရလက်တွဲသွား
နိုင်ဖို့အတွက် ကြိုးစားနေတတ်တာမျိုးပါ...

တစ်ယောက်ရဲ့အတိတ်တွေကိုတစ်ယောက်ကမေ့ပစ်
နိုင်အောင်ကြိုးစားပြီး လက်ရှိပစ္စုပ္ပန်မှာအကောင်းဆုံး
ဖြစ်အောင် ပြင်ဆင်နေတတ်တာမျိုးပါ...

တစ်ယောက်အတွက်တစ်ယောက်က မရှိမဖြစ်အရေးပါ
နေတတ်တာမျိုးပါ...

တစ်ယောက်နဲ့တစ်ယောက်က ဝေးသည်ဖြစ်စေနီးနေ
သည်ဖြစ်စေ ယုံကြည်မှုလေးတွေနဲ့သစ္စာရှိနေတတ်တာ
မျိုးပါ...

လူတစ်ယောက်ကိုနစ်နစ်ကာကာချစ်မိသွားခဲ့ရင်
တစ်စိမ်းတစ်ယောက်ဆိုတာ ရင်ထဲကိုဘယ်လိုမှ
ဝင်မလာနိုင်တော့ပါဘူး...

Phoe Phyu

ဖြစ်ချင်သော ဘဝလေး

No comments :
သူနဲ့မထင်မှတ်တဲ့နေရာမှာ တွေ့ကြပြီး
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့
အပြန်အလှန် ချစ်မိပြီ

ချစ်သူဘဝမှာ
ရင်ခုန်စရာတွေ၊ အမှတ်တရလေးတွေကို စုထားရင်း
လက်ထပ်ခွင့်တောင်းပြီး လက်ထပ်ပြီးတော့
နှစ်ယောက်တည်း တအိမ်ထောင်ကို တည်ထောင်
ချစ်စရာ သားသမီးလေးတွေကို အိမ်ကိုရောက်လာ
သာယာ ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝ

ကိုယ့်မိသားစုအတွက် ကြိုးစားပြီး
အသက်တွေရလာတော့
ကိုယ့်ကလေး၊ မြေးတွေရဲ့ဘဝ အဆင်ပြေစေရန်
ဘုရားမှာဆုတောင်း နိုင်တဲ့ဘဝကို ပိုင်ဆိုင်ရပါလို့၏

ရေရှည်လက်တွဲရန်အတွက် သည်းခံသင့်သော ၈ ချက်

No comments :
၀၁. စိတ်ဆိုးတာထက် ခွင့်လွှတ်တတ်ဖို့လိုပါတယ်

၀၂. မုန်းတာထက် ချစ်တတ်ဖို့လိုပါတယ်

၀၃. မမျှတပါလို့အပြစ်ပြောနေတာထက် ကျေးဇူးတင်တတ်ဖို့လိုပါတယ်

၀၄. အတင်းပြောနေတာထက် ပျော်အောင်နေတတ်ဖို့လိုပါတယ

၀၅. အခြေအနေနဲ့ အချိန်အခါအပေါ်မူတည်ပြီး သူ့ကိုယုံကြည်ဖို့လည်းလိုပါတယ်

၀၆. မာန်မာနတွေထောင်လွှားနေတာထက် သူတပါးအပေါ်လေးစားတတ်ဖို့လိုပါတယ်

၀၇. လိမ်မပြောပဲ ရိုးရိုးသားသား မှန်မှန်ကန်ကန် နေတတ်ဖို့လိုပါတယ်

၀၈. ရန်တွေဖြစ်နေတာထက် အဆင်ပြေအောင်နေတတ်ဖို့လိုပါတယ်


Chelmo Team
Credit. @renai_joju
Credit Photo. tabi-labo

ငါ့ကိုတကယ်ချစ်ရင်

No comments :
ငါ့ကိုတကယ်ချစ်ရင် စိတ်ဆိုးကြတဲ့အခါပြန်လာ
ချော့ပေးပါလား နင်ချော့တာလေးတွေကိုခံချင်လို့ပါ...

ငါ့ကိုတကယ်ချစ်ရင် အချိန်တိုင်းမဟုတ်ရင်တောင်
နင်အားတဲ့ ချိန်တိုင်းငါ့ကိုဂရုစိုက်မှုလေး တွေပေးပါလား...

ငါ့ကိုတကယ်ချစ်ရင် ငါ့ကိုအရမ်းချစ်တဲ့အကြောင်းအမြဲ
ပြောပေးပါလား နင်မပြောဖြစ်တဲ့အချိန်မချစ်တော့ဘူးလို့
ထင်နေမိလို့ပါ...

ငါ့ကိုတကယ်ချစ်ရင် နင့်အပေါ်မှာထားတဲ့ငါ့ရဲ့အချစ်တွေကို
တန်ဖိုးထားပေးပါလား နင်အသိမှတ်ပြုတာလေးကိုငါအရမ်း
မက်မောတတ်လို့ပါ...

ငါ့ကိုတကယ်ချစ်ရင် ငါတို့နှစ်ယောက်ပေါင်းစပ်ထားတဲ့နှလုံးသားလေး
နှစ်ခုမဝေးအောင် အမြဲတန်ဖိုးထားပေးပါလား...
အကွာဝေးဆိုတာတွေကို ငါမကြောက်ပေမဲ့နင်နဲ့ငါပေါင်းစပ်ထားတဲ့
နှစ်လုံးသားလေးနှစ်ခုဝေးမှာ ငါအရမ်းကြောက်တတ်လို့ပါ...

ငါ့တို့နှစ်ယောက်နားလည်မှု လေးတွေနဲ့တစ်ယောက်ကိုတစ်ယာက် သစ္စာရှိသွားကြမယ်နော ချစ်သူ...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

No comments :
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ စကားပြောတဲ့အခါ...
ဝတ္တရားကျေရုံ မပြောဘူး....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ တွေ့ဆုံတဲ့အခါ...
ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင် ပြောတတ်တယ်....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင် ချမ်းတဲ့အခါ...
ချက်ချင်းပဲ အလျင်အမြန် သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်...
သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ....
သင့်ကို မရမက ဖုန်းဆက်ပြီး မေးလေ့ရှိတယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင် နေမကောင်းတဲ့အခါ...
သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ...
သ၀န်တိုပြီး ကလေးတစ်ယောက်လို ဒေါသဖြစ်နေတတ်တယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ စိတ်ဆိုးတဲ့အခါ....
သူ့ဘက်က မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ....
ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့...
သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ကို နေ့တိုင်း သတိရနေတတ်တယ်....
စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သူ ဘာကိစ္စပဲရှိရှိ သင့်ကို အရင်ဆုံးပြောပြတယ်...
ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သံသယ များတတ်တယ်...
ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ....
သင့်ကို အလေးအနက်ထားချစ်တဲ့သူဟာ....
သင့်ကို ဂရုစိုက်ဆုံး သူပါပဲ....
သူက.....
သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်...
သင့်ရဲ့ သောကတွေကို အလေးထားတယ်...
သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်...
သင့်ရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတယ်...
သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်...
သင့်ရဲ့ စကားလုံးတိုင်းကို အလေးအနက်ထားတယ်...
သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်...
ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို သင် မရိပ်မိ စေဖို့ပေါ့....
(ဇေယျာ)
Credit:Original Upload

အပေါင်းအသင်း မိတ်ဆွေကောင်း ဆိုတာ လိုက်ရှာလို့ ရတဲ့ အရာမျိုး မဟုတ်ပါဘူး

No comments :
အပေါင်းအသင်း မိတ်ဆွေ ကောင်းတွေကို ဘယ်လို ရှာဖွေ ကြမလဲ..?

ကျွန်တော်ကတော့ ဒီလိုပဲ မြင်ပါတယ်။ မိဆွေ အပေါင်းအသင်းကောင်း ဆိုတာ လိုက်ရှာလို့ ရတဲ့ အရာမျိုး ဟုတ်မယ်လို့ မထင်ပါဘူး။ မိမိက သူတစ်ပါး အပေါ်ကို ကောင်းမှ သူ့တစ်ပါးက မိမိ အပေါ်ကို ကောင်းပါလိမ့်မယ်။

တစ်ခါတစ်ရံမှာလည်း မိမိကောင်းသော်လည်း မကောင်းတဲ့ သူမျိုးတွေ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်း ဖို့ကတော့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသကို
ရောက်ရောက် သူများအပေါ်ကို ကောင်းလိုက်ပါ။ နောက်ထပ် တစ်ခုကတော့ အပေါင်းအသင်း မိတ်ဆွေကောင်းရပြီ ဆိုတာနဲ့ အလေးထားပါ။

မိတ်တွေ အပေါင်း အသင်းဆိုတာ လူတစ်ဦး တစ်ယောက်အတွက် အလွန်မှ အရေးကြီးပါတယ်။ တစ်ဦးတည်း တစ်ယောက်တည်းနဲ့ အောင်မြင်တဲ့ ဘဝတစ်ခု စိုပြည်သာယာတဲ့ ဘဝတစ်ခုကို ထူထောင်ဖို့ဆိုတာ အလွန်ပင် ခက်ခဲ ပါလိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

ချစ်သူအတွက် သိပ်ချစ်ဖို့ကောင်းသော ယောင်္ကျားလေးတွေရဲ့ အပြုအမူ

No comments :
၀၁. လေးတဲ့ပစ္စည်းတွေကို ကူမပေးခြင်း
၀၂. လမ်းလျှောက်ရင် မိန်းမလေးတွေနဲ့ အတူတူ ဖြေးဖြေးလျှောက်ပေးခြင်း
၀၃. ကားလမ်းဘေးမှာလျှောက်ရင်လည်း ကားလာတဲ့ဘက်မှာ သူကနေပေး  ခြင်း
၀၄. အိမ်အထိလိုက်ပို့ပေးခြင်း
၀၅. မထင်မှတ်ပဲ လက်ဆောင် ပစ္စည်းလေးကို ပေးခြင်း
၀၆. သူစားချင်တဲ့ စားသောက်ဆိုင်ကို လိုက်ထိုင်ပေးခြင်း
၀၇. သူသွားချင်တဲ့ ဆိုင်တွေကို တနေကုန် လိုက်ပေးနိုင်ခြင်း
၀၈. သူပြောတဲ့ဖုန်းတွေကို ဖုန်းခအကုန်ခံပြီး နားထောင်ပေးနိုင်ခြင်း
၀၉. သူ့ရဲ့စိတ်အပြောင်းအလဲကို သည်းခံပြီး အလိုက်သင့်နေနိုင်ခြင်း
၁၀. သူသွားချင်သော ဗေဒင်ဆရာဆီကိုလည်း မလိုက်ချင်လိုက်ချင်နဲ့သွားနိုင်ခြင်း
၁၁. သူချက်ကျွေးတဲ့ဟင်းက သိပ်အဆင်မပြေလဲ စားလို့ကောင်းတယ်လို့ ပြောနိုင်ခြင်း
၁၂. ကလေးဆိုးဆိုးတဲ့အခါ သည်းခံနိုင်ခြင်း
၁၃. သူဝတ်တဲ့အင်္ကျီလေးတွေအားလုံးလှတယ်လို့ ပြောနိုင်ခြင်း
၁၄. သူဆံပင်ညှပ်ပြီးရင် လှသထက်လှ၊ ပိုပြီးချစ်စရာကောင်းတယ်လို

 ပြောနိုင်ခြင်း
၁၅. သူလိုချင်တာဟာကို မရရတဲ့နည်းဖြင့် ဝယ်ပေးနိုင်ခြင်း

ကင်ဆာ ပျောက်စေသော ကြက်ဥပြုပ်

No comments :
လက်တွေ့ သားအိမ်ကင်ဆာဖြင့်ရန်ကုန်ဆေရုံကြီးမှာ စစ်ဆေးပြီးနောက်ကျမှလာသည်ဟုသတ်မှတ်ပြောဆိုခြင်းခံရသူ
အသက်၅၀ကျော် အမျိုးသမီးကြီးတစ်ဦး- လက်တွေ့ပျောက်ကင်းသွားသည်ဆိုသဖြင့် တိုက်ကြီးမြို့အဝင် တာဂွရွာမှသတင်းပျံ့ ပြီးတစ်ဆင့်စကားကြားသိရသဖြင့် ကံတိုက်ဆိုင်သူများပျောက်ကင်းကြစေရန်တင်ပြပါသည်။
( ပေးပို့သူ။ ဆရာကြီးဦးသောင်းဌေး။ တာဂွရွာ အလယ်တန်းကျောင်းအုပ်ဆရာကြီး)
ကင်ဆာဝေဒနာခံစားနေရသူ။ သင်္ဘောသီး။သင်္ဘောရွက်ကိုနေ့စဉ်သုံးစွဲပါ။ဆေးမီးတိုဆိုပြီးအထင်မသေးပါနှင့်။ အစာဟောင်းအိမ် အူမကြီးမှာကင်ဆာအလုံးတွေ့၍ဖြတ်ထုတ်ရမည့်သူစ်ဦး။ငွေကြေးမတတ်နိုင်၍ဆရာကြီးတစ်ဦးနည်းပေးသဖြင့်သင်္ဘောရွက်ပြုတ်အရည်သောက်ခြင်း။ အရွက်နုကိုတို့စရာလုပ်စားခြင်းဖြင့်မခွဲရပဲ၊ ဝမ်းလည်းပြန်သွားနိုင်ကာ
၂နှစ်ကျော်ပြီ။အသက်ရှင်နေပါသည်။
သင်္ဘောသီး ကြက်ဥပြုပ်သည်ရေမထည့်ပါ။ သင်္ဘောသီးထဲမှအငွေ့အာနိသင်ဝင်ပြီးကြက်ဥကျက်သွားခြင်းဖြစ်ပါ
သည်။သင်္ဘောသီးအငွေ့ကြောင့်ကြက်ဥသည်ကင်ဆာပိုးကိုသတ်နိုင်ပါသည်။ ကြက်ဥမှမြွေဆိပ်ဖြေဆေးထုတ်နေသည်ကိုကြားဘူးကြပါလိမ့်မည်။ ကြက်ဥတစ်နေ့တစ်လုံးစားပေးသင့်သည်ဟုယခုအခါကျန်းမာရေးဆရာဝန်ကြီးများကညွှန်ကြား
လျှက်ရှိနေကြသည်။သဘာဝအိမ်ကြက်ဥများကပို၍အာနိသင်ကောင်းပါသည်။အိမ်ကြက်ဥကအလုံးသေးသဖြင့်ဈေးကွက်မဝင်ပါ။
သင်္ဘောသီးအစိမ်း ထိပ်မှဖြတ်ပါ။
အတွင်းမှအစေ့များကိုခြစ်ပါ။ အခေါင်းကျယ်စေဖို့ပါ။ အစေ့များကိုဖယ်မပစ်ပါနှင့်။
အခေါင်းတွင်းသို့ကြက်ဥထည့်ပါ။ အလုံးကြီးလျှင်ကြက်ဥ ၂လုံးအထိဆန့်ပါသည်။
အဖုံးကိုပြန်အုပ်ပြီးအစေးဖြင့်ဖိကပ်ပါ။ မသေချာလျှင်ရွှံ့ဖြင့်ဇော်မံပါ။
မီးဖို။မီးကျီးဖြင့် နာရီဝက်ခန့်ဖုတ်ပါ။
ဖွင့်ကြည့်လျှင်သင်္ဘောသီးအတွင်းမှအခိုးများထွက်လာပါလိမ့်မည်။
အတွင်းမှကြက်ဥကိုအပြင်ထုတ်ပြီးအအေးခံထားပါ။
ကြက်ဥကိုရေမဆေးပါနှင့်။
ကြက်ဥ ၂လုံးကို အခြားအစာနှင့်မရောပဲထမင်းလွတ်စားပါ။
နေ့စဉ် အနည်းဆုံး ၁၄ ရက်စားမှအကျိုးထူးပါမည်။
( ကြောင်းကျိုးတိုက်ဆိုင်သူများ ပျောက်ကင်းကြပါစေ။)
ကြည်လွင်မြင့်(မုဒြာ) ၂၉.၄.၂၀၁၅။
credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-