Wednesday, April 22, 2015

သင့်ချစ်သူ မိန်းကလေးက သင့်အပေါ် အရမ်းသဝန်တိုတတ်တယ်ဆိုတာ

No comments :
သင့်အပေါ် ခဏခဏ စိတ်ဆိုး စိတ်ကောက်နေ
တတ်တယ်ဆိုတာ
သင့်အပေါ် ချုပ်ချယ်မှုလေးတွေနဲ့ တားမြစ်နေ
တတ်တယ်ဆိုတာ

သူ့အပေါ် တစ်ခြားသူတွေထက်ပိုပီး အလေးအနက်
ထားပေးတာကို လိုချင်နေတတ်တယ်ဆိုတာ
သူ့ကို ဘယ်လောက်ချစ်လဲဆိုတဲ့မေးခွန်းတွေ
ခဏ ခဏ မေးနေတတ်တယ် ဆိုတာ

သင့်ကို မယုံကြည်လို့ …သင့်ကို မချစ်လို့
သင့်ကို အနိုင်ယူနေချင်လို့ မဟုတ်ပါဘူး
သင် ဆိုတာ သူ့ဘဝရဲ့ အချိန်တိုင်း
သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှိနေခဲ့လို့ပါ

သင့်ကို အမှန်တကယ်တကယ်မချစ်တဲ့သူက
သူ့ရဲ့ စိတ်ပင်ပန်းမှုတွေနဲ့လဲပီး သင့်အပေါ် ခံစားပေး
နေမှာ မဟုတ်ပါဘူး …သင့်အပြုအမူတွေတိုင်းအပေါ်
လျှစ်လျူရှု့ပစ်လိုက်မှာပါ

အဲ့ဒါကြောင့် သင့်အပေါ် ခဏခဏ စိတ်ဆိုး စိတ်ကောက်
တတ်တဲ့ ချစ်သူမိန်းကလေးကြောင့် စိတ်မညစ်ပါနဲ့
သူ့အပေါ် ဂရုစိုက်မှုလေးတွေနဲ့သာ တန်ဖိုးထားပေး
ပေးလိုက်ပါနော်

Khin Myo Aye
Credit to Poem

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-