Thursday, April 30, 2015

ငါ့ကိုတကယ်ချစ်ရင်

No comments :
ငါ့ကိုတကယ်ချစ်ရင် စိတ်ဆိုးကြတဲ့အခါပြန်လာ
ချော့ပေးပါလား နင်ချော့တာလေးတွေကိုခံချင်လို့ပါ...

ငါ့ကိုတကယ်ချစ်ရင် အချိန်တိုင်းမဟုတ်ရင်တောင်
နင်အားတဲ့ ချိန်တိုင်းငါ့ကိုဂရုစိုက်မှုလေး တွေပေးပါလား...

ငါ့ကိုတကယ်ချစ်ရင် ငါ့ကိုအရမ်းချစ်တဲ့အကြောင်းအမြဲ
ပြောပေးပါလား နင်မပြောဖြစ်တဲ့အချိန်မချစ်တော့ဘူးလို့
ထင်နေမိလို့ပါ...

ငါ့ကိုတကယ်ချစ်ရင် နင့်အပေါ်မှာထားတဲ့ငါ့ရဲ့အချစ်တွေကို
တန်ဖိုးထားပေးပါလား နင်အသိမှတ်ပြုတာလေးကိုငါအရမ်း
မက်မောတတ်လို့ပါ...

ငါ့ကိုတကယ်ချစ်ရင် ငါတို့နှစ်ယောက်ပေါင်းစပ်ထားတဲ့နှလုံးသားလေး
နှစ်ခုမဝေးအောင် အမြဲတန်ဖိုးထားပေးပါလား...
အကွာဝေးဆိုတာတွေကို ငါမကြောက်ပေမဲ့နင်နဲ့ငါပေါင်းစပ်ထားတဲ့
နှစ်လုံးသားလေးနှစ်ခုဝေးမှာ ငါအရမ်းကြောက်တတ်လို့ပါ...

ငါ့တို့နှစ်ယောက်နားလည်မှု လေးတွေနဲ့တစ်ယောက်ကိုတစ်ယာက် သစ္စာရှိသွားကြမယ်နော ချစ်သူ...

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-