Friday, April 24, 2015

သူချစ်တဲ့ သူ့ချစ်သူကောင်မလေးက

No comments :
ကျမလောက် စာမတော်ပါဘူး
ကျမလောက် မထက်မြက်ပါဘူး
ကျမလောက် စတိုင်မကျပါဘူး
ကျမလောက်လည်းမချောပါဘူး(အဲ့ကောင်မလေးနဲ့စာရင်ပေါ့)
အစစအရာရာ ကျမကသူ့ကောင်မလေးထက်သာပါတယ်
ဒါတောင်မှ ကျမကိုထားပြီး အဲ့ကောင်မလေးဆီ သူဘာလို့သွားလဲဆိုတာ ကျမဒီနေ့မှ နားလည်လိုက်ပါတယ်

သူ့ကောင်မလေးက ကျမလိုမျိုးသူနဲ့ယှဉ်ပြိုင်မှုမလုပ်ဘူး
ကျမလိုမျိုး နှလုံးသားအတွက် မာနမပါခဲ့ဘူး
ကျမလိုမျိုး အနာဂတ်ကိုလည်း အတ္တတွေနဲ့ မချုပ်နှောင်ခဲ့ဘူး

ကျမက စကားတွေကိုအမြဲ ဒဲ့ဘဲပြောခဲ့တယ်(ဖြစ်ချင်ရင် ဖြစ်ချင်တယ်။ မကြိုက်ရင် မကြိုက်ဘူး စသည်ဖြင့်ပေါ့)
သူ့ကောင်မလေးက ချွဲ့နွဲ့ပြီးပြောတတ်တယ်။ (ကိုကိုရေ... ချစ်လေးဒီနေ့ဘာဖြစ်လို့ပါ ဆိုတာမျိုးပေါ့)

ကျမက ကျမမာနအတွက် သူ့ရဲ့ Status အောက်မှာ Comment လေးတစ်ခုရေးဖို့ တွန့်တိုနေချိန်မှာ သူ့ကောင်မလေးက သူနဲ့ပတ်သက်ပြီး ခံစားချက်တစ်ခုကို Wall Post ရေးပြီးသွားပြီ။

ခဏခဏ သတိရတာ၊ တိုက်ဆိုင်မှုရှိတိုင်း လွမ်းတာကို အချစ်လို့ခေါ်မယ်ဆိုရင် ကျမသူ့ကို တစ်ချိန်က မာနတွေ အတ္တတွေရဲ့ နောက်ကွယ်ကနေ ချစ်ခဲ့ကောင်း ချစ်ခဲ့ပါလိမ့်မယ်။ (သူလည်း ကျမလိုဘဲထင်ပါတယ်) ဒါပေမဲ့ ဘာလို့ ချစ်ခဲ့ရဲ့သားနဲ့ဝေးရတာလဲဆိုတဲ့အကြောင်းကို စဉ်းစားတိုင်း အဖြေမထွက်ခဲ့ပါဘူး။

ယောက်ျားလေးတွေက သူတို့အခြေအနေ အဆင့်အတန်း ဘယ်လိုအနေအထားဘဲရှိပါစေ သူတို့ချစ်တဲ့သူတွေက စိန်ခေါ်တာကို မကြိုက်မှန်း ကျမမသိခဲ့ဘူး။
သူတို့ပေးတဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်မပေးနိုင်ခဲ့ရင်တောင် ရှုံ့ချတာမျိုးမကြိုက်မှန်း ကျမမသိခဲ့ဘူး။
သူတို့က သူတို့ရဲ့အနာဂတ်အစီအစဉ်တွေအကြောင်း ပြောပြတဲ့အခါ တအင်းအင်းဖြေပြီး ခေါင်းညိတ်နေတာထက် ကောင်းတာပေါ့ ဆိုတဲ့အဖြေမျိုးကို အနည်းဆုံးတော့ ပိုကြားချင်ကြမှန်း ကျမမသိခဲ့ဘူး။
သူတို့ဘက်က ဘာအကြောင်းကြောင့်ဘဲ ဖုန်းဆက်ပါစေ ဒီဘက်က ချိုသာတဲ့အသံလေးနဲ့ 'ဟဲလို' ဆိုတာကိုဘဲ အမြဲကြားချင်ကြမှန်း ကျမမသိခဲ့ဘူး။(ဒီဘက်ကအားအား မအားအားပေါ့)

ကျမကအဲတာတွေ တစ်ခုမှမလုပ်ပေးနိုင်ခဲ့ဘူးလေ။ သူမကြိုက်တဲ့ စိန်ခေါ်ယှဉ်ပြိုင်မှုတွေကိုဘဲ အမြဲပြောနေခဲ့တာ။ တီတီတာတာစကားတွေပြောရင် ကလေးကလားဆန်တယ်လို့ဘဲ အမြဲတွေးနေခဲ့တာ။ အချစ်ကို အမြဲဦးဏှောက်နဲ့ဘဲတွေးခဲ့တယ်။ အနာဂတ်အကြောင်းပြောပြရင် အမြဲတမ်း ဝေဖန်မှုတွေလုပ်ခဲ့တယ်။ ဒီလိုနဲ့ သူကျမကိုထားသွားပြီး ကောင်မလေးအသစ်ရသွားတော့ ကျမသူ့ကိုနာကျည်းမုန်းတီးခဲ့တယ်။

ဘာလို့ဒီလိုတွေဖြစ်ခဲ့ရတယ်ဆိုတာ နားလည်သွားပါပြီ။
ကျမက မိန်းကလေးဖြစ်တဲ့အတွက် ကိုယ်ချစ်တဲ့သူကို စိန်မခေါ်သင့်ပါဘူး။
သူ့ရဲ့ အချစ်ကိုရိုးရှင်းစွာလက်ခံပြီး ဖြူဖြူစင်စင်ပြန်ပေးသင့်ပါတယ်(ကိုယ်လည်းချစ်တယ်ဆိုရင်ပေါ့)။
သူ့ရဲ့ Future Plan မှာ ကိုယ့်အကြောင်းတွေထည့်ပြောတဲ့အခါ ပျော်နေတဲ့ပုံလေးနဲ့ တုံ့ပြန်သင့်ပါတယ်။
သူ့နဲ့စကားပြောတဲ့အခါ ဘာကြောင့်ဘဲဖြစ်ဖြစ် ချိုချိုသာသာလေးနဲ့ ပြောသင့်ပါတယ်။
အချစ်ဆိုတာ နှလုံးသားနဲ့ဘဲဆိုင်တာမို့လို့ နှလုံးသားနဲ့ဘဲတွေးရမှာပါ။ ဒီနေ့ ကျမသူ့ကို မမုန်းတော့ပါဘူး။

*Thank u,Ko TTP. Now I know how to keep my love.

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-