Thursday, April 30, 2015

သင်မသိသေးသော သိသင့်သောမိန်းမများအကြောင်း

No comments :
အစအနောက်သန် ပျော်ပျော်နေတတ်သောမိန်းမများသည်
ထိလွယ်ရှလွယ် ခံစားလွတ်တတ်ပြီး
ဝမ်းနည်းလွယ်သော မိန်းမများဖြစ်ကြသည်
မငိုတတ်ဘူးထင်သော မိန်းမများသည်
ငိုသော်အခါ အငိုမတိတ်တတ်
အငိုကြာတတ်သည်
မာနကြီးသည်ထင်သောမိန်းမများသည်
တကယ်တမ်းတော့ တကယ်မာနမကြီး
မီးနှင့်ထိသော ဖယောင်းကဲ့သို့
သူတို့ချစ်သောသူနှင့်ဆို အလွယ်တကူပျော်ဆင်းလေ့ရှိသည်
အလွန်တရာ နားလည်ပေးသောမိန်းမရထားသည်ဆိုပါစို့
သင်သတိထားသင့်သည် ။
သူတို့နားမလည်နိုင်တော့သောအချိန်ရောက်လျှင်
ရှင်းပြခွင့်တောင်ရတော့မည်မဟုတ်
ဘယ်လောက်ပဲ ရပ်တည်နိုင်ပြီး သန်မာသောမိန်းမဖြစ်ပါစေ
ချစ်သောသူဆီမှ ပွေ့ဖက်မှု ကြင်နာမှု ဂရုစိုက်မှု
မလိုချင်သော မိန်းမဟူ၍မမြင်မိသေး
သင်မိန်းမတယောက်ကို ချစ်လို့လက်ထပ်ပြီးလျှင်
ဆက်ချစ်နေရုံနဲ့မပြီး ချစ်သူဘဝကလိုလည်း တခါတရံ
ရိုမန်တစ်ဆန်ဖို့လိုပါသေးသည်
ဘယ်လောက်ချမ်းသာအောင်ထားထား ဘယ်လောက်မိသားစုအတွက်
သင်ြ ပည့်စုံအောင်ရှာနေပါစေ..တခါတရံကလေးဆန်သည်ဆိုဆို
မရင့်ကျက်သေးသည်ပြောပြော ချစ်သူဘဝကလို ကြင်နာမှုများသူတို့လိုအပ်ပါသည်
မိန်းမ သည်မိန်းမပင်ဖြစ်သည်
စိတ်ဆိုးသည် စိတ်ကောက်သည်
အသက်ခြောက်ဆယ်အရွယ်ရောက်တောင်
သင်ချော့တာသူတို့လိုချင်ပါသေးသည် ။ ။
so care your girl, care your love
(Ko KgkaLayy)

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-