Thursday, April 30, 2015

အဆက်အသွယ်ပြတ်တောက်လို့ လွမ်းနေသူတိုင်းအတွက် အချက် ( ၁၁ ) ချက်

No comments :
၁ - သံသယစိတ်ကို ဖျောက်လိုက်ပါ
အဆက်အသွယ်ပြတ်တောက်တယ့်အခါ
သံသယစိတ်ဟာ ချစ်သူတိုင်းဖြစ်တတ်တယ့် သဘာဝမို့ ထိန်းဖို့လိုပါတယ်
ဒါဟာ ချစ်သူတွေကြားအန္တရာယ်များလွန်းပါတယ်

*****
၂ - စိုးရိမ်စိတ်ကို မြှင့်လိုက်ပါ
တခုခုကြောင့် သူမဆက်သွယ်တာဖြစ်လိမ့်မယ်လို့တွေးကြည့်ပါ
လက်လှမ်းမှီသလောက်
ကိုယ်က ဆက်သွယ်ဖို့ကြိုးစားကြည့်ပါ

*****
၃ - အလွမ်းဖြေပါ
ချစ်ခဲ့တယ့်အကြောင်းလေးတွေပြန်တွေးပါ
မက်စေ့ဟောင်းလေးတွေ ပြန်ဖတ်ပါ

*****
၎ - စာပို့ပါ
ဖုန်းမက်စေ့
viber မက်စေ့
fb မက်စေ့ အကုန်ဖြစ်ဖြစ် တခုခုဖြစ်ဖြစ်
ကိုယ်သတိရစိတ်ပူနေကြောင်း ရေးပို့ထားပါ

*****
၅ - ချစ်သူကို ယုံပေးပါ
ကိုယ့်အချစ်ကို ယုံစေချင်သလို
သူ့အချစ်ကိုလည်း ယုံကြည်ပေးလိုက်ပါ
ဒါဟာ ချစ်သူတွေကြားအများကြီးအထောက်အကူပြုပါတယ်

*****
၆ - အဆင်သင့်ဖြစ်နေပါစေ
သူဆက်သွယ်လို့ရမယ့် အရာရာတိုင်းကို အဆင်သင့်ဖြစ်အောင်ထားပါ
ဥပမာ - ဖုန်းမအားတာမျိုး မဖြစ်အောင်ထားပါ
အင်တာနက် မကြာခဏ ဖွင့်ကြည့်ပေးတာမျိုးပေါ့

*****
၇ - သူမကြိုက်တာတွေကို မလုပ်ပါနဲ့
အရွဲ့တိုက်ထားတာမျိုး
ဖုန်းမကိုင်တာမျိုးတွေ ရှောင်ပါ

*****
၈ - သူ့ဘက်က ဖြည့်တွေးပေးပါ
သူလည်းဆက်သွယ်ဖို့ ကြိုးစားနေမှာပဲ
မရလွန်းလို့သာ မဆက်သွယ်လာတာဖြစ်နိုင်ကြောင်းတွေးပေးပါ

*****
၉ - သင်္ကေတတခုခုလုပ်ထားပါ
ကဗျာရေးထားတာမျိုး
ပန်းချီဆွဲထားတာမျိုး
ဗလာစာရွက်နဲ့ သူနာမည်လေးတွေချည်းချရေးထားတာမျိုး
နောက်ဆုံး viber မှာ
ကိုယ့်လက်ရေးနဲ့ သူနဲ့ကိုယ့်နာမည်လေးတွေ တူယှဉ်တွဲရေးထားတာမျိုးလေးတွေ အများကြီးလုပ်ပေးပါ

*****
၁၀ - သတိပြုပါ
ချစ်သူတိုင်း အဆက်အသွယ်ပြတ်တောက်ဖူးကြပါတယ်
ထိုအခါ အပြင်းအထန်လွမ်းတတ်ကြပါတယ်
လွမ်းတာကနေ အလွမ်းလွန်တဲ့အခါ
သံသယဘက်ပြောင်းသွားလို့ ချစ်လျက်နဲ့လမ်းခွဲသွားရသူတွေတပုံကြီးပါ
အပြင်းအထန်လွမ်းပြီးလို့ ပြန်ဆုံကြတယ့်အခါဖြစ်စေ
အဆက်အသွယ်ရသည့်အခါ ထိုပိတိဟာ အလှပဆုံးကဗျာတစ်ပုဒ်ထပ်ပိုပါတယ်

*****
၁၁ - အလွမ်းကို အရသာခံပါ
လွမ်းရတာမကောင်းပါဘူး
ဒါပေမယ့် အလွမ်းဆိုတာ မချစ်ပဲလွမ်းလို့မရပါဘူး
တောင်ခြေဟာ ဘယ်လောက်လှတယ်ဆိုတာကို
တောင်ခြေက လူတွေက သတိမထားမိကြပါဘူး
တောင်ပေါ်ကကြည့်မှ တောင်ခြေအလှသိရသလို
ကိုယ်တွေဘယ်လောက်ချစ်ကြတယ်ဆိုတာလည်း
ချစ်နေတုန်းက သတိမပြုမိကြပါဘူး
ဝေးရ လွမ်းရတယ့်အခါကျမှ ဘယ်လောက်ချစ်တယ်ဆိုတာ သိနိုင်တာမျိုးပါ
ဒါကြောင့် ကိုယ်ချင်းမစာတာတော့ မဟုတ်ပါဘူး
အလွမ်းကိုအရသာခံပါ
အလွမ်းဟာ ချစ်ခြင်းရဲ့သစ်သီးတစ်လုံးပါပဲ
ချစ်ကြတယ့်သူတွေအတွက် အရမ်းချိုမြိန်ပါတယ် . . . ။

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-