Thursday, April 23, 2015

တစ်ခါက ချစ်သူစုံတွဲတစ်တွဲရှိတယ် ကောင်မလေးက ကောင်လေးကိုအမြဲအနိုင်ယူတတ်တယ်

No comments :
ကောင်လေးပြောစကားတွေကိုလည်းသိပ်နားထောင်လေ့
မရှိဘူးတဲ့ ပြောရမယ်ဆိုရင်ကောင်မလေးက
ကောင်လေးကို သိပ်ပြီးမလေးမထားတာပေါ့ 
ကောင်လေးကတော့ ကောင်မလေးဆိုးသမျှကို
ိုသည်းခံတယ် သူ့ကိုအလေးမထားဘူးဆိုတာကို
သိနေတာတောင်မှကောင်မလေးလိုအပ်တာတွေကို
ိုဖြည့်ဆည်းပေးခဲ့တယ်
တစ်နေ့

ကောင်မလေး- နင်နဲ့ငါလမ်းခွဲရအောင်

ကောင်လေး- ဘာကြောင့်မို့ နင်ဒီလိုပြောထွက်တာလဲ နင်ငါ့ကိုမချစ်တော့လို့လား

ကောင်မလေး- imm ငါနင်နဲ့တွဲနေရတာ ငြီးငွေ့လာပြီ နင်ငါ့အပေါ်အနွံတာခံတယ်ဆိုတာလည်း ငါသိတယ် ဒါပေမဲ့ ငါနင့်ကိုမချစ်တော့ဘူးလို့ငါ့ကိုယ်ငါထင်တယ်
ဒါကြောင့်မို့ ငါတို့လမ်းခွဲရအောင်

ကောင်လေးဆီကအတော်ကြာတဲ့အထိစကားသံထွက်မလာခဲ့ဘူး ဒါပေမဲ့

ကောင်လေး- နင့်သဘောပါဟာ
နင်မှငါ့ဆီမှာမပျော်တော့တာ နင်စိတ်ထိခိုက်အောင်ငါမလုပ်ချင်ပါဘူး နင်ပျော်မယ်ဆိုရင်ထားသွားလိုက်ပါ

ဒီလိုနဲ့ကောင်လေးနဲ့ကောင်မလေးဟာ
လမ်းခွဲလိုက်ကြတယ်
လအနည်းငယ်ကြာတဲ့အခါမှာ ကောင်မလေးဟာ ဘယ်အရာကိုစိတ်တိုင်းမကျဘူးဖြစ်လာတယ်
ဘာကိုပဲလုပ်လုပ်အလွဲလွဲအချော်ချော်ချည်းပဲတဲ့
လူတိုင်းကိုလည်းအကောင်းမမြင်ဘူးဖြစ်လာတယ် အဲ့ဒီတော့သူ့ကိုယ်သူပြန်သုံးသပ်ကြည့်တာပေါ့
အဲ့ဒီအခါမှာ သူ့ဘဝထဲမှာ ကောင်လေးမရှိလို့ သူ့လိုအင်ဆန္ဒတွေကို အလိုက်တသိလုပ်ပေးနေတတ်တဲ့ကောင်လေးကအနားမှာမရှိလို့သာသူဟာရာရာကိုအကောင်းမမြင်ဖြစ်နေတယ်
ဆိုတာသိလိုက်ရတယ် အဲ့ဒီအခါကျမှပဲ သူဟာ ကောင်လေးကို တကယ်ချစ်မိနေတာပါလားဆိုတာ
သူ့ကိုယ်သူသိသွားတယ်လေ
ဒီလိုနဲ့ ကောင်မလေးက ကောင်လေးကိုသွားတွေ့တယ်

ကောင်မလေး- ငါ့ကိုခွင့်လွှတ်ပေးနိုင်မလာ

ကောင်လေး- ဘာကိုခွင့်လွှတ်ပေးရမှာလဲ

ကောင်မလေး- နင်နဲ့လမ်းခွဲဖို့ပြောခဲ့တာကိုပေါ့ ငါ့ကို ခွင့်လွှတ်ပေးပြီး အခွင့်အရေးတစ်ခါလောက်ပေးပါဟာ ငါနင့်ကိုတကယ်ချစ်နေမိတယ်ဆိုတာ အခုမှငါသိလိုက်တာပါ ပြီးတော့ ငါနင့်ကိုလိုအပ်တယ် နင်မရှိရင်ငါမနေတတ်ဘူးဟာ နောက်ပြီး ငါနင့်ကိုဘယ်တော့မှ နာကျင်အောင်ထပ်မလုပ်တော့ဘူးလို့လဲကတိပေးပါတယ်

ကောင်လေး- ငါကဘာကြောင့်မို့ခွင့်လွှတ်ပေးရမှာလဲ နင်လမ်းခွဲဖို့ပြောခဲ့တုန်းကငါ့နေရာကနေပြီးတော့
တွေးကြည့်ပေးခဲ့လို့လား နင်ကြိုက်တဲ့လမ်းကိုနင်ရွေးချယ်ခဲ့တာပဲ
နောက်ပြီး ဘယ်ကောင်လေးကမှ သူတို့ကိုနာကျင်အောင်လုပ်တဲ့သူ
အလေးမထားပဲ ထားခဲ့တဲ့သူကို ခွင့်လွှတ်ပေးခဲ့တယ်ဆိုတာ နင်တွေ့ဖူးလို့လား တကယ်လို့ခွင့်လွှတ်ပေးတယ်ဆိုရင်တော့ သူဟာ ရူးနေတဲ့သူပဲဖြစ်ရမယ်

ကောင်မလေးဟာ အရမ်းဝမ်းနည်းသွားပြီး ကောင်လေးရှေ့မှာပဲငိုနေမိတယ
ဒါပေမဲ့ ကောင်လေးကကောင်မလေးကို ဖက်လိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်တယ်

ကောင်လေး- နင်မတွေ့ဘူးသေးရင် နင်အခုတွေ့ရလိမ့်မယ်
ငါက အဲ့ဒီရူးနေတဲ့တစ်ယောက်ပဲ ငါလည်းနင့်ကိုအရမ်းချစ်ပါတယ် မစွန့်လွှတ်နိုင်ပေမဲ့ မတားရက်ခဲ့လို့ပါ
နင့်ကိုငိုအောင်လုပ်မိတာတောင်းပန်ပါတယ်
ငါတို့ဘယ်တော့မှမခွဲဘူးလို့ ငါကတိပေးပါတယ်

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-