Sunday, September 20, 2015

ချစ်သူခြင်း စိတ်ကောက်ကြပြီဆိုရင် . . .

No comments :


( ၁ ) အရွဲ့မတိုက်ပါနဲ့ 

ဒါဟာ ပြဿနာဖြေရှင်းဖို့
အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး

မီးလောင်ရာ ဓာတ်ဆ်ီနဲ့ ရေ မှားလောင်းမိသလိုပဲ



( ၂ ) ပြဿနာအစကို ပြန်စဉ်းစားပါ

ဘယ်သူ့ကြောင့် ဘာကြောင့်လဲ သေချာပြန်တွေးပါ
လူအမှားကိုဖျောက်ပြီး ဘယ်စကားက မှားသွားခဲ့သလဲတွေးပါ

အကောင်းဆုံး နည်းလမ်းကိုသေချာစဉ်စားပါ



( ၃ ) ကိုယ်က သူ့ကိုဘယ်လောက်ချစ်သလဲပြန်တွေးပါ

ကိုယ်မြတ်နိုးလို့ ရွေးချယ်ထားရတဲ့ချစ်သူပါ
ဘာမှဟုတ်တဲ့ ကိစ္စနဲ့ စွန့်လွှတ်ဖို့မ တွေးပါနဲ့

သူဘာဖြစ်ဖြစ်ချစ်နေမှ အချစ်ပါ .



( ၄ ) သူချစ်ခဲ့တာတွေ ပြန်တွေးပါ

အပြစ်တွေကို အချစ်တွေနဲ့ဖြေရတယ်တဲ့
ချစ်လွန်းလို့ ပြဿနာဖြစ်တာပါ !

စိတ်ဆိုးစိတ်ကောက် ရစ်တာ အပြစ်မဟုတ်ပါဘူး



( ၅ ) မာနကို စွန့်ပါ

ကိုယ့်ပုံစံခွက်ထဲနေရမယ်ဆိုတဲ့ မာနကိုစွန့်ပါ

ချစ်သူဆိုတာ ဖယောင်းတုံးမှမဟုတ်တာ
လိုသလို ပုံသွင်းဖို့ မဖြစ်နိုင်ပါဘူး



( ၆ ) ဟာမိုနီ ကျအောင်နေပါ

ချစ်သူက စကက်ဝတ်မယ်ဆို
ကိုယ်က ဘောင်းဘီဝတ်တာပေါ့
ချစ်သူက ထဘီဝတ်မယ်ဆို
ကိုယ်က ပုဆိုးလေးဝတ်မှာပေါ့
ဒါက အဆင်ပြေဆုံးနည်းလမ်းပါပဲ

Lဆိုင်းဇီကို ထူးအိမ်သင် ကီးနဲ့ ဆိုခိုင်းလို့တော့
သီချင်းကောင်းတစ်ပုဒ် ဖြစ်လာမှာမဟုတ်ပါဘူး . . .



( ၇ ) မစမ်းသပ်ပါနဲ့

ချစ်လွန်းခဲ့ရင် ကိုယ့်ကို သူဘယ်လောက်ချစ်သလဲသိချင်လာတာ
ချစ်သူတိုင်းရဲ့ ဖြစ်တက်တဲ့ သဘာဝပါပဲ
ဒီတော့ အချစ်စမ်းကြပါတယ်
ဒါဟာ မကြာခဏလုပ်သင့်တဲ့ ကိစ္စတော့မဟုတ်ပါဘူး

အချစ်ဟာ သစ်ပင်လေးတစ်ပင် ဆိုပါစို့
သူဘယ်လောက်ချစ်သလဲ သိချင်ရင်
သူ့ထံကအချစ် အဖူးအပွင့်ကိုကြည့်ပါ
အမြစ်ကို တူးကြည့်ပြီးမှ ယုံမယ်ဆိုရင်တော့
သစ်ပင်လေးပါ သေသွားနိုင်ပါတယ် . . .



စိတ်ဆိုး စိတ်ကောက်တယ်ဆိုတာ
ချစ်သူတိုင်းရဲ့ ဥာဏ်စမ်းပုစ္ဆာတွေပါပဲ . . . heart emoticon kiss emoticon



Ulay Kyi ( ကိုလင်း )

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-