Friday, April 24, 2015

လူတစ်ယောက်ကို သင်ချစ်မိပြီဆိုရင်

No comments :
၁ - အမြဲသတိရနေပါလိမ့်မယ် 

တခုခုတိုက်ဆိုင်သည်ဖြစ်စေ
မတိုက်သည်ဖြစ်စေ အမြဲသတိရနေတတ်ပါတယ်

*****

၂ - အလိုလိုအားငယ်တတ်လာပါလိမ့်မယ်

သူက ပညာပိုတတ်လို့
သူက ပိုချမ်းသာလို့
သူက ရုပ်ပိုချောလို့
သူက အတွေးအခေါ်ပိုမြင့်လို့
ရှာကြံတွေးပြီး အားငယ်တတ်လာတာမျိုးပါ

*****

၃ - စိုးရိမ်တတ်လာပါတယ်

ကိုယ့်ဆီမှာ မိုးရွာသည်ဖြစ်စေ/နေပူသည် ဖြစ်စေ
သူအပြင်ထွက်ရင် ထီးမှ ပါပါ့မလားလို့ တွေးပူနေတတ်တာမျိုးပါ

*****

၎ - အူတိုတတ်လာပါတယ်

သူ့ငယ်သူငယ်ချင်းဖြစ်ဖြစ်
ဘယ်လောက်ရိုးသားတဲ့သူဖြစ်ဖြစ် သူ့ဘေးနားရှိနေရင် မကြိုက်တတ်ပါဘူး

*****

၅ - အလိုလိုပြုံးနေမိတတ်ပါတယ်

တစ်ယောက်တည်းအတွေးကမ္ဘာထဲလွှင့်နေပြီး
အပြင်လောကကြီးကို မေ့လျော့သွားပါတယ်
သူ့စကားလေးတွေ
သူ့အပြုအမူလေးတွေ
သူ့အသံလေး အမျိုးမျိုးကို အလိုလိုတွေးမိနေတာမျိုးပါ

*****

၆ - စိတ်ညစ်ရပါလိမ့်မယ်

ဦးနှောက်ကမချစ်သင့်ဘူး
နှလုံးသားက ချစ်သင့်တယ်နဲ့ လွန်ဆွဲခံရပြီး
အိပ်ရေးပျက်တဲ့ထိ တွေးနေမိတတ်ပါတယ်

*****

၇ - မျှော်နေမိတတ်ပါတယ်

သူဆက်မယ့် ဖုန်းကိုစောင့်နေတာမျိုး
သူလာမယ့်လမ်းလေးကို ကြည့်နေတာမျိုးပေါ့

*****

၈ - ကလေးဆန်လာပါတယ်

သူဆုံးမတာလေး ခံချင်ပါတယ်
ချွဲချင်ပါတယ်
ကောက်ချင်ပါတယ်
သူပေးမယ့်ကတိတွေလိုချင်ပါတယ်
ငယ်ငယ်ကကလေးတစ်ယောက် မိဘရင်ကိုချွဲသလိုမျိုး

*****

၉ - သူ့မကောင်းကြောင်းပြောရင် မကြိုက်ပါဘူး

ဘယ်သူကပြောပြောမကြိုက်တာပါ
နောက်ဆုံး အရင်းနီးဆုးသူငယ်ချင်း ( သို့မဟုတ် )
မိသားစုကပြောရင်တောင် မကြိုက်ပါဘူး

*****

၁၀ - သူနဲ့ဆုံချိန်တိုင်း ပျော်နေမိပါလိမ့်မယ်

ဖုန်းနဲ့ဖြစ်စေ
အပြင်မှာဖြစ်စေ
သူနဲ့နီးကပ်နေသလို ခံစားမိပြီးအလိုလိုပျော်နေမိတာမျိုးပါ

*****

၁၁ - ရှောင်လာပါတယ်

သူသဘောမကျ တဲ့သူ ဖြစ်စေ
သူအထင်လွဲစေမယ့်သူ ဖြစ်စေ
ကိုယ်က သိသိသာသာရှောင်နေတတ်ပါတယ်
သူတမျိုးမထင်အောင်ပါ

*****

၁၂ - သူချစ်တယ်ပြောတာကို အမြဲနားထောင်နေချင်မိပါတယ

ချစ်သူမဖြစ်သေးတဲ့ အချိန်လေးတွေမှာ
သူက ခဏခဏ ချစ်တယ် အများကြီးဘာညာ
ဖွဲ့နွဲ့ပြောတာကို သာယာနေမိတတ်ပါတယ်
ချစ်သူတွေဖြစ်သွားပြီဆိုရင်တော့
ချစ်တယ်အပြင် လွမ်းတယ်ပါ ကြားချင်သလို
ပြောလည်းပြောပြချင်လာပါတယ်
အဲလို ပြောလိုက် ကြားလိုက်ရတာ
ကြီးမားတဲ့ခွန်အား ပျော်ရွှင်မှုမျိုးရလိုက်သလိုခံစားရလို့ပါ

*****

၁၃ - သူ့စကားလေးတွေ နားထောင်နေမိတတ်ပါတယ်

ညည့်နက်အပြင်မထွက်နဲ့
ဟိုဟိုဒီဒီလျှောက်မသွားနဲ
စောစောအိပ် အစရှိတာလေးတွေအများကြီးပါ
ကိုယ့်က သူ့အမိန့်တိုင်းကို
နူးညံ့တဲ့အမိန့်တော်အဖြစ် အကုန်လိုက်နာချင်မိနေတာပါ


*****

နိဂုံး
====
လူတစ်ယောက်ကို ချစ်ရတာ ပင်ပန်းပါတယ်
အချစ်ဟာ ဆူးနဲ့ပန်းတစ်ပွင့်ပါ
ပထမဦးဆုံးအကြိမ်ခူးတဲ့သူတိုင်း ဆူးစူးမိတတ်ကြပါတယ်
ပြီးတော့ အချစ်ဟာခေါင်းစဉ်ခွဲအများကြီးရှိပါတယ်
ပြီးတော့ အန္တရာယ်လည်းများပါတယ်
ရင်ခုန်တိုင်းကကော အချစ်လား !
သတိရနေတတ်တာမျိးကကော အချစ်လား !
အဆုံးရှုံးမခံနိုင်တာကကော အချစ်လား !
အနိုင်လိုချင်မိနေတာကကော အချစ်လား !
အလျော့ပေးချင်နေမိတာကကော အချစ်လား !
တော်တော်ကို စဉ်းစားရကြပ်ပါတယ်
အထက်ပါ အချက်အလက်လေးတွေကို သင့်မသိစိတ်ကအလိုလိုပြုလုပ်နေမိပြီဆိုရင်
သင်သူ့ကို ချစ်မိနေပါပြီး
ဒါပေမယ့် ဒါက ပထမအဆင့်ပါ
ချစ်မိရုံနဲ့ အရာရာယုံကြည်ပေးပြီး
တစ်သားတည်းဖြစ်သွားဖို့တော့ အချိန်လိုပါတယ် . . . ။

လူတိုင်း အချစ်စစ်ကိုရှာတွေ့နိုင်ကြပါစေ . . . ။






Ulay Kyi ( ကို လင်း )

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-