Sunday, September 20, 2015

အသွားအပြန် မေတ္တာာအမှန်

No comments :


Boy - ကြင်နာပါ့မယ်
သူ့ကိုရင်ထဲကစစ်မှန်စွာကြင်နာပါ့မယ်
Girl - ဂရုစိုက်ပါ့မယ်
သူ့ကိုစကားနဲ့ပဲဖြစ်စေ အပြုအမူနဲ့ပဲဖြစ်စေ
ထိခိုက်နာကျင်မှုမျိုးမဖြစ်အောင် ဂရုစိုက်ပါ့မယ်
Boy - အမြဲတမ်းရယ်မောပျော်ရွှင်ပါ့မယ်
သူစိတ်ပင်ပန်းတဲ့အခါ ကျွန်တော့်မျက်နှာကိုကြည့်ပြီး
ပျော်ရွှင်နိုင်အောင် အမြဲတမ်းရယ်မောပျော်ရွှင်စွာနေပါ့မယ်
Girl - ဂရုစိုက်ကြင်နာပါ့မယ်
သူခြေကုန်လက်ပန်းကျပြီး စိတ်ပင်ပန်းတဲ့အခါတိုင်း
အမြဲတမ်းဂရုစိုက်ကြင်နာပါ့မယ်
Boy - ပျော်ရွှင်စေရပါမယ်
ဘဝကိုအတူတူဖြတ်သန်းတဲ့အခါ သူအမှန်တကယ်
ပျော်ရွှင်နိုင်အောင်တန်ဖိုးထားချစ်ခင်ပါ့မယ်
Girl - ဆွေးနွေးဖြေရှင်းပါ့မယ်
တစ်စုံတစ်ရာ နားလည်မှုလွဲမှားခဲ့ရင်
အပြန်အလှန်ဆွေးနွေးဖြေရှင်းကြပါမယ်
Boy - ကျေးဇူးတင်ပါတယ်
ဘဝမှာ ကျွန်တော်နဲ့အတူတူရှိနေပေးခြင်းကို
ကျေးဇူးတင်ပါတယ်
Girl - မှတ်သားထားပါ့မယ်
ဘဝမှာသေတပန်သက်တဆုံး သူ့ရဲ့သစ္စာတရားကို
ထာဝရမှတ်သားထားပါ့မယ်
heart emoticon heart emoticon heart emoticon TTA + Ŀàďy Phoënix

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-