Sunday, September 20, 2015

သူဂရုမစိုက်လို့ ကိုယ်ကပြန်ဂရုမစိုက်ပဲနေရင် တဖြေးဖြေး ဝေးသွားမှာပေါ့

No comments :
သူဂရုမစိုက်လို့ 
ကိုယ်ကပြန်ဂရုမစိုက်ပဲနေရင်
တဖြေးဖြေး ဝေးသွားမှာပေါ့

သူဖုန်းမဆက်လို့
ကိုယ်ကမခေါ်ပဲနေရင်
တဖြေးဖြေး သွေးအေးသွားမှာပေါ့

မက်ဆေ့တွေသူ replyမလုပ်တိုင်း
ကိုယ်ကမပို့တော့ရင်
တဖြေးဖြေး မေ့သွားမှာပေါ့

သူ့ဘက်က အချစ်တွေလျော့ နေလို့
ကိုယ်က နဲနဲလေး လျော့ ချစ်လိုက်ရင်
တဖြေးဖြေး သူစိမ်းတွေဖြစ်သွားမှာပေါ့

တကယ်လို့သာ
ချစ်တဲ့သူကို
အချစ်စစ်နဲ့ ချစ်ခဲ့တယ်ဆိုရင်
တယောက်နဲ့တယောက်
လျော့သင့်တာလေးတွေ
ညိသင့်တာလေးတွေ
နားလည်သင့်တာလေးတွေ
ရှိနေစေချင်တယ်လေ

အချစ်ဆိုတာ
သူအနိုင်
ကိုယ်အနိုင်
တွက်ချက်ရမဲ့
ညဏ်စမ်းတခုမဟုတ်သလို

အရှုံးအမြတ် တွက်ချက်ရမဲ့
ရောင်းကုန်တခုလဲမဟုတ်ပါဘူး

Poem love(͡° ͜ʖ ͡°)

ဟုတ်ရဲ့လား friတို့

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-