Sunday, September 20, 2015

'သဝန်တိုတတ်တဲ့ချစ်သူ သင့်မှာရှိရင်'

No comments :


သဝန်တိုဖို့ဆိုတာ 
လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး 

ကိုယ့်ချစ်သူ ဘာတွေလုပ်နေလဲဆိုတာကို
အမြဲမပြတ်စောင့်ကြည့်နေရတာေ

အဲဒီအတွက်
အချိန်ပေးရတယ်
စိတ်ပင်ပန်းရတယ်
တစ်ချိန်လုံးလိုလို ချစ်သူအကြောင်းတွေးနေရတယ်
တစ်ခါတစ်လေ ဒေါသထွက်တဲ့အခါလည်း ရှိတယ်

ကဲ စဉ်းစားကြည့် !
သူ မင်းကို သဝန်တိုတယ်ဆိုတာ
တော်ရုံ အပင်ပန်းခံနိုင်ရုံလောက်နဲ့မရဘူး

မင်းကို သူချစ်လွန်းလို့
မင်းကို သူတစ်ယောက်ပဲပိုင်ချင်လွန်းလို့သာ
အဲဒီလောက်ထိ အပင်ပန်းခံနေတာပါ

ဒါကြောင့်
သူသဝန်တိုတာကို အပြစ်မမြင်ဘဲ
သူ့ကို ပိုပီးယုယပေးလိုက်မယ်ဆိုရင်
မင်းနဲ့သူဟာ အရမ်းချစ်ကြတဲ့
ချစ်သူတွေဖြစ်သွားကြမှာပါ ..!

.
Lwin Myat

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-