Sunday, September 20, 2015

"ချစ်သူ မိန်းကလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်"

No comments :
၁။ "မအော်ငေါက်နဲ့"
-
မိန်းကလေးတွေဟာ သူတို့ချစ်သူက သူတို့ကိုအော်ငေါက်တာကို လုံးဝ မကြိုက်ကြဘူး~ချော့ပြောရင် နားထောင်နိုင်ပေမယ့် အော်ငေါက်ပြောတဲ့အခါ သူတို့က ဂျစ်ကန်ကန်ပဲတုံပြန်တတ်ကြတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး သူတို့ကို မအော်ငေါက်မိပါစေနဲ့
-
၂။ "ဆရာကြီးစတိုင်မလုပ်ပြနဲ့"
-
မိန်းကလေးတွေကကိုယ့်ချစ်သူ တော်ရင်ထက်မြက်ရင်သဘောကျ ပေမယ့် နေရာတကာ ငါ ဆရာကြီးလုပ်ပြနေရင် တဖြည်းဖြည်း အမြင်ကပ် လာတတ် တယ်။ ဒါကြောင့် တချို့နေရာတွေမှာ ကိုယ်ကသိနေရင်တောင် မသိချင်ယောင် သာဆောင်နေလိုက်ပါ။
-
၃။ "အဆက်အသွယ် မလုပ်ဘဲ အကြာကြီးပစ်မထားနဲ့"
-
ကိုယ်နဲ့သိပ်မရင်းနှီးတဲ့သူတွေကိုအဆက်အသွယ်မလုပ်ပဲအကြာကြီး နေလို့ရပေမယ့် ကိုယ့်ချစ်သူကိုတော့ တနေ့တခါလောက်တော့ ဖုန်းဆက်တာ ပဲဖြစ်ဖြစ် Message ပို့တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။ တခါတလေ ကိုယ်ပို့ လိုက်တဲ့ Morning Message တစ်စောင်က ကိုယ့်ကောင်မလေးရဲ့ တစ်နေ့တာကို ကိုယ်ထင်တာထက်ပိုပြီး အဓိပ္ပာယ်ရှိသွားစေနိုင်ပါတယ်။
-
၎။ "သူရဲဘောကြောင် မပြနဲ့"
-
မိန်းကလေးတိုင်းဟာသူတို့ချစ်သူကိုသတ္တိရှိတဲ့သူတစ်ယောက် ဖြစ်စေချင် ပါတယ်။ဘာတွေပဲပဲဖြစ်ဖြစ်သူတို့နဲ့လက်တွဲမဖြုတ်ဘဲအတူတူရင်ဆိုင် ပေးနိုင်မယ့်သူတစ်ယောက်ပေါ့ ဒါပေမယ့် အရေးကြုံတဲ့အခါမှ ကိုယ်က အားလျော့တဲ့စကားတွေပြောနေရင် ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးသွားတတ်ပါတယ်။
-
၅။ "နောက်မကျနဲ့"
-
ဘယ်သူမှနောက်ကျရင်မကြိုက်ကြပါဘူး။အထူးသဖြင့်မိန်းကလေး တော်တော်များများ နောက်ကျရင် အရမ်းမုန်းပါတယ်။ ဒါကြောင့် သူတို့ချိန်းထားရင် အတတ်နိုင်ဆုံး အချိန်မှန်ရောက်အောင်သွားပါ။ ။
-
၆။ "အရမ်း မချုပ်ခြယ်နဲ့"
-
မိန်းကလေးတော်တော်များများဟာ သူတို့ချစ်သူကောင်လေး တားမြစ် ထားတဲ့ကိစ္စတွေကို မလုပ်ဖို့ ဆုံးဖြတ်ထားပင်မယ့် တရားလွန်ချုပ်ခြယ်လာတာ မျိုး ဖြစ်လာရင်တော့ စိတ်ကုန်လာတတ်ပါတယ်။ ဒါကြောင့် တခါတလေ နားလည်မှုပေးပြီး လွှတ်ထားလိုက်ပါ။
-
၇။ "ရန်ဖြစ်ရင် ဘယ်တော့မှ လက်မပါနဲ့"
-
ဒါကတော့အပေါ်မှာပြောထားသလိုပါပဲ၊ ကောင်မလေးတွေဟာသူတို့ကို အော်ငေါက်ရင်တောင်မကြိုက်တာလက်ပါပြီးရိုက်နှက်တတ်တဲ့ ကောင်လေးဆိုရင်တော့ စိတ်ထဲကပါ ရွံရှာသွားတတ်ပါတယ်။ ဒါကြောင့် ရန်ဖြစ်ရင် ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကိုယ့်စိတ်ကိုယ်ထိန်းပါ။
-
၈။ "ကိုယ့်ချစ်သူကို တန်ဖိုးမထားတဲ့ပုံစံ ဘယ်တော့မှ မလုပ်ပြနဲ့"
-
ဒီအချက်ကတော့အားလုံးထဲမှာအရေးအကြီးဆုံးပါပဲ၊ ကောင်မလေး တစ်ယောက်ဟာ သူမကောင်လေးက သူမကို တန်ဖိုးမထားဘူးလို့ ခံစားရပြီဆို အဲ့ဒါဟာ သူမအတွက် ငရဲတစ်ခုလိုပါပဲ။ ဒါကြောင့် ကိုယ့်ကောင်မလေး ကိုယ့်အတွက် လုပ်ပေးတဲ့ အသေးစိတ်လေးတွေက အစ တန်ဖိုးထားကြောင်းပြပါ။ သူမနှင့် ချစ်ရသည့်အတွက်လည်း ပျော်ရွင်မိကြောင်း ခဏခဏပြောဆိုပါ။ သူမကို ကိုယ်တန်ဖိုးထားကြောင့် သူမသိပါစေ။
-
တကယ်တော့ ကမ္ဘာပေါ်မှာ အဲ့လိုမျိုးအချက်တွေကို လုပ်ပေးမယ့် "ကောင်လေး" မရှိဘူးလို့ ပြောမယ့် "ကောင်မလေး" တွေ တပြုံကြီးရှိပါတယ်၊ ဒါပေမယ့် အဲ့အချက်တွေ အားလုံးနဲ့မပြည့်စုံရင်တောင် ကိုယ့်ချစ်သူစိတ်ချမ်းသာအောင် အကောင်းဆုံးကြိုးစားပေးဆပ်နေမယ့် "ကောင်လေး" တွေလည်း အများကြီးရှိမှာပါ၊
-
အဲ့တော့ချစ်သူအားလုံးရန်ဖြစ်ခြင်းတွေကင်းပြီးအဆင်ပြေပြေနဲ့ နေနိုင်ကြပါစေလို့
-
အားလုံးသော စုံတွဲတွေ ပျော်ရွှင်ကြပါစေ
-
Credit To - Admin AK

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-