Sunday, September 20, 2015

ယောင်္ကျားသားတွေ ပစ်ခွာပြေးချင်လောက်အောင် ဖြစ်သွားတတ်တဲ့ အမျိုးသမီးတို့ ပြုတတ်တဲ့ အမူအကျင့် (၁၂ )မျိုး

No comments :
အချစ်ရေးရာ ကျွမ်းကျင်သူ Laura Yates နဲ့ Genevieve Zawada တို့ ရဲ့ ပြောပြ ချက်အရ ယောင်္ကျားသားတွေ ကို ခြောက်ထုတ်နေတဲ့အလား သင့်အနားက ခွာသွားစေတဲ့ ရိုးစင်းတဲ့ သာမန်အမှားလေးတွေ ၁၂ မျိုးရှိတယ်လို့ ဆိုပါတယ်။ ဒီအမှားလေးတွေဟာ ပြန်ပြင်လို့ မရနိုင်လောက်အောင် ဆိုးရွားတဲ့ အမှားလေးတွေတော့ မဟုတ်ပါဘူး။
၁။ မိတ်ဆွေနည်းပါးလွန်းခြင်း
အပေါင်းအသင်း မိတ်ဆွေပေါတဲ့ မိန်းကလေးမျိုးက ယောင်္ကျားသားတွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ မိတ်ဆွေပေါများတယ်ဆိုတာက သင့်ဘ၀မှာ သင်နဲ့ အတူ အချိန်တွေကို ကုန်ဆုံးချင်တဲ့ လူတွေရှိနေတယ်လို့  ဆိုလိုပါတယ်။ သူ့ အတွက် မိတ်ဆွေအပေါင်းအသင်းတွေကလည်း အရေးကြီးပြီး ရည်းစားယောင်္ကျားလေးတစ်ယောက်တည်းက သူ့ ဘ၀ရဲ့ အချက်အချာ မဟုတ်ပါဘူး။ ဒီအချက်နဲ့ ပဲ သင့်ချစ်သူကောင်လေးဟာ သင်နဲ့ အတူ အချိန်တွေ ကုန်ဆုံးခွင့်ရဖို့ အတွက် ပိုအားထုတ်ဖို့ လိုတယ်ဆိုတာ သိလာမှာပါ။
၂။ အကြောင်းမဲ့သ၀န်တိုခြင်း
ယောင်္ကျားလေးတစ်ယောက် ညဘက် အပြင်ထွက်တာမျိုးကို မျက်ကလူးဆန်ပြာဖြစ်နေပြီး သ၀န်တိုတဲ့ အရိပ်အယောင်တွေ ပြနေမယ်ဆိုရင်တော့ သင့်ကို အမြန်ပစ်ပြေးသွားနိုင်ပါတယ်။
၃။ မက်ဆေ့ခဏခဏပို့ ခြင်း
ယောင်္ကျားတွေဟာ မိန်းမတွေလောက် ဖုန်းနဲ့ စာပို့ တာကို ၀ါသနာမပါပါဘူး။ ယောင်္ကျားတစ်ယောက်ကို ဆက်တိုက်စာတွေပို့ နေမယ်ဆိုရင်၊ သင်ဟာ စိတ်ဓာတ်ပျော့ညံအားငယ်သူ တစ်ယောက်ဖြစ်တယ်လို့ ပြောနေသလိုဖြစ်ပြီး အချိန်တွေ တော်တော်အားယားနေတယ်လို့ ထင်နိုင်ပါတယ်။
၎။ တခြားပြင်ပစိတ်ဝင်စားမှုတွေမရှိခြင်း
ယောင်္ကျားလေးတွေဟာ သူတို့ နဲ့ စကားလက်ဆုံကျစရာ အကြောင်းအရာလေးတွေ၊ ၀ါသနာပါတဲ့အရာတွေ ရှိတဲ့ စိတ်ဝင်စားစရာမိန်းကလေးမျိုးကို ရင်ခုန်တတ်ကြပါတယ်။ သင်မြတ်နိုးတဲ့ အရာလေးတွေကို သူနဲ့ ချစ်သူ ဘ၀မှာလည်း လုပ်နေတတ်တာက သင့်ကို ပိုမိုစိတ်ဝင်စားမှုဖြစ်စေပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးလို့ သူ့ စိတ်ထဲမှာ သတ်မှတ်ထား မှာပါ။
၅။ ကလေးလေးလိုစကားပြောတတ်တာ
အဲလို တီတာတာတာ မပီကလာပြောတတ်တာမျိုးက ချစ်စရာကောင်းတယ်လို့ သင်ထင်နေရင်တော့ မှားနေပါပြီ။
၆။ ချုပ်ချယ်တတ်တာ
ယောင်္ကျားလေးတစ်ယောက်ကို သူနှစ်သက်ဝါသနာပါတာတွေလုပ်ဖို့ လွတ်လပ်ခွင့် ပေးထားပါ။ ယောင်္ကျားလေးတစ်ယောက်ဟာ သူ့ ဘ၀မှာ နှစ်သက်ဝါသနာပါတဲ့ အရာတွေ လုပ်ဖို့ ပိတ်ပင် ခံထားရတယ်လို့ ခံစားရတာနဲ့ အချစ်ရေးမှာ အဖုအတင်းတွေ ဖြစ်လာမှာပါ။
၇။ တခြားမိန်းကလေးတွေအကြောင်း မကောင်းပြောတာဒါဟာ မိမိကိုယ်ကိုယုံကြည်မှုနည်းတယ်လို့ ပြနေတာပါပဲ။ အမြင်သဘောထားကို ပြောပြတာမျိုးက ကောင်းပေမယ့် အခြေအမြစ်မရှိ တခြားမိန်းကလေးကို အပုပ်ချတတ် တာက ဆွဲဆောင်မှုရှိတဲ့ အရည်အချင်းတော့ မဟုတ်ပါဘူး။
၈။ မူရာပိုမင်းသမီးလေးလုပ်တတ်ခြင်းတကယ်ပြောပြလောက်စရာ အကြောင်းပြချက်မှမရှိဘဲ ငိုလိုက်၊ရယ်လိုက်၊ဆွေးလိုက် လုပ်နေတာက စိတ်ကုသမှုတစ်ခုခု ခံယူမှဖြစ်တော့မယ့် သဘောပါပဲ။
၉။ ကတိဝန်ခံချက်တွေ အတင်းတောင်းခြင်း
အချစ်ရေးတစ်ခုဟာ သာမန်အတိုင်းပဲ တဆင့်ဆင့်ရစ်ပတ်သွားတာ ကောင်းပါတယ်။ ယောင်္ကျားလေးတစ်ယောက်ကို ကတိစကားတွေတောင်းပြီး ဖိအားမပေးမိဖို့ လိုပါတယ်။ ဒီလိုမျိုးလုပ်နေပြီဆိုရင်တော့ သင်နဲ့ အဝေးဆုံးကို သူ ထွက်ပြေးသွားပါလိမ့်မယ်။
၁၀။ အလွန်အကျွံဖွင့်ပြောခြင်း
ဘ၀လက်တွဲဖော်နှစ်ယောက်ကြားမှာ ရင်းနှီးမှုတစ်ခု ဆောက်ယူတဲ့ အနေနဲ့  သင့်ရဲ့ အတွင်းကျကျအကြောင်းအရာလေးတွေကို သင့်ရဲ့ လက်တွဲဖော်ကို ယုံကြည်စွာပြောပြတတ်တာကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် အချိန်ခဏလေးမှာပဲ အိတ်သွန်ဖာမှောက်ပြောပြတတ်တာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
၁၁။ အာဏာပြခြင်း
သင်ဟာ စကြိုက်ကြတဲ့နေ့ မှာပဲ ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ခံစားရတဲ့ ယောင်္ကျားတစ် ယောက်မျိုးနဲ့ တွေ့ ပြီဆိုရင်တော့ ဒါဟာ သင်ရွေးချယ်ထားတဲ့ ယောင်္ကျားကိုက မှားနေတာပါ။ တတ်နိုင်သမျှ သူတို့ စိတ်ကြိုက်ဘ၀ကို ဖြတ်သန်းတဲ့ ပုံစံအတိုင်း ဖြတ်သန်းပါစေ။ အတင်းအာဏာပြပြီး သူတို့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့ ။
၁၂။ အမြဲတမ်း ယောင်္ကျားလေးကပဲ ရှင်းရမယ်လို့ မှတ်ယူထားတာ
ဘယ်သွားသွား ဘာလုပ်လုပ် အလှည့်ကျရှင်းကြရအောင်ဖြစ်ဖြစ်၊ နှစ်ဦးကြား ဒီလိုမျိုး သဘောတူညီမှုတစ်ခုမရှိဘဲနဲ့  အမြဲတမ်းယောင်္ကျားလေးကပဲ သင်မျှော်လင့်နေရင် တော့ ငွေအတွက်ကြောင့်ပဲ သူ့ ကိုချစ်တာလို့ ထင်ပြီး ပစ်ခွာသွားနိုင်ပါတယ်။ သူက မရှင်းနဲ့ နော်လို့ ပြောပေမယ့်လည်း အမြဲတမ်း ရှင်းဖို့ ကြိုးစားကြည့်ပါ။
TrendMyanmar

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-