Tuesday, April 7, 2015
ယောက်ျားလေးများကို စာနာပါ -_-
၁ - အဖြေမတောင်းခင် ပြင်ဆင်ရပါတယ်
အပြောလွဲတာနဲ့ အမှတ်လျော့နိုင်တယ်ဆိုတော့
ကဗျာတွေလည်း ကျက်ရပါတယ်
ဝတ္တုတွေလည်းဖတ်ရပါတယ်
ကဗျာတွေလည်း ကျက်ရပါတယ်
ဝတ္တုတွေလည်းဖတ်ရပါတယ်
ဒါတောင် unseen မေးခွန်းက ပါလာနိုင်တယ်ဆိုတော့
သေအောင်ကြိုးစားမှ အောင်မှတ် မနည်းမှီမှာမို့ပါ
သေအောင်ကြိုးစားမှ အောင်မှတ် မနည်းမှီမှာမို့ပါ
*****
၂ - အချိန်ဆွဲရင်လည်း သည်းခံရပါတယ်
မိန်းကလေးမို့ပါ ဆိုပြီး အချိန်ဆွဲပါတယ်
လေ့လာမယ်ဆိုပြီး တော်တော်ညင်းဆဲပါတယ်
လေ့လာမယ်ဆိုပြီး တော်တော်ညင်းဆဲပါတယ်
ဘယ်တတ်နိုင်မလဲ သူတို့ကအထက်ကပဲကိုးး
*****
၃ - ပြောစကားလည်း နားထောင်ရပါတယ်
ဟိုဟာမလုပ်ရဘူး
ဒီဟာ မကြိုက်ဘူး စည်းမျဉ်းတွေနဲ့
စာကြိုးစားနော်
ဘယ်အချိန်တွေပဲ လိုင်းတက်နဲ့ . . .
ဒီဟာ မကြိုက်ဘူး စည်းမျဉ်းတွေနဲ့
စာကြိုးစားနော်
ဘယ်အချိန်တွေပဲ လိုင်းတက်နဲ့ . . .
ကိုယ့်မှာ ဆယ်တန်းတုန်းက ဆရာမစကား အဲလောက်စကားနားထောင်ရင်
တနိုင်ငံလုံးစာမေးပွဲ ပထမဆု ရလောက်တယ်
တနိုင်ငံလုံးစာမေးပွဲ ပထမဆု ရလောက်တယ်
*****
၎ - သတိစွဲထားရပါတယ်
လူဆိုတာ အမှားလုပ်တတ်တဲ့အမျိုးးးဆိုတော့
မပြုပေမဲ့ ဖြစ်လာမဲ့အမှားတွေကိုကြောက်ပါတယ်
မပြုပေမဲ့ ဖြစ်လာမဲ့အမှားတွေကိုကြောက်ပါတယ်
လမ်းတွေ့လို့ like ရင်တောင်
ခုဆို ရမ်းမလိုက်ရဲလောက်အောင် သတိစွဲထားရပါတယ်
ခုဆို ရမ်းမလိုက်ရဲလောက်အောင် သတိစွဲထားရပါတယ်
*****
၅ - လိမ္မာရပါတယ်
ဘာပြောပြောဟုတ်ကဲ့
အထွန့်မတတ်ရဲပါဘူး
အထွန့်မတတ်ရဲပါဘူး
မိဘတွေသာ သိရင်
မွေးရကျိုးနပ်လိုက်တဲ့ သားလို့ ဆဲနေမှာမြင်ယောင်ပါသေးတယ်
မွေးရကျိုးနပ်လိုက်တဲ့ သားလို့ ဆဲနေမှာမြင်ယောင်ပါသေးတယ်
*****
၆ - စိတ်ကောက်ချော့နည်းလည်း လေ့လာရပါတယ်
ကောက်လားမေးရင် မကောက်ပါဘူးတဲ့
ဒါပေမဲ့ နူတ်ခမ်းကသံလျင်တဖက်ကမ်းရောက်တော့မယ်
ဒါပေမဲ့ နူတ်ခမ်းကသံလျင်တဖက်ကမ်းရောက်တော့မယ်
ကောက်ကောက် မကောက်ကောက်
တစ်နေ့ သုံးကြိမ်အနည်းဆုံးချော့ရနိုင်ပါတယ်
တစ်နေ့ သုံးကြိမ်အနည်းဆုံးချော့ရနိုင်ပါတယ်
*****
၇ - အထာလည်းနပ်ရပါတယ်
သူပြောစေချင်တာကို ပြောမှ သူ့သဘောဖြစ်မှာမို့
သူ့အရိပ်အခြေ အမြဲအကဲခတ်နေရပါတယ်
သူ့အရိပ်အခြေ အမြဲအကဲခတ်နေရပါတယ်
သမင်တကောင်က မုဆိုးမျက်စိမနောက်အောင် နေရသလိုမျိုးပါ
*****
၈ - မလွယ်ပါဘူး
မိန်းကလေးတစ်ယောက်ကို ချစ်ခွင့်ပန်တယ်ဆိုတာ
စနစ်တံမခိုင်တဲ့ လက်ပစ်ဗုံးကို အိပ်ထဲထည့်ထားရသလိုပါပဲ
စနစ်တံမခိုင်တဲ့ လက်ပစ်ဗုံးကို အိပ်ထဲထည့်ထားရသလိုပါပဲ
အချိန်မရွေး ထ'ပေါက်နိုင်ပါတယ်
*****
၉ - အမြဲတမ်း အရှုံးပါ
ဘာ game ကစားကစား ကိုယ်က အရှုံးပေးရပါတယ်
ဘာအကြောင်းငြင်းငြင်း ကိုယ့်ဘက်အရှုံးပါပဲ
ဘာအကြောင်းငြင်းငြင်း ကိုယ့်ဘက်အရှုံးပါပဲ
အောင်မှတ်က မသေချာပေမယ့်
လျော့ရတာတွေတော့ တော်တော်များပါတယ်
လျော့ရတာတွေတော့ တော်တော်များပါတယ်
*****
၁၀ - ချစ်သူဖြစ်သွားလျင်ကော
ပိုဆိုးသွားတာပါ
အဝေးထိန်း ခလုတ်ကနေ
အနီးကပ် ရမုပြောင်းပေးလိုက်သလိုပါပဲ
အဝေးထိန်း ခလုတ်ကနေ
အနီးကပ် ရမုပြောင်းပေးလိုက်သလိုပါပဲ
ချစ်သူဖြစ်သွားတယ် ဆိုတာ
အဝေးထိန်းဗုံးတစ်လုံးကို မြိုချထားရသလိုပါပဲ
သူ့နူတ်ခမ်းဖျားက အဲဒီဗုံးစနစ်တံကိုထိန်းချုပ်ထားပါတယ်
အဝေးထိန်းဗုံးတစ်လုံးကို မြိုချထားရသလိုပါပဲ
သူ့နူတ်ခမ်းဖျားက အဲဒီဗုံးစနစ်တံကိုထိန်းချုပ်ထားပါတယ်
==========
၁၁ - နိဂုံး
သူခေါ်ရင် ထူးရပါတယ်
သူကောက်ရင် ချော့ရပါတယ်
သူခိုင်းရင် တာဝန်ကျေပွန်ရပါတယ်
သူပြောရင် နားထောင်ရပါတယ်
သူပျင်းရင် ပျော်တော်ဆက်ရပါတယ်
သူငိုရင် ချော့ရပါတယ်
သူပျော်ရင် ပြုံးရပါတယ်
သူကောက်ရင် ချော့ရပါတယ်
သူခိုင်းရင် တာဝန်ကျေပွန်ရပါတယ်
သူပြောရင် နားထောင်ရပါတယ်
သူပျင်းရင် ပျော်တော်ဆက်ရပါတယ်
သူငိုရင် ချော့ရပါတယ်
သူပျော်ရင် ပြုံးရပါတယ်
ယောက်ျားလေးတွေ ချစ်သူထားတယ်ဆိုတာ
အင်မတန်ကြီးတယ့် ဝဋ်ကြွေးတခုကိုပေးဆပ်နေရတာနဲ့တူပါတယ် . . . ။
အင်မတန်ကြီးတယ့် ဝဋ်ကြွေးတခုကိုပေးဆပ်နေရတာနဲ့တူပါတယ် . . . ။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment