Monday, April 13, 2015

နင့်အပေါ် ရစ်ပတ်တွယ်နှောင်ထားပြီးတဲ့ သံယောဇဉ်ကြိုးတချောင်းကို ဖြတ်ဖို့ ငါ အဲ့လောက် "သတ္တိ "မရှိပါဘူးချစ်သူ

No comments :



"အချစ်ဆိုတာ" တခါတလေ 
ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ထပ်တူကျဖို့ဆိုတာ
ဖြစ်မှမဖြစ်နိုင်တာပဲလေ

တစ်ယောက်တည်း ဝမ်းနည်းအားငယ်လာတဲ့အခါတိုင်း
နင့်အသံလေး ကြားချင်မိတယ်
ဘေးမှာ ကိုယ်ခံစားချက်ကို သတိပြုပေးတဲ့သူ မရှိတဲ့အခါ တိုင်း
နင် ဂရုစိုက်ပေးခဲ့တဲ့နေ့ရက်တွေပြန် တမ်းတမိတယ်

"အထီးကျန်တယ်"ဆိုတာ
ကိုယ်ဘေးနားမှာ လူတွေရှိမနေတာကို ခေါ်တာမှမဟုတ်တာ
"ကိုယ်မြတ်နိုးရတဲ့သူက အဝေးမှာ ရောက်နေလို့
လွမ်းရတဲ့ဝေဒနာကို တယောက်တည်း ခံစားနေရတာကို "ခေါ်တာပါ ချစ်သူ

လွယ်တော့မလွယ်ဘူး
သူမပါတဲ့ အတွေးတခုကို တောင်
လွယ်လွယ် လစ်လျူ ရှု့ ပြစ်ဖို့ဆိုတာက
သိပ်မချစ်ခဲ့ရင်တော့ တမျိုးပေါ့ 

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-