Thursday, April 9, 2015
ချစ်သူကောင်မလေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထား
ကောင်မလေးတစ်ယောက်ဟာ သူ့ရဲ့သူငယ်ချင်းတွေ အပေါင်းအသင်းတွေရှေ့ရောက်ရင် သူ့ချစ်သူက သူ့အပေါ်ပိုပြီး ချစ်တာ ပိုပြီးဂရိုစိုက်တာကို
လိုချင်ကြတယ်။(ဒါဟာ ကြွားဝါချင်ရုံသက်သက် မဟုတ်ပါဘူး။ မိန်းကလေး
မှန်ရင် ဖြစ်ပေါ်တတ်တဲ့ စိတ်နေသဘောထားတစ်ခုပါ)
ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်သူဖြစ်ရင်
ကောင်မလေးတွေက ကောင်လေးတွေထက်ပိုပြီး သူတို့နှစ်ယောက်ရဲ့
အမှတ်တရနေ့လေးတွေကို မှတ်ထားတတ်ကြတယ်။ (ဥပမာ- ချစ်သူ
ဖြစ်တာ တစ်နှစ်ပြည့်တဲ့နေ၊ ချစ်ခွင့်ပန်တဲ့နေ့ ၊ သူ့မွေးနေ့တို့ပေါ့ )

ကောင်မလေးတွေဟာ ဘာမဟုတ်တဲ့အကြောင်းအရာလေးကို အခြေပြုပြီး
လွယ်လွယ်လေးနဲ့ စိတ်ဆိုးစိတ်ကောက်တတ်ကြတယ်။ ဒါပေမယ့်
အကြာကြီးစိတ်ဆိုး စိတ်မကောက်နိုင်ဘူး။ သူ့ချစ်သူက သူ့ကို ''ကိုယ်
တောင်းပန်ပါတယ်၊ နောက်မဖြစ်စေရဘူး '' ဆိုပြီး သူ့နဖူးလေးကို နမ်းပြီး
ချော့လိုက်ရုံနဲ့ ပြီးသွားတတ်တယ်။

ကောင်မလေးတစ်ယောက်ဟာ ကောင်လေးတစ်ယောက်နဲ့ ချစ်သူဖြစ်ပြီး
သွားသည့်တိုင်အောင် နေ့တိုင်းတိုင်းလိုလိုတော့ မေးခွန်းလေးတစ်ခုကို
မေးနေတတ်တယ်။ အဲဒါကတော့ ''ငါ့ကိုချစ်သေးရဲ့လား'' ဆိုတာပဲဖြစ်
ပါတယ်။ကောင်လေးဘက်ကလဲ အမြဲတမ်း ချစ်တယ်လို့ ပြောတာ ကြား
လိုက်ရင် ကျေနပ်သွားတတ်တယ်။

ယေဘုယျအားဖြင့်တော့ ကောင်မလေးတွေက ကောင်လေးတွေထက်
စိုးရိမ်ပူပန်တတ်ကြတယ်။ (ဥပမာ- သူတို့နှစ်ယောက်ချိန်းထားလို့
ကောင်လေးနောက်ကျပြီးမှရောက်လာရင် ကောင်လေးကို နင်ဘာလို့
နောက်ကျတာလဲ ငါ့စောင့်နေရတာကြာပြီ စသဖြင့် ပြောတတ်တယ်..
ဒါပေမယ့် အပြစ်တင်ပြောတဲ့သဘောမျိုး မဟုတ်ဘဲ သူစိုးရိမ်ပူပန်တာကို
နည်းလမ်းပြောင်းပြီး ပြောလိုက်ခြင်းသာဖြစ်တယ်။)

ကောင်မလေးတွေဟာ ကောင်လေးတွေထက်ပိုပြီး သ၀န်တိုတတ်တယ်။
သံသယစိတ်တွေပိုများတတ်တယ်။ အဲဒါကြောင့် တစ်ခါတစ်လေကျတော့
လည်း သူတို့ရဲ့သံသယစိတ်တွေနဲ့ ရှုပ်ထွေးနေတတ်ပြီး မဖြစ်သင့်ဘဲ
တကယ်ချစ်ရဲ့သားနဲ့ လမ်းခွဲရတာမျိုးတွေကြု့ရတတ်တယ်။

နောက်ဆုံးအချက်ကတော့ ကောင်မလေးအများစုဟာ သူ့ချစ်သူက
သူ့အပေါ် လျှို့ဝှက်ထားတာမျိုးမကြိုက်ဘူး။ (ဥပမာ- သူ့ချစ်သူရဲ့ ဖုန်းမှာ
လော့ချထားတာမျိုး၊) အကယ်လို့ သူ့ချစ်သူကောင်လေးနဲ့ သူနဲ့အတူ
ရှိနေတုန်း သူ့ချစ်သူကောင်လေးရဲ့ ဖုန်းဆီက မက်ဆေ့တစ်ခုခု ဖုန်း call
တစ်ခုခုဝင်လာရင်တောင် သူ့ချစ်သူကအဲဒီဝင်လာတဲ့မက်ဆေ့ ဒါမှမဟုတ်
အဲဒီဖုန်းcall လေးကိုသူ့ကို ကြည့်ခိုင်းပြောခိုင်းတာပဲဖြစ်စေချင်ကြတယ်။

ဒါလေးက မိန်းကလေးတွေရဲ့ သူ့ချစ်သူကောင်လေးအပေး ထားတတ်တဲ့
စိတ်နေသဘောထားလေးတွေပါ။ ဘာသာပြန်ထားတာ မဟုတ်ဘဲ
ကျနော်ကိုယ်တိုင်ရေးထားတာလေးဖြစ်နေလို့ အမှားများပါခဲ့ရင်လည်း
ခွင့်လွှတ်ပေးစေလိုပါတယ်။ (မှတ်ချက်။ ။ ယခုကျနော်ရေးထားတာဟာ
တကယ်ချစ်တဲ့ မိန်းကလေးတွေအတွက်သာဆိုလိုပါသည်။)

*အစဉ်အမြဲလေးစားလျက် - MC Zin Jay Shin (နှလုံးသားစာပေ)*
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment