Saturday, April 11, 2015

ချစ်သူရှိတဲ့သူတွေကြတော့..လိုက်နာလိုက်ကျပေါ့ကွာ..(၁၇).ချက်ထဲရှိတာ..မများပါဘူး..

No comments :


( ၁ ) မနက်တိုင်းmessageပို့ပါ

စာတစ်ကြောင်းလောက်က ဘာမှမဖြစ်သွားပါဘူး
အချိန်လည်း မပေးရပါဘူး
တစ်ရက်တည်းအတွက်မဟုတ်ပါ
နေ့စဉ်တိုင်းအတွက် ဖြစ်ပါသည်



( ၂ ) ညပိုင်းတိုင်း ဖုန်းပြောပါ

ရိုးရိုးcall နဲ့တက်နိုင်ရင် ရိုးရိုးcallပေါ့
(သို့မဟုတ်) viber နဲ့ ပြောပါ
တစ်ရက်တည်းအတွက်မဟုတ်ပါဘူ
အစဉ်အမြဲအတွက်ပါ



( ၃ ) ပြဿနာကို မကြီးထွားပါစေနဲ့

အပေါ်က ၁ - ၂ မှာ ပြောခဲ့သလိုလုပ်မယ်ဆိုရင်
ပြဿနာ မကြီးထွားနိုင်ပါဘူး
မနက်တိုင်း စာပို့ , ညတိုင်း ဖုန်းပြောတဲ့အခါ
ပြဿနာတစ်စုံတစ်ရာဝင်လာခဲ့ရင်တောင်
စကားပြောရင်း နေ့မကူးပဲရှင်းတဲ့အခါ အမြန်ပြေလည်သွားတာပေါ့



( ၄ ) ဒေါသကို ရှေ့မထားပါနဲ့

ချစ်သူတွေပါ မုန်းသူတွေမှမဟုတ်တာ
သဝန်တိုမူ့ကြောင့်ဖြစ်စေ / နားလည်မူ့လွဲလို့ဖြစ်စေ
ရှင်းပြနိုင်အောင် ကြိုးစားပါ



( ၅ ) စိတ်ကောက်တာနဲ့ စိတ်ပျက်တာခွဲခြားသိပါ

တကယ်ချစ်သူတွေမှာ စိတ်ပျက်တာမရှိပါဘူး
ကိုယ့်အတွေးတခုတည်းနဲ့ ဆုံးဖြတ်ချက်မချလိုက်ပါနဲ့



( ၆ ) ချွဲတာနဲ့ ရစ်တာကို အပိုအလုပ်လို့မထင်ပါနဲ့

ချစ်သူအပေါ် ချွဲချင် နွဲ့ချင် ရစ်ချင်ကြတာ
ချစ်စရာအပြုအမူလေးပါ
ဒါကို ပြဿနာကြီးတခုလို မတုန့်ပြန်ပါနဲ့



( ၇ ) နေ့တိုင်း မြင်တွေ့နိုင်အောင်ကြိုးစားပါ

ကမ္ဘာကရွာကြီးဖြစ်သွားပါပြီ
skype wechat tango အများကြီးရှိဦးမှာပါ
ချစ်သူ့မျက်နှာဆိုတာ ဘယ်လောက်ကြည့်ကြည့်မဝ'နိုင်ပါဘူး
အပြုံးဆိုတာ အသံနဲ့မထင်ပေါ်ပါဘူး
စာသားနဲ့လည်း ဖွဲ့နွဲ့မမှီပါဘူး
နောက်ပြီးတခုက - ပြဿနာတချို့ဟာ
ချစ်သူ့မျက်နှာကို တွေ့လိုက်ရုံနဲ့ ပျောက်သွားတက်ပါတယ်



( ၈ ) ချစ်သူကို ချစ်ပြပါ

ချစ်သူကို ချစ်တာရှက်စရာမဟုတ်ပါ
သိက္ခာကြီးတစ်ခွဲသားနဲ့ မနေပါနဲ့



( ၉ ) ပွင့်လင်းပါ

မာနမတင်းထားပါနဲ့
ချစ်သူကြားမှာ ဘာလျှို့ဝှက်ချက်မှ မရှိအောင် ပွင့်လင်းပါ
" မရှုပ်ခင် ရှင်းထား " ဆိုတဲ့ စကားပုံရှိပါတယ်



( ၁၀ ) သူ့ဝင်ငွေ ထွက်ငွေအကြမ်းဖျင်းသိအောင်ကြိုးပမ်းပါ

မိန်းကလေးတွေ သတိပြုသင့်တာပါ
( ဥပမာ - ဖုန်းဘေလ် ၊ လက်ဆောင် )



( ၁၁ ) နားလည်ပေးပါ

ချစ်သူနဲ့ ဝါသနာက ဘယ်သူ့ကိုပိုချစ်လဲဆို
အတော်ဖြေရခက်ပါတယ်
သူ့ဖက် ကိုယ့်ဖက် မျှတွေးပေးပါ
ဥပမာ - ကိုရီးယားကား ၊ ဘောလုံးပွဲ ၊ game



( ၁၂ ) စိတ်ပျက်တယ်လို့ ဘယ်တော့မှမသုံးပါနဲ့

ချစ်သူခြင်း စိတ်ကောက်ရင်
ပြောတက်တဲ့စကားလုံးအမှားပါ
ဒါက တကယ့်အပြစ်ကြီးတခုပါ



( ၁၃ ) ချစ်တယ်လို့ အချိန်ပြည့်ပြောပေးပါ

ချစ်သူဘဝမှာ နားထောင်လို့အကောင်းဆုံးစကားလုံးလေးပါ
ပင်လယ်ထဲ မိုးရွာသလိုပဲ ဘယ်တော့မှလျှံမကျသွားဘူး



( ၁၄ ) ချစ်သူကြား ကစားနည်းလေးတွေနဲ့ အချစ်စမ်းပါ

ချစ်သူခြင်းပဲ ကစားလို့ရတဲ့ gameမျိုးပေါ့
ဥပမာ - ကိုကို နဲ့ သဲလေး
မမ နဲ့ မောင်
ကို နဲ့ ချစ်လေး
ယောက်ျား နဲ့ ရှင်မ ( ဇာတ်လမ်းအသွင်လေးနဲ့ဆော့လို့ရပါတယ် )



( ၁၅ ) ချစ်သူကို သံသယမထားပါနဲ့

အရေးကြီးပါတယ်
စမ်းသပ်တာတွေ မလုပ်ပါနဲ့
ယောက်ျားလေးနဲ့ မိန်းကလေးတွေးခေါ်ပုံချင်းကမတူပါဘူး

ဥပမာ - acc အသစ်တခုနဲ့ ကိုယ့်ချစ်သူကို လာQကြည့်မယ် ဆိုပါဆို့
မိန်းကလေးက မပြောပဲနေလို့ရပေမယ့် ယောက်ျားလေးကျတော့ မကောင်းတက်လို့ပြန်ပြောတာမျိုးရှိပါတယ်



( ၁၆ ) စိတ်ကောက်ရင် ချက်ချင်းချော့ဖို့ကြိုးစားပါ

မိန်းကလေးတွေ စိတ်ကောက်တာ
မီးလောင်သလိုပဲ မီးညွှန့်လေးသေးတုန်း မြန်မြန်ငြိမ်းပါ မဟုတ်ရင် တစ်မြို့လုံးပြာကျသွားနိုင်လို့ပါ . . . ။

" အမှိုက်ကစ ' ပြဿဒ်မီးလောင် " စကားပုံကို စခဲ့သူက

သူ့ချစ်သူကို ချက်ချင်းမချော့မိလို့ စာဖွဲ့ခဲ့ပုံပါပဲ . . .



( ၁၇ ) ချစ်သူဘဝဆိုတာ

လူငယ်ဘဝမှာ ပျော်စရာအကောင်းဆုံးဘဝပါ
နှစ်ခါပြန်မရပါဘူး
ပြီးတော့ သူချစ် ကိုယ်ချစ်ဖြစ်ဦးမှ . . .

ကိုယ်ဆိုးရင် သူချော့ဦးမှ
သူညစ်ရင် ကိုယ်အားပေးတက်ဦးမှ
သူသဝန်တိုရင် ကိုယ်နားလည်ဦးမှ
ကိုယ်သိပ်ချစ်ပြရင် သူသဘောပေါက်ဦးမှ
ကိုယ်ရစ်ရင် သူစိတ်ရှည်ဦးမှ
သူတင်းရင် ကိုယ်အလျော့ပေးမှ

ချစ်သူဘဝမှာ အထာလေးတွေရှိပါတယ် . . .

( အထာနပ်ဖို့ပဲ လိုတာပါ )



No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-