Tuesday, April 7, 2015
ဖတ်စေချင်လွန်းလို့ပါ...
လင်မယား စုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…အချိန်တော်တော်ကြာမှ
အသက်ကယ်လှေတစ်စင်းရောက်လာတယ်…အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့တစ်နေရာဘဲကျန်တော့တယ်အဲဒီအချိန်မှာ ယောက်ျားဖြစ်သူကသူ့မိန်းမကိုသူ့အနောက်ဆွဲချလိုက်ပြီးသူကိုယ်တိုင်အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်…အဲဒီအမျိုးသမီးကတော့တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီးသူ့ယောက်ျားကိုစကားတစ်ခွန်းအော်ပြောလိုက်တယ်…ဒီနေရာအထိပြောပြီးတော့ ဆရာမကကျောင်းသားတွေကို မေးလိုက်တယ်…
“မင်းတို့ ခန့်မှန်းကြည့်…အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”
ကျောင်းသားတွေကတော့ အလုအယက်ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…
“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”အဲဒီအချိန်မှာ ဆရာမကကျောင်းသူလေးတစ်ယောက်ကိုဘာမှမပြောတာကို သတိထားမိတော့ဆရာမက သူ့ကိုမေးလိုက်တယ်…အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…“ဆရာမ… သမီး ထင်တယ်…အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…ဆရာမက အံ့သြသွားတယ်…သူ့ကို ပြန်မေးလိုက်တယ်…“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီးဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”ဆရာမက ပြန်ပြောလိုက်တယ် ….“အဖြေမှန်ပါတယ်ကွယ်…”သင်္ဘော နစ်မြှုပ်သွားပါတယ်…ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး

သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးခဲ့တယ်…နှစ်ပေါင်းများစွာကြာပြီးနောက်အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို ရှင်းတော့မှသူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာမေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…အရေးပေါ်အချိန်မှာဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကိုအရောက်ပြေးခဲ့တယ်…သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာနစ်မြှုပ်သွားလိုက်ချင်ပါတယ်…ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…သမီးလေးအတွက်ကြောင့်..ဒီပင်လယ်ရေနက်အောက်မှာ..နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”ပုံပြင်ပြောလို့ပြီးသွားပါပြီ…အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…ဆရာမကသိတယ်…သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့အနှစ်သာရကိုနားလည်လိမ့်မယ်လို့…ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီးအလွယ်တကူ ၀ဖန်ပိုင်းခြားလို့မရပါဘူး…ပိုက်ဆံရှင်းချိန်မှာပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…သူက ဒီသူငယ်ချင်း သံယောဇဉ်ကိုငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ပိုပြီးကြိုးစားလုပ်တဲ့သူဟာသူ အ နေလို့မဟုတ်ဘူး…သူက တာဝန်သိတတ်လို့ပါရန်ဖြစ်တဲ့အချိန်မှာအရင်ဆုံး တောင်းပန်တဲ့သူဟာသူမှားနေလို့မဟုတ်ဘူး…ကိုယ့်ဘေးကလူကိုသူတန်ဖိုးထားရမှန်းသိနေလို့ပါမင်းကိုအမြဲကူညီနေတဲ့သူဟာမင်းဆီကနေတစ်ခုခုပြန်ရဖို့တောင့်တတေမဟုတ်ဘူး…မင်းကို သူငယ်ချင်းအစစ်တစ်ယောက်အနေနဲ့တန်ဖိုးထားလို့ပါ…မင်းကို အမြဲ မက်ဆေ့ပို့ဆက်သွယ်နေတဲ့သူဟာသူအားယားနေလို့မဟုတ်ပါဘူး…ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…
Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment