Saturday, April 11, 2015

"ကိုယ့်ချစ်သူဟာ ကိုယ့်အိမ်ထောင်ဖက်ကောင်း ဖြစ်လာနိုင်မလား"

No comments :


ချစ်သူနှစ်ဦး တွဲလာတဲ့ နှစ်ကာလအပိုင်းအခြားတစ်ခုလည်း ရောက်လာပြီ။ တစ်ယောက်နဲ့တစ်ယောက် တကယ်လည်း နားလည်မှု အပြည့်ရှိတယ်လို့ ထင်မြင်ယူဆလာကြပြီ။ ခွဲပြီးတော့လည်း မနေနိုင်တော့ဘူး ဆိုပါစို့။ ဒါဆို နှစ်ဦးသားပေါင်းသင်းဖို့ ဆုံးဖြတ်ရတော့မယ် ဟုတ်။ ဒီလိုအခြေအနေ ရောက်လာတဲ့အခါ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ချစ်သူ ကောင်လေးက အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းမှာရော ကိုယ့်အပေါ် တကယ်ကြင်နာ ယုယပါ့မလား တွေးကြောက်တတ်ကြပါတယ်။ ဒါ အမျိုးသမီးတွေရဲ့ သဘာဝပါ။ ဒီတော့ အမျိုးသမီးတွေအတွက် ဒီအချက်အလက်ကလေးတွေနဲ့ ကိုယ်ချစ်တဲ့ကောင်လေးဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း ကိုယ့်အပေါ် ကောင်းမကောင်းဆုံးဖြတ်နိုင်ပါတယ်နော်။

၁။သင်တို့နှစ်ဦး ငြင်းခုံတာမျိုးတွေ ရှိပေမယ့် နှစ်ယောက်စလုံး နားလည်မှုရှိရှိ ဖြေရှင်းလိုက်နိုင်တယ်။ သူကလည်း ဒီလိုအဖြစ်မျိုးတွေ နောက်ထပ် မဖြစ်အောင် ပြင်ဆင်တယ်။ သူ့အမှားဆိုရင် တောင်းပန်ဖို့ ၀န်မလေးသလို ကိုယ့်အမှားဆိုရင်လည်း မဆိုင်းမတွ ခွင့်လွှတ်ပေးတတ်တယ်။

၂။ဆိုရှယ် မီဒီယာတွေကိုပဲ တစ်ချိန်လည်း စိတ်ရောက်မနေဘူး။ သူ့ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း သူဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အသေးစိတ်ကအစ ရေးတင်လေ့မရှိသလို ကိုယ်နဲ့ရှိတဲ့အချိန် ဖုန်းကိုပဲ တကိုင်ကိုင်နဲ့ ကိုယ့်ကို အလေးမထားတဲ့ ပုံမျိုး ဘယ်တော့မှမရှိတတ်ဘူး။

၃။သင့်ချစ်သူဟာ ကိုယ့်ကျန်းမာရေးသာမက ကိုယ့်ချစ်သူရဲ့ ကျန်းမာရေးကို တတ်နိုင်သဘောက် ဂရုစိုက်တတ်သူ ဖြစ်တယ်။

၎။သူ့ရဲ့မိခင်နဲ့ အရမ်းမစိမ်းသလို အမေမှ အမေဖြစ်နေတဲ့ သားမျိုးလည်း မဟုတ်ဘူး။

၅။သင့်ပတ်ဝန်းကျင့် သင့်အပေါင်းအသင်းတွေရှေ့မှာ သူ့ကြောင့် သိက္ခာကျ မျက်နှာပျက်ရတာမျိုး မရှိဘူး။ သူ့ကြောင့် သင်မျက်နှာရသွားရတဲ့ အဖြစ်အပျက်သာရှိတယ်။

၆။သူနဲ့လက်တွဲခဲ့တဲ့ အချိန်တောက်လျှောက် သင့်ရဲ့အလုပ်နဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်မှု အရည်အသွေးတွေ ပိုမိုမြင့်မားလာတယ်။

၇။သင်ဝမ်းနည်းနေတာ၊ သင်စိတ်မကောင်းဖြစ်နေတဲ့အချိန် အလိုက်တသိ အမြဲဘေးမှာရှိပေး၊ နှစ်သိမ့်ပေးတတ်တယ်။ အပြစ်တင်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။

၈။သူလုပ်ချင်တာထက် သင့်ဆန္ဒကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးတယ်။ သင့်ကို ချစ်တယ်ဆိုတာမျိုးကို နှုတ်ကဖွင့်မပြောပဲ အလုပ်နဲ့သက်သေပြတတ်သူဖြစ်တယ်။

၉။သင့်ချစ်သူဟာ သူ့ သူငယ်ချင်းတွေနဲ့ အတူရှိနေချိန်မျိုးတွေမှာတောင် သင်အထီးကျန်မနေရအောင် လှမ်းဂရုစိုက်ပေးတတ်တယ်။

၁၀။ ကိုယ်နဲ့တွဲခဲ့တဲ့ သက်တမ်းမှာ နောက်ကောင်မလေးတစ်ယောက်နဲ့ ရှုပ်တာမျိုး၊ အီစီကလီလုပ်တာမျိုးတွေ မရှိဘူး။ အားလုံးနဲ့ ကင်းကင်းရှင်းရှင်းအမြဲနေတယ်။

ကဲ ဒီအချက် (၁၀)အတိုင်းသာ သင့်ချစ်သူကောင်လေးက သင့်အပေါ် ပြုမူပေးတယ်၊ ဂရုစိုက်နားလည်မှုပေးတယ်ဆိုရင် သင်ဟာ အိမ်ထောင်ရေးမှာ ကံကောင်းမှာ သေချာသလောက်ပါပဲနော်။
>>>>>>>>>>YomaLan.com

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-