Wednesday, April 8, 2015

ပိုက်ဆံစုချင်သလား

No comments :


ပိုက်ဆံ စုချင်သူတွေ ဒီစာလေး ဖတ်ပြီး အောင်မြင်အောင် စုနိုင် ဆောင်းနိုင်ပါစေ။

(၁) အိမ်မှာပဲ ထမင်းချက်စားပါ၊ ဆိုင်မှာ မစားပါနဲ့။

(၂) ကော်ဖီသောက်တတ်ရင်လည်း ရုံးမှာ၊ အိမ်မှာပဲ အထုပ်ဖျော်သောက်ပါ။ ဆိုင်မှာ မသောက်ပါနဲ့။

(၃) ဈေးဝယ်မသွားခင် ဈေးစာရင်း ရေးပြီး ၀ယ်ပါ။

(၄) လူသုံးကုန်၊ စားသောက်ကုန်တွေကို အများကြီး မ၀ယ်ပါနဲ့။ ၀ယ်ထားပြီးသား ပစ္စည်းတွေကိုလည်း သုံးစွဲရက် မကျော်ခင် သုံးပါ။

(၅) အရည်အသွေးကောင်း၊ ထုပ်ပိုးမှု ပုံစံမြင့် ပစ္စည်းတွေထက် အရည်အသွေးကောင်းပစ္စည်းတွေသာ ၀ယ်ယူသုံးစွဲပါ။ ထုပ်ပိုးမှု စရိတ်တွေက ပစ္စည်းတန်ကြေးကို မြင့်တက်စေရုံသက်သက်ဆိုတာ နားလည်ပါ။

(၆) အကြွေးရှိရင် ပိုက်ဆံ မစုခင် အကြွေးအရင်ဆပ်ပါ။ နောက်မှ စုပါ။

(၇) ပေးဆောင်ဖို့ရှိတဲ့ အခွန်တွေကိုလည်း အချိန်မီ ပေးဆောင်ပါ။ အပိုကြေး၊ ဒဏ်ကြေး မပေးရအောင် နေပါ။

(၈) ATM Cardသုံးသူတွေက ကိုယ်အပ်ထားတဲ့ ဘဏ်ရဲ့ ATMစက်မှာ ပဲ ငွေထုတ်ပါ။ တခြားသော ဘဏ်တွေက ATMတွေမှာ ထုတ်ရင် အပိုကြေး ပေးဆောင်ရတတ်ပါတယ်။

(၉) သင့်မှာ ကလေးငယ်တွေနဲ့ လူကြီးသူမ မိသားစုတွေရှိရင် ကြိုးဖုန်းကို မသုံးပါနဲ့။ မိုလ်ဘိုင်းဖုန်းကိုပဲ သုံးသင့်ပါတယ်။

(၁၀) စာအုပ်တွေ ၀ယ်စုတာနဲ့ စာရင် စာအုပ်တွေ ငှားဖတ်ပါ။

(၁၁) စာအုပ်ဝယ်တော့မယ်ဆိုရင်လည်း ဘယ်လောက် ကိုယ့်အတွက် ဘယ်လောက် အသုံးဝင်မလဲ သေချာ စဉ်းစားပြီးမှ ၀ယ်ပါ။

(၁၂) ဈေးကြီးတဲ့ အရာတွေ မ၀ယ်ခင်တိုင်း ဈေးမေးပါ။ ဖြစ်နိုင် ရင် ဈေးဝယ်တိုင်း ဈေးနှုန်း ကြိုမေးပါ။

(၁၃) ကိုယ့်ရဲ့ ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာတွေကို ပြုပြင် ထိန်းသိမ်းခြင်းတွေ ပုံမှန် လုပ်ဆောင်ပါ။

(၁၄) လျှပ်စစ်မီးကို တတ်နိုင်သလောက် ချွေတာ သုံးစွဲပါ။

(၁၅) အပန်းဖြေ ခရီး မကြာခဏ မထွက်ပါနဲ့။

Credit to: Original Writer

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-