Wednesday, April 8, 2015

ချစ်သူ့ .. ကောင်းသတင်း.. ကြားသိလေသော်...

No comments :


အတွဲတစ်တွဲမှာ ကောင်လေးနဲ့ ကောင်မလေး ဘယ်သူ ပိုချစ်ကြသလဲ မသိနိုင်ပေမယ့် ကျွန်မတို့ မိန်းကလေးတွေ ချစ်သူရှိလာရင် ညညဆို မျက်ရည်ကို အဖော်ပြုတတ်လာကြပါတယ်။ ချစ်တဲ့သူ အဆင်မပြေရင် အနားမှာ ထပ်တူ ဝမ်းနည်းနေတတ်ကြသလို ချစ်သူ အောင်မြင်တဲ့အခါမှာလည်း ပိုတိုး ဝမ်းသာတတ်ကြသေးတယ်။။။

တစ်ခုရှိတာက မိန်းကလေးတွေဟာ ချစ်သူအပေါ် ပိုပိုချစ်လာလေ မျက်ရည်ပိုပိုကျလေ ဖြစ်ကြတယ်။ ချစ်သူ အဆင်မပြေရင် အရိပ်တကြည့်ကြည့်နဲ့ ပွေ့ဖက်အားပေးရင်း ဝမ်းပန်းတနည်း ငိုတတ်ကြသလို အောင်မြင်ပြန်ရင်လည်း လက်လေး ကျစ်ကျစ်ဆုပ်ကိုင်လို့ ဝမ်းသာမျက်ရည်က ကျရပြန်ရော။။။

အချစ်ဖွဲ့ စာရေးဆရာကြီးတွေရဲ့ စာဆိုအရ “ချစ်ဖူးသူတိုင်း ဝမ်းနည်းဖူးတယ်တဲ့” ဒါဆိုရင် အချစ်မှာ မျက်ရည်ရှိတာပေါ့..

ချစ်ရတဲ့ စာဖတ်မိတ်ဆွေလည်း လူတစ်ယောက်ကြောင့် ခဏခဏ မျက်ရည်ကျနေရပြီဆိုရင် ထိုသူကို သိပ်ချစ်မိနေပြီဆိုတာ သေချာနေပါပြီ။

သင့်အတွက်ဆို ဝမ်းနည်းလည်း ငို ဝမ်းသာလည်း ငို ပေးတဲ့ ချစ်သူလေး ရရှိထားရင် သူမကို ပျက်ရယ် မပြုလိုက်ပါနဲ့။ သင့်ကို အရာအားလုံးထက် မြတ်နိုးတွယ်တာပြီး သိပ်သိပ်ချစ်မိနေတာမို့ သူမကို ပွေ့ဖက်နှစ်သိမ့်ပေးရင်း သစ္စာတရားဖြင့် ဂုဏ်ပြုပေးလိုက်ပါနော်။

အချစ်ရှိသူတိုင်း မိမိရဲ့ ရင်ခုန်သံ အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ……..

#Yangonlife #LOVEISSUMMER

စုစည်းတင်ပြသူ - LL!

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-