Tuesday, April 7, 2015

အပျိုကြီးက အပျိုကြီးပဲ

No comments :

တခါကတုန်းက နတ်ပြည်မှာ နတ်သမီးအပျိုကြီးတယောက်ရှိသတဲ့ 
သူက တကိုယ်တည်းဆိုတော့ ကြာတော့ ပျင်းလာတာပေါ့ 
အဲဒါနဲ့ ပဲ .. သိကြားမင်းကိုသွားဂျီကျသတဲ့ ...။

သူ့ ကို ဖူးဇာရှင်ရှာပေးပေါ့ လေ ..
အဲ့ဒီတော့ သိကြားကပြောပြတယ်
မပူနဲ့ ပေါ့  မကြာခင် (နတ်ပြည်နဲ့  လူပြည် အချိန်ကွာတာကိုးး ) ရောက်လာမှာပေါ့ ...။

နတ်သမီးကအဲလောက်နဲ့ ဘယ်ရမလဲ ရစ်ရော....
သူ့ကို အဲ့ဒီလူ ပြပါပေါ့
အဲဒါနဲ့  သိကြားကပြလိုက်တယ် အဲ့ဒီလူကဘုန်းကြီေးကျာင်းကပ်နေတဲ့  ခြေတဖက်ကျိုးကြီးတဲ့ သူ့ ကုသိုလ်က သူကလမ်းသွားရင် ခြေတဖက်ကတရွတ်တိုက်နေတော့  အမှိုက်လှည်းပေး
သလိုဖြစ်နေတာတဲ့ .....။

အဲဒီ နတ်သမီး ကြည့်ရတာ နဲနဲ စပ်ဆော့ပုံရတယ်
တဘက်ထဲဆို ကုသိုလ်နည်းတယ်ပေါ့  ၂ဘက်လုံးချိုးလိုက်ရင် ကုသိုလ်ပိုများပြီး ငါ့ ဆီမြန်မြန်ရောက်မှာ
နောက်ငါလဲ တန်ခိုးပိုကြီး တဲ့ နတ်ယောက်ျားလေးရရောဆိုပြီး
နောက်ခြေတဘက်ပါချိုးလိုက်ရော.......။

ဟိုလူသေတော့  ကုသိုလ်တွေက သိပ်များနေတော့  နတ်ဖြစ်တော့  ....
အဲဒီဲနတ်သမီးနေတဲ့အထပ်ကျော်ပြီး..... အပေါ်က နောက် အထပ်ကိုရောက်သွားရောတဲ့...။

အဲဒီနတ်သမီးလဲ အပျိုကြီးက အပျိုကြီးပဲတဲ့ ..။

Credit to Working People Daily
K.K(ကနောင်)

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-