Tuesday, April 7, 2015

ချစ်ခြင်း မေတ္တာ

No comments :


တခါက အလွန် နွမ်းပါးချို့တဲ့ရှာတဲ့ အဖိုးအိုလင်မယား နှစ်ယောက်ရှိကြပါတယ်... တစ်နေ့မှာတော့ ရှည်လျားတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုက သူ့ဆံပင်တွေကို သေချာကျနစွာ ဖြီးသင်နိုင်ဖို့အတွက် ဘီးတစ်ချောင်း ဝယ်ပေးဖို့ အဖိုးအိုကို ပူဆာပါလေတယ်... အဖိုးအိုဟာ အဖွားအိုရဲ့ စကားကြောင့် စိတ်မကောင်းဖြစ်မိပေမယ့် ဘီးဝယ်ဖို့ ပိုက်ဆံမတတ်နိုင်တဲ့အတွက် မဝယ်ပေးနိုင်ကြောင်း ဝမ်းနည်းစွာ ငြင်းဆိုခဲ့ရပါတယ်...
အဘိုးအိုဟာ မိမိရဲ့ လက်ပတ်နာရီကြိုးပြတ်သွားတာကိုတောင် ဝယ်လဲဖို့အတွက် ပိုက်ဆံ အလုံအလောက် မရှိကြောင်း အဖွားအိုကို သေချာစွာ ရှင်းပြခဲ့ပါတယ်... အဖွားအိုကလည်း အဖိုးအိုရဲ့ စကားကြောင့် ဘီးဝယ်ပေးဖို့ ထပ်မံမတောင်းဆိုတော့ပါဘူး... နောက်တစ်နေ့မှာတော့ အဖိုးအိုဟာ အလုပ်ကိုအသွား လမ်းမှာရှိတဲ့ နာရီဆိုင်ကိုဝင်ပြီး သူ့ရဲ့ ကြိုးပြတ်နေတဲ့ လက်ပတ်နာရီလေးကို လျှော့ဈေးနဲ့ ရောင်းပြီး အဖွားအိုအတွက် ဘီးကလေး တစ်ချောင်းကို ဝယ်ယူထားလိုက်ပါတယ်...
ညနေ အိမ်ပြန်ချိန်မှာတော့ အဖွားအိုအတွက် ဘီးကလေးကိုကိုင်ကာ ပျော်ရွှင်စွာ အိမ်ပြန်လာခဲ့ပါတယ်... အိမ်ပြန်ရောက်လို့ အဖွားအိုကို မြင်လိုက်ရချိန်မှာတော့ အဖိုးအိုတစ်ယောက် အလွန်အံ့အားသင့်ခဲ့ရပါတော့တယ်... အကြောင်းရင်းကတော့ အဖွားအိုရဲ့ အလွန်ရှည်လျားတဲ့ ဆံကေသာကိုမတွေ့ရတော့ဘဲ တိုတောင်းတဲ့ ဆံပင်ပုံစံနဲ့ အဖွားအိုကို မြင်လိုက်ရတဲ့အတွက်ပါပဲ... ဒါ့အပြင် အဖွားအိုရဲ့ လက်ထဲမှာလည်း လက်ပတ်နာရီကြိုးအသစ်ကလေးကိုလည်း ကိုင်ထားတာကို တွေ့လိုက်ရပါတယ်... အဲဒီနောက် အဖိုးအိုနဲ့ အဖွားအိုတို့ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မျက်ရည်များကျဆင်းလာကြပါတယ်... သူတို့ နှစ်ယောက် အပြန်အလှန် ထားရှိတဲ့ ချစ်ခြင်းမေတ္တာ တရားကို နက်ရှိုင်းစွာ ခံစားမိကြလို့ပဲဖြစ်ပါတော့တယ်....
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ကျွန်တော်တို့ရဲ့ ဘဝမှာ..... ကိုယ်ပေးဆပ်ရတဲ့ အချစ် ဆိုတာ နာကျင်ခံစားရတာကလွဲရင် ဘာမှမဟုတ်ပါဘူး... ကိုယ့်ကိုချစ်တဲ့ အချစ်ကိုရရင်တော့ တစုံတခုကို သင်ပိုင်ဆိုင်ရခြင်းပါ... ကိုယ်ချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ တစ်ဦးတစ်ယောက်ထဲသာ ဖြစ်ရင်တော့ သင်ဟာ ကံအကောင်းဆုံးသူပါပဲ... ဒါကြောင့် သင့်မှာ အဲလိုချစ်ရတဲ့ ချစ်သူရှိခဲ့ရင် သင့်ချစ်သူကို တန်ဖိုးထား မြတ်နိုးကြပါ... အပြန်အလှန် နားလည်ဂရုစိုက်ကြပါ။
Credit to Myanmar Forward

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-