Tuesday, April 7, 2015
ချစ်သူပုံစံတူအသီးများ

၁ -
အရွဲ့တိုက်တတ်တဲ့ချစ်သူက
ဓညင်းသီးနဲ့တူတယ်
အကြောလည်းတက်တယ် နံလည်းနံတယ်
၂ -
စိတ်ကောက်တတ်တဲ့ချစ်သူက
ဆားငံသီးနဲ့တူတယ်
စထားပြီဆိုတာနဲ့ ရေအဆင်သင့်ဆောင်ထားရတာပဲ
၃ -
စကားများတဲ့ ချစ်သူကျတော့
သံပရာသီးနဲ့တူတယ်
နည်းနည်းလေးဆိုရင်တော့ ကြည်လင်လန်းဆန်းစေပေမယ့်
ကြာတာနဲ့အမျှ သွားကြိမ်းလာတယ်
၎ -
အမြဲသံသယထားတတ်တဲ့ ချစ်သူကျ
ငရုပ်သီးနဲ့တူတယ်
ဘယ်လိုစားစားစပ်တယ်
၅ -
ခပ်တည်တည်နေတဲ့ချစ်သူကျ
ဒူးရင်းသီးနဲ့တူတယ်
အပြင်က ဆူးတွေကိုအရင်ရှောင်ရတယ်
၆ -
ရှက်တတ်တဲ့ ချစ်သူကျ
အုန်းသီးနဲ့တူတယ်
သွားနဲ့လည်း ခွါမရ ပစ်ချလို့လည်းမဖြစ်
သူ့နည်း သူ့ဟန်လေးသိမှ အစဉ်ပြေတယ်
၇ -
ချွဲတတ်တဲ့ချစ်သူကျ
ထန်းသီးနဲ့တူတယ်
စားပါများနဲ့အမျှ မူးလာတာပဲ
၈ -
ဆရာကြီးလုပ်တတ်တဲ့ချစ်သူက
မင်းကွတ်သီးနဲ့တူတယ်
ကောင်းတော့ကောင်းပါရဲ့
သူနဲ့မတဲ့တယ့်အစားအစာတော်တေ
၉ -
သွက်လက်တဲ့ချစ်သူကျ
ပန်းသီးနဲ့တူတယ်
တန်ဖိုးနည်းနည်းမြင့်တော့
သူများမမြင်အောင်ဖွက်ထားရ
၁၀ -
ဂျစ်ကန်ကန်ချစ်သူကျ
မာလကာသီးနဲ့တူတယ်
သူမာသလောက် ကိုယ်ကလည်းသွားကောင်းကောင်း
၁၁ -
ဗဟေဒိဆန်တဲ့ ချစ်သူကျ
နာနတ်သီးနဲ့တူတယ်
အခွံခွါရတာလည်း ခက်တယ်
လှီးရတာလည်း ခက်တယ်
စားတော့လည်း အာခေါင်ရှတတ နဲ့
၁၂ -
တကယ်ချစ်ဖို့ကောင်းတာက ဖရဲသီးလိုချစ်သူမျိုး . . .
ဈေးလည်းမကြီးဘူး
ကျန်းမာရေးလည်းညီညွှတ်တယ်
ဘေးဥပဒ်လည်းမရှိဘူး
ရင်လည်းအေးတယ် . . . ။ ။
tongue emoticon
Ulay Kyi ( ကိုလင်း )
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment