Tuesday, April 7, 2015
အသက် ၁၈ နှစ်အရွယ် ကမ္ဘာ့လူသန် မိန်းကလေး
ရုရှားနိုင်ငံမှ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ Julia Vins ဟာ ကမ္ဘာ့ အသက်အငယ်ဆုံးနဲ့ အသန်မာဆုံး အမျိုးသမီး အဖြစ် စံချိန်တင်ထားပါတယ်။ အကြောင်းကတော့ သူမဟာ ပေါင် ၄၀၀ အလေးချိန် ရှိတဲ့ ဝိတ်တုန်းကို မနိုင် တာ ကြောင့် ဖြစ်ပါတယ်။ သူမရဲ့ ရုပ်ရည်ဟာ မင်းသမီး တစ်ယောက်လို ချောပေမယ့် ဘော်ဒီ ကတော့ ယောင်္ကျားသန်ကြီး တစ်ယောက်လို ကြွက်သား ဗလ များနဲ့ ပြည့်နေပါတယ်။ အသက် ၁၅ နှစ်လောက်ကနေ စပြီးတော့ ဆော့ခဲ့ရာကနေ အသက် ၁၇ နှစ် ရောက်တဲ့အခါ ပရော်ဖက်ရှင် ဝိတ်မ အားကစားသမား တစ်ဦး ဖြစ်လာခြင်း ဖြစ်ပါတယ်။ အသက် ၁၈ နှစ် ပြည့်ချိန်မှာ ဝိတ်တုံး ပေါင် ချိန် ၄၀၀ ကို မနိုင်တဲ့ စံချိန်ကို တင်ခဲ့ ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက ကျန်းမာပြီး သန်မာတဲ့ မိန်းကလေး တစ်ယောက်လို ရှိပြီး လှပ ပါတယ်။ အသက် ၁၅ နှစ် အရောက်မှာတော့ သူမဟာ ကာယဗလ ဆော့တဲ့ အမျိုးသမီးများကို အားကျပြီး နေ့စဉ် လေ့ကျင့်ခဲ့ရာ ယခုလို ဖြစ်လာခြင်း ဖြစ်ပါတယ်။ သူမရဲ့ လက်မောင်း၊ ကျော်ခုံး ကြွက်သား၊ ခြေထောက်ကြွက်သားများဟာ ယောင်္ကျား ကာယ ဗလမောင် တစ်ယောက်လို ပါပဲ။
သူမရဲ့ ချစ်သူဟာလည်း ကာယာဗလ ဆော့တဲ့ အမျိုးသား တစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ထရိန်နင် လုပ်တဲ့ နေရာမှာ အမျိုးသားများ ဆော့တဲ့ ဝိတ်တုံးများကိုသာ ရွေးချယ်လို့ ဆော့ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သိသိသာသာ တိုးတက်ပြောင်းလဲသွားတဲ့ Julia ရဲ့ ကာယဗလ ပုံရိပ်များကိုhttp://
အောင်ခမ်း (ရိုးရာလေး)
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment