Thursday, April 9, 2015

BF ဆိုတာ ...

No comments :
တစ်ခါတုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဟာ
ကျောင်းနေဖက်သူငယ်ချင်းတွေပေါ့...တစ်နေ့မှာ ကျောင်းကအပြန်
ကောင်မလေးက ကောင်လေးကိုမေးတယ် ''နင် BF ရဲ့ အဓိပ်ပယ်ကို သိလား''
ကောင်လေးက မသိဘူးလို့ဖြေတယ်..အဲဒီမှာကောင်မလေးကပြောတယ်
''BF ဆိုတာ Best Friend နင်က ငါ့ရဲ့ သူငယ်ချင်းကောင်းလေဟ''
အဲဒီလိုနဲ့..သူတို့နှစ်ယောက်ချစ်သူတွေ ဖြစ်သွာတယ်...တစ်ယောက်ကို တစ်ယောက်ငယ်သံယောဇဉ်လဲပါတော့ အရမ်းချစ်ကြတာပေါ့..
အဲဒီမှာ ကောင်မလေးက မေးပြန်တယ်..''ကို..BF ရဲ့ အဓိပ်ယ်ကို သိလား ''
''ဟင့်အင်း...ကို မသိဘူး'' အဲဒီမှာ ကောင်မလေးက ဒီလိုပြောတယ် '' BF
ဆိုတာ BoyFriend ပေါ့ကိုရယ်...''
နှစ်အနည်းငယ်ကြာတော့ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြတယ်..
သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက် မွေးတာပေါ့...အဲဒီမှာလဲ
မိန်းမဖြစ်သူကမေးပြန်တယ်...''ယောကျာ်းရေ BF ကဘာလဲဆိုတာ သိလား''
ယောကျာ်းဖြစ်သူက မသိဘူးလို့ ဖြေတော့ မိန်းမဖြစ်သူက ဒီလိုပြောသတဲ့
'' BF ဆိုတာ Blessing Family လေ ကျုပ်တို့ရဲ့ ပျော်ရွှင်ဖွယ်ရာ မိသားစုလေးပေါ့ ယောက်ျားရယ်''
အဲသည်လိုနဲ့ သူတို့တွေ အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်လာတဲ့ အချိန်မှာ
အဘွားဖြစ်သူကမေးပြန်သတဲ့ ''အဖိုးကြီး...BF ဆိုတာ ဘာတုန်းသိသလားတော်'' အဖိုးကြီးကလဲ ''အာ..ဒီအဖွားကြီး သူငယ်ပြန်နေပြန်ပြီ...အသက်တွေလဲကြီးနေပြီကို '' အဲဒီမှာ အဖွားကြီးက
အဘိုးကြီးရဲ့ လက်ကလေးကိုကိုင်ပြီး ဒီလိုပြောလိုက်တယ် ''တော်ကလဲအေ..
ကျုပ်ငယ်မူပြန်တာဟုတ်ပါဘူးတော်...ကျုပ်တို့ရဲ့ နောက်ဆုံးထွက်သက်
မရောက်ခင်လေးမှာ တော့်ကိုပြောခဲ့ချင်လို့ပါ ...တကယ်တော့ BF ဆိုတာ
ကျုပ်ချစ်ရတဲ့ ရှင့်ကိုပြောတာ အဓိပ်ပယ်ကတော့ Boy Forever ပေါ့ အဖိုးကြီးရယ်''
*တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ သက်ဆုံးတိုင် ချစ်နိုင်ပါစေ*

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-