Wednesday, May 20, 2015

မင်းသူ့ကိုအရမ်းချစ်တယ်ဆိုရင် ~ နားလည်ပေးပါ!

No comments :
Msg Reply မပြန်တာတို့ , Ph မကိုင်တာတို့ဆိုရင် ဘာတွေလုပ်နေပီ, ဘယ်သူနဲ့ရွှေ့နေပီ, အကွက်တွေကျော်နေပီလို့ စတွေးမယ့်အစား ၊၊၊ သူနေမကောင်းဘူးလားမသိ! အိမ်နဲ့များပြဿနာတက်နေတာလား!? အိပ်များပျော်နေတာလား?! မင်းဘက်ကစပီးဖြည့်တွေးပေး ~~ လုပ်ရပ်တိုင်းမှာအသွားအပြန်ရှိပါတယ် ~~~
မင်းသူ့ကိုအရမ်းချစ်တယ်ဆိုရင် ~
ဂရုစိုက်ပေးပါ!
ဘယ်အချိန် ဘယ်အချိန်မှ နေ့လည်စာစားပါ ~ ဘယ်လိုစားပါလို့ နိုးကတည်းကမှာထားမယ့်အစား ၊၊၊
အချိန်ရောက်မှ စားနေပီလား? ဘာနဲ့စားနေလဲတို့မေးပေးရင်ပိုကောင်းလိမ့်မယ်ထင်တယ်နော်!
သူနေမကောင်းဘူးဆိုရင် ~~ ဆေးသောက်ပါ, အိပ်ပါလို့ အပေါ်ယံပြောမယ့်အစား ၊၊၊ ဘာဆေးကိုသောက်ပါ, မအိပ်ချင်နေရင် သီချင်းဆိုသိပ်မယ်တို့ပေါ့! တစ်ကယ့် စိတ်ရင်းနဲ့လေ ~
Juz advice ပါ!!
မင်းသူ့ကိုတစ်ကယ်ချစ်တယ်ဆိုရင် ~
ရင်ခုန်စေပါ!
Anni တွေမှာ မထင်မှတ်ထားတဲ့ Supriseတွေနဲ့ အံ့သြစေရင်ကောင်းမယ်! For example, Dateမယ့်နေရာလေးမှာ နှင်းဆီလေးတစ်ပွင့် Packageလှလှလေးနဲ့ ကြိုထား,ထားသလိုမျိုးလေး!
ဘဝအမောတွေနဲ့သူ့ကို မင်းလက်ဆောင်လေးတွေကအားပြည့်စေတာမမေ့နဲ့လေ!
မင်းသူ့ကိုတစ်ကယ်ချစ်တယ်ဆိုရင် ~
အချိန်ပေးပါ!
Immmmm ~~ မင်းအလုပ်တွေအရမ်းရှုပ်နေတဲ့အချိန်တောင် အလုပ်ပီးရင် Phoneဆက်လိုက်မယ်ဆိုတဲ့ Textလေးတစ်ခုကြောင့် သူစိတ်အေးသွားနိုင်တယ်ဟုတ်?
အပြင်သွားတယ်ဆိုရင်လည်း ဘယ်ရောက်နေပါပီ, ဘာစားနေပါပီပေါ့!
မင်းသူ့ကိုတစ်ကယ်ချစ်တယ်ဆိုရင် ~
အလျှော့ပေးပါ!
သူ့ဘက်ကမှားနေတောင်မင်းအလျှော့ပေးတာနဲ့ ပြဿနာပြေငြိမ်းသွားလိမ့်မယ်ဆိုရင် မင်းအလျှော့ပေးလိုက်လေ ~ ပြဿနာက အရေးကြီးလား? သူကအရေးကြီးလား? မင်းစဉ်းစားလေနော်!
မင်းသူ့ကိုတစ်ကယ်ချစ်တယ်ဆိုရင် ~
ရှေ့ကနေကာကွယ်ပေးပါ!
မင်းကာကွယ်မှဖြစ်မှာလား? မဟုတ်ဘူးလေ ~ မင်းဘက်က ကာကွယ်နေလည်းထိုးနှက်မယ့် ကိစ္စတွေရှိလာမှာပဲ ~ အရမ်းအားငယ်နေတဲ့အချိန်ကျရင် မင်းလက်ကလေးဆုပ်ကိုင်ပီး ရင်ဆိုင်နေတဲ့ဆိုတဲ့အတွေး! Wow ~ How Romantic , Bro?!^^
မင်းသူ့ကိုတစ်ကယ်ချစ်တယ်ဆိုရင် ~
အရမ်းချစ်ပေးပါ ~
အကြောင်းပြချက်မရှိပဲနဲ့လေ ~ လိုချင်တာရှိလို့ ချစ်နေတာမဟုတ်ပဲနဲ့ပေါ့!!
Gud Luck ညီ!
B happy wif ur Honey ~
ref:POe Kaung

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-