အချစ်အကြောင်းအရာများ

Sunday, September 27, 2015

သင့်ရဲ့ ဖုန်းကြောင့် ချစ်သူတွေ ကွဲသွားစေနိုင်တဲ့ အရာများ

No comments :


လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Credit : Trend Myanmar

Sunday, September 20, 2015

Facebook ကြောင့် အိမ်ထောင်ကွဲမှု များလာ

No comments :

အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့ စစ်တမ်းအရ အိမ်ထောင်ကွဲရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော အကြောင်းအရင်းဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။ 

အဲဒါ ၂၀၁၁ ခုနှစ်တုန်းကပါ။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ပိုလို့တောင် တိုးပွားလာ ကြောင်း သိရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ်တွေ့ တွေ့မြင် ရပါတယ်။ မြန်မာပြည်မှာလည်း Facebook ကြောင့် ကွဲသွားတဲ့ အိမ်ထောင်ရှင်တွေကို တပ်အပ်မြင်ခဲ့ ရပါတယ်။ အမျိုးသမီး ဖြစ် သူဟာ နိုင်ငံခြားမှာ ရှိနေတဲ့ ငယ်ချစ်ဦးကို Facebook မှာ ပြန်တွေ့ရင်း အလွမ်းသည် ပြောဆိုနေမှုကို အမျိုးသားဖြစ်သူက တွေ့ ရှိခဲ့ပြီး ပြဿ နာ ရှာရာမှ တကယ်ကွဲသွားတဲ့ အတွဲ ရှိပါတယ်။ အိမ်ထောင်ကွဲသူ အမျိုးသားက တက္ကဆီဒရိုင်ဘာဖြစ်ပြီး သားသမီး ၂ ဦးနဲ့ ကျန်ခဲ့ပါတယ်။

ယင်းကဲ့သို့ အလားတူပဲ အခြားဖြစ်ရပ်တစ်ခုမှာ အမျိုးသားရဲ့  Facebook မှ တစ်ဆင့် အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်ခင်စုံမက်မှုကြောင့် အိမ်ထောင်ကွဲ တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်မှာတော့ အမျိုးသမီးက နစ်နာပြီး သားသမီးနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုပါပဲ Facebook, G Talk တို့ကြောင့် ကွဲ သွားရတဲ့ အိမ်ထောင်တွေ အများကြီးပါတယ်။ ဒါဟာ မြန်မာပြည် မှာ ဖြစ်နေ တာတင် မဟုတ်ပဲ ကမ္ဘာမှာပါ အရေအတွက် အလုံးလိုက် အရင်းလိုက်ကို ဖြစ်နေခြင်း ဖြစ်ပါတယ်။ အချို့ ကျတော့လည်း အပြောင်းပြန် ပါ။ Facebook ကနေပဲ ဖူးစာရှာတွေ့ပြီး ချစ်ကြီုက် ထိမ်းမြားလက်ထက် သွားသူများလည်း ရှိပါသေးတယ်။

ဒါကြောင့် ၂၁ ရာစုမှာ Facebook , Twitter အသုံးပြုမှုဟာ အိမ်ထောင်ရှင် အကြားမှာ အိမ်ထောင်ကွဲ စေရန် အကြောင်းပြချက် တစ်ခုပါ ဖြစ်လာကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (ရိုးရာလေး)

အသွားအပြန် မေတ္တာာအမှန်

No comments :


Boy - ကြင်နာပါ့မယ်
သူ့ကိုရင်ထဲကစစ်မှန်စွာကြင်နာပါ့မယ်
Girl - ဂရုစိုက်ပါ့မယ်
သူ့ကိုစကားနဲ့ပဲဖြစ်စေ အပြုအမူနဲ့ပဲဖြစ်စေ
ထိခိုက်နာကျင်မှုမျိုးမဖြစ်အောင် ဂရုစိုက်ပါ့မယ်
Boy - အမြဲတမ်းရယ်မောပျော်ရွှင်ပါ့မယ်
သူစိတ်ပင်ပန်းတဲ့အခါ ကျွန်တော့်မျက်နှာကိုကြည့်ပြီး
ပျော်ရွှင်နိုင်အောင် အမြဲတမ်းရယ်မောပျော်ရွှင်စွာနေပါ့မယ်
Girl - ဂရုစိုက်ကြင်နာပါ့မယ်
သူခြေကုန်လက်ပန်းကျပြီး စိတ်ပင်ပန်းတဲ့အခါတိုင်း
အမြဲတမ်းဂရုစိုက်ကြင်နာပါ့မယ်
Boy - ပျော်ရွှင်စေရပါမယ်
ဘဝကိုအတူတူဖြတ်သန်းတဲ့အခါ သူအမှန်တကယ်
ပျော်ရွှင်နိုင်အောင်တန်ဖိုးထားချစ်ခင်ပါ့မယ်
Girl - ဆွေးနွေးဖြေရှင်းပါ့မယ်
တစ်စုံတစ်ရာ နားလည်မှုလွဲမှားခဲ့ရင်
အပြန်အလှန်ဆွေးနွေးဖြေရှင်းကြပါမယ်
Boy - ကျေးဇူးတင်ပါတယ်
ဘဝမှာ ကျွန်တော်နဲ့အတူတူရှိနေပေးခြင်းကို
ကျေးဇူးတင်ပါတယ်
Girl - မှတ်သားထားပါ့မယ်
ဘဝမှာသေတပန်သက်တဆုံး သူ့ရဲ့သစ္စာတရားကို
ထာဝရမှတ်သားထားပါ့မယ်
heart emoticon heart emoticon heart emoticon TTA + Ŀàďy Phoënix

"အိပ်မက်လမ်း"

No comments :


i phone 6+ လည်းဝယ်မကိုင်နိုင်သေးဘူးး
ကိစ္စ မရှိဘူးး …
တစ်သိန်းကျော်တန်ဖုန်းလေးနဲ့ …
အင်တာနက်အေးအေးဆေးဆေးလေး
သုံးနိုင်သေးတယ် …

နိုက်ကလပ်တွေ ရှိုးပွဲတွေမသွားနိုင်သေးဘူးး
ကိစ္စ မရှိဘူးး …
ပျော်ရွှင်နေချိန် ၀မ်းနည်းနေချိန် …
အချိန်တိုင်းအဖော်ပြုပေးနေမယ့် …
သီချင်းလေးတွေ ရှိတယ် …

ရွှေတွေစိန်တွေသီးနေအောင် မဆွဲနိုင်သေးဘူးး
ကိစ္စ မရှိဘူးး …
သူတစ်ပါးကို ပြုံးပြနှုတ်ဆတ်မယ့်မျက်ဝန်းမှာ …
အရောင်တဖျက်ဖျက် …
လက်နေသေးတယ် …

သိန်းချီတန်အ၀တ်အစား မ၀တ်ဖူးသေးဘူးး …
ကိစ္စ မရှိဘူးး …
တီရှပ် ဘောင်းဘီရှည် လေးနဲ့လည်း
လွတ်လပ်ပေါ့ပါးလို့ …
သပ်ရပ်စမတ်ကျနေသေးတယ် …

အကောင်းဆုံးလက်ကိုင်အိတ် စိတ်မကူးနိုင်သေးဘူးး …
ကိစ္စ မရှိဘူးး …
ရှိသမျှပစ္စည်း တိုလီမုတ်စ အကုန်ဆန့်ပြီး …
သွားလေရာပါမယ့် …
ကျောပိုးအိတ်လေးတစ်လုံးရှိတယ် …

အကောင်းစားရေမွှေးး အနံ့တောင်မရှုဘူးသေးဘူး
ကိစ္စ မရှိဘူးး …
ကိုယ်ကျင့်တရားကောင်း …
စိတ်ထားကောင်းရင် …
ကိုယ်သင်းနံ့မွှေးနေမှာပဲ …

ချမ်းသာတဲ့သူငယ်ချင်းအပေါင်းအသင်းမရှိဘူးး …
ကိစ္စ မရှိဘူးး …
နေပူမိုးရွာ လက်ချင်းတွဲလို့ …
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့် …
ရဲဘော်ရဲဘက်တစ်ယောက်ရှိတယ် …

ချစ်သူ မြတ်နိုးသူတွေ ၀ိုင်းဝိုင်းလည်မနေဘူး …
ကိစ္စ မရှိဘူးး …
ပင်ပန်းအားငယ်လာတိုင်း …
မှီခိုအနားယူနိုင်မယ့် …
ရင်ခွင်လေးတစ်စုံရှိနေသေးတယ် …

ဒီကမ္ဘာမှာ … ငါ ဘာမှမပိုင်သေးဘူး …
ကိစ္စ မရှိဘူးး …
ဖြူစင်တဲ့နှလုံးသားလေးတစ်ခုရယ် …
မယုတ်မာတတ်တဲ့စိတ်ထားလေးရယ်နဲ့ …
ကိုယ့်အားကိုယ်ကိုးပြီး …
အရောက်လှမ်းသွားမယ့် …
အိပ်မက်လမ်းလေးတစ်ခု ပိုင်ဆိုင်နေသေးတယ် …

အလင်းရောင်

"ချစ်သူ မိန်းကလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်"

No comments :
၁။ "မအော်ငေါက်နဲ့"
-
မိန်းကလေးတွေဟာ သူတို့ချစ်သူက သူတို့ကိုအော်ငေါက်တာကို လုံးဝ မကြိုက်ကြဘူး~ချော့ပြောရင် နားထောင်နိုင်ပေမယ့် အော်ငေါက်ပြောတဲ့အခါ သူတို့က ဂျစ်ကန်ကန်ပဲတုံပြန်တတ်ကြတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး သူတို့ကို မအော်ငေါက်မိပါစေနဲ့
-
၂။ "ဆရာကြီးစတိုင်မလုပ်ပြနဲ့"
-
မိန်းကလေးတွေကကိုယ့်ချစ်သူ တော်ရင်ထက်မြက်ရင်သဘောကျ ပေမယ့် နေရာတကာ ငါ ဆရာကြီးလုပ်ပြနေရင် တဖြည်းဖြည်း အမြင်ကပ် လာတတ် တယ်။ ဒါကြောင့် တချို့နေရာတွေမှာ ကိုယ်ကသိနေရင်တောင် မသိချင်ယောင် သာဆောင်နေလိုက်ပါ။
-
၃။ "အဆက်အသွယ် မလုပ်ဘဲ အကြာကြီးပစ်မထားနဲ့"
-
ကိုယ်နဲ့သိပ်မရင်းနှီးတဲ့သူတွေကိုအဆက်အသွယ်မလုပ်ပဲအကြာကြီး နေလို့ရပေမယ့် ကိုယ့်ချစ်သူကိုတော့ တနေ့တခါလောက်တော့ ဖုန်းဆက်တာ ပဲဖြစ်ဖြစ် Message ပို့တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။ တခါတလေ ကိုယ်ပို့ လိုက်တဲ့ Morning Message တစ်စောင်က ကိုယ့်ကောင်မလေးရဲ့ တစ်နေ့တာကို ကိုယ်ထင်တာထက်ပိုပြီး အဓိပ္ပာယ်ရှိသွားစေနိုင်ပါတယ်။
-
၎။ "သူရဲဘောကြောင် မပြနဲ့"
-
မိန်းကလေးတိုင်းဟာသူတို့ချစ်သူကိုသတ္တိရှိတဲ့သူတစ်ယောက် ဖြစ်စေချင် ပါတယ်။ဘာတွေပဲပဲဖြစ်ဖြစ်သူတို့နဲ့လက်တွဲမဖြုတ်ဘဲအတူတူရင်ဆိုင် ပေးနိုင်မယ့်သူတစ်ယောက်ပေါ့ ဒါပေမယ့် အရေးကြုံတဲ့အခါမှ ကိုယ်က အားလျော့တဲ့စကားတွေပြောနေရင် ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးသွားတတ်ပါတယ်။
-
၅။ "နောက်မကျနဲ့"
-
ဘယ်သူမှနောက်ကျရင်မကြိုက်ကြပါဘူး။အထူးသဖြင့်မိန်းကလေး တော်တော်များများ နောက်ကျရင် အရမ်းမုန်းပါတယ်။ ဒါကြောင့် သူတို့ချိန်းထားရင် အတတ်နိုင်ဆုံး အချိန်မှန်ရောက်အောင်သွားပါ။ ။
-
၆။ "အရမ်း မချုပ်ခြယ်နဲ့"
-
မိန်းကလေးတော်တော်များများဟာ သူတို့ချစ်သူကောင်လေး တားမြစ် ထားတဲ့ကိစ္စတွေကို မလုပ်ဖို့ ဆုံးဖြတ်ထားပင်မယ့် တရားလွန်ချုပ်ခြယ်လာတာ မျိုး ဖြစ်လာရင်တော့ စိတ်ကုန်လာတတ်ပါတယ်။ ဒါကြောင့် တခါတလေ နားလည်မှုပေးပြီး လွှတ်ထားလိုက်ပါ။
-
၇။ "ရန်ဖြစ်ရင် ဘယ်တော့မှ လက်မပါနဲ့"
-
ဒါကတော့အပေါ်မှာပြောထားသလိုပါပဲ၊ ကောင်မလေးတွေဟာသူတို့ကို အော်ငေါက်ရင်တောင်မကြိုက်တာလက်ပါပြီးရိုက်နှက်တတ်တဲ့ ကောင်လေးဆိုရင်တော့ စိတ်ထဲကပါ ရွံရှာသွားတတ်ပါတယ်။ ဒါကြောင့် ရန်ဖြစ်ရင် ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကိုယ့်စိတ်ကိုယ်ထိန်းပါ။
-
၈။ "ကိုယ့်ချစ်သူကို တန်ဖိုးမထားတဲ့ပုံစံ ဘယ်တော့မှ မလုပ်ပြနဲ့"
-
ဒီအချက်ကတော့အားလုံးထဲမှာအရေးအကြီးဆုံးပါပဲ၊ ကောင်မလေး တစ်ယောက်ဟာ သူမကောင်လေးက သူမကို တန်ဖိုးမထားဘူးလို့ ခံစားရပြီဆို အဲ့ဒါဟာ သူမအတွက် ငရဲတစ်ခုလိုပါပဲ။ ဒါကြောင့် ကိုယ့်ကောင်မလေး ကိုယ့်အတွက် လုပ်ပေးတဲ့ အသေးစိတ်လေးတွေက အစ တန်ဖိုးထားကြောင်းပြပါ။ သူမနှင့် ချစ်ရသည့်အတွက်လည်း ပျော်ရွင်မိကြောင်း ခဏခဏပြောဆိုပါ။ သူမကို ကိုယ်တန်ဖိုးထားကြောင့် သူမသိပါစေ။
-
တကယ်တော့ ကမ္ဘာပေါ်မှာ အဲ့လိုမျိုးအချက်တွေကို လုပ်ပေးမယ့် "ကောင်လေး" မရှိဘူးလို့ ပြောမယ့် "ကောင်မလေး" တွေ တပြုံကြီးရှိပါတယ်၊ ဒါပေမယ့် အဲ့အချက်တွေ အားလုံးနဲ့မပြည့်စုံရင်တောင် ကိုယ့်ချစ်သူစိတ်ချမ်းသာအောင် အကောင်းဆုံးကြိုးစားပေးဆပ်နေမယ့် "ကောင်လေး" တွေလည်း အများကြီးရှိမှာပါ၊
-
အဲ့တော့ချစ်သူအားလုံးရန်ဖြစ်ခြင်းတွေကင်းပြီးအဆင်ပြေပြေနဲ့ နေနိုင်ကြပါစေလို့
-
အားလုံးသော စုံတွဲတွေ ပျော်ရွှင်ကြပါစေ
-
Credit To - Admin AK

ယောင်္ကျားသားတွေ ပစ်ခွာပြေးချင်လောက်အောင် ဖြစ်သွားတတ်တဲ့ အမျိုးသမီးတို့ ပြုတတ်တဲ့ အမူအကျင့် (၁၂ )မျိုး

No comments :
အချစ်ရေးရာ ကျွမ်းကျင်သူ Laura Yates နဲ့ Genevieve Zawada တို့ ရဲ့ ပြောပြ ချက်အရ ယောင်္ကျားသားတွေ ကို ခြောက်ထုတ်နေတဲ့အလား သင့်အနားက ခွာသွားစေတဲ့ ရိုးစင်းတဲ့ သာမန်အမှားလေးတွေ ၁၂ မျိုးရှိတယ်လို့ ဆိုပါတယ်။ ဒီအမှားလေးတွေဟာ ပြန်ပြင်လို့ မရနိုင်လောက်အောင် ဆိုးရွားတဲ့ အမှားလေးတွေတော့ မဟုတ်ပါဘူး။
၁။ မိတ်ဆွေနည်းပါးလွန်းခြင်း
အပေါင်းအသင်း မိတ်ဆွေပေါတဲ့ မိန်းကလေးမျိုးက ယောင်္ကျားသားတွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ မိတ်ဆွေပေါများတယ်ဆိုတာက သင့်ဘ၀မှာ သင်နဲ့ အတူ အချိန်တွေကို ကုန်ဆုံးချင်တဲ့ လူတွေရှိနေတယ်လို့  ဆိုလိုပါတယ်။ သူ့ အတွက် မိတ်ဆွေအပေါင်းအသင်းတွေကလည်း အရေးကြီးပြီး ရည်းစားယောင်္ကျားလေးတစ်ယောက်တည်းက သူ့ ဘ၀ရဲ့ အချက်အချာ မဟုတ်ပါဘူး။ ဒီအချက်နဲ့ ပဲ သင့်ချစ်သူကောင်လေးဟာ သင်နဲ့ အတူ အချိန်တွေ ကုန်ဆုံးခွင့်ရဖို့ အတွက် ပိုအားထုတ်ဖို့ လိုတယ်ဆိုတာ သိလာမှာပါ။
၂။ အကြောင်းမဲ့သ၀န်တိုခြင်း
ယောင်္ကျားလေးတစ်ယောက် ညဘက် အပြင်ထွက်တာမျိုးကို မျက်ကလူးဆန်ပြာဖြစ်နေပြီး သ၀န်တိုတဲ့ အရိပ်အယောင်တွေ ပြနေမယ်ဆိုရင်တော့ သင့်ကို အမြန်ပစ်ပြေးသွားနိုင်ပါတယ်။
၃။ မက်ဆေ့ခဏခဏပို့ ခြင်း
ယောင်္ကျားတွေဟာ မိန်းမတွေလောက် ဖုန်းနဲ့ စာပို့ တာကို ၀ါသနာမပါပါဘူး။ ယောင်္ကျားတစ်ယောက်ကို ဆက်တိုက်စာတွေပို့ နေမယ်ဆိုရင်၊ သင်ဟာ စိတ်ဓာတ်ပျော့ညံအားငယ်သူ တစ်ယောက်ဖြစ်တယ်လို့ ပြောနေသလိုဖြစ်ပြီး အချိန်တွေ တော်တော်အားယားနေတယ်လို့ ထင်နိုင်ပါတယ်။
၎။ တခြားပြင်ပစိတ်ဝင်စားမှုတွေမရှိခြင်း
ယောင်္ကျားလေးတွေဟာ သူတို့ နဲ့ စကားလက်ဆုံကျစရာ အကြောင်းအရာလေးတွေ၊ ၀ါသနာပါတဲ့အရာတွေ ရှိတဲ့ စိတ်ဝင်စားစရာမိန်းကလေးမျိုးကို ရင်ခုန်တတ်ကြပါတယ်။ သင်မြတ်နိုးတဲ့ အရာလေးတွေကို သူနဲ့ ချစ်သူ ဘ၀မှာလည်း လုပ်နေတတ်တာက သင့်ကို ပိုမိုစိတ်ဝင်စားမှုဖြစ်စေပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးလို့ သူ့ စိတ်ထဲမှာ သတ်မှတ်ထား မှာပါ။
၅။ ကလေးလေးလိုစကားပြောတတ်တာ
အဲလို တီတာတာတာ မပီကလာပြောတတ်တာမျိုးက ချစ်စရာကောင်းတယ်လို့ သင်ထင်နေရင်တော့ မှားနေပါပြီ။
၆။ ချုပ်ချယ်တတ်တာ
ယောင်္ကျားလေးတစ်ယောက်ကို သူနှစ်သက်ဝါသနာပါတာတွေလုပ်ဖို့ လွတ်လပ်ခွင့် ပေးထားပါ။ ယောင်္ကျားလေးတစ်ယောက်ဟာ သူ့ ဘ၀မှာ နှစ်သက်ဝါသနာပါတဲ့ အရာတွေ လုပ်ဖို့ ပိတ်ပင် ခံထားရတယ်လို့ ခံစားရတာနဲ့ အချစ်ရေးမှာ အဖုအတင်းတွေ ဖြစ်လာမှာပါ။
၇။ တခြားမိန်းကလေးတွေအကြောင်း မကောင်းပြောတာဒါဟာ မိမိကိုယ်ကိုယုံကြည်မှုနည်းတယ်လို့ ပြနေတာပါပဲ။ အမြင်သဘောထားကို ပြောပြတာမျိုးက ကောင်းပေမယ့် အခြေအမြစ်မရှိ တခြားမိန်းကလေးကို အပုပ်ချတတ် တာက ဆွဲဆောင်မှုရှိတဲ့ အရည်အချင်းတော့ မဟုတ်ပါဘူး။
၈။ မူရာပိုမင်းသမီးလေးလုပ်တတ်ခြင်းတကယ်ပြောပြလောက်စရာ အကြောင်းပြချက်မှမရှိဘဲ ငိုလိုက်၊ရယ်လိုက်၊ဆွေးလိုက် လုပ်နေတာက စိတ်ကုသမှုတစ်ခုခု ခံယူမှဖြစ်တော့မယ့် သဘောပါပဲ။
၉။ ကတိဝန်ခံချက်တွေ အတင်းတောင်းခြင်း
အချစ်ရေးတစ်ခုဟာ သာမန်အတိုင်းပဲ တဆင့်ဆင့်ရစ်ပတ်သွားတာ ကောင်းပါတယ်။ ယောင်္ကျားလေးတစ်ယောက်ကို ကတိစကားတွေတောင်းပြီး ဖိအားမပေးမိဖို့ လိုပါတယ်။ ဒီလိုမျိုးလုပ်နေပြီဆိုရင်တော့ သင်နဲ့ အဝေးဆုံးကို သူ ထွက်ပြေးသွားပါလိမ့်မယ်။
၁၀။ အလွန်အကျွံဖွင့်ပြောခြင်း
ဘ၀လက်တွဲဖော်နှစ်ယောက်ကြားမှာ ရင်းနှီးမှုတစ်ခု ဆောက်ယူတဲ့ အနေနဲ့  သင့်ရဲ့ အတွင်းကျကျအကြောင်းအရာလေးတွေကို သင့်ရဲ့ လက်တွဲဖော်ကို ယုံကြည်စွာပြောပြတတ်တာကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် အချိန်ခဏလေးမှာပဲ အိတ်သွန်ဖာမှောက်ပြောပြတတ်တာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
၁၁။ အာဏာပြခြင်း
သင်ဟာ စကြိုက်ကြတဲ့နေ့ မှာပဲ ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ခံစားရတဲ့ ယောင်္ကျားတစ် ယောက်မျိုးနဲ့ တွေ့ ပြီဆိုရင်တော့ ဒါဟာ သင်ရွေးချယ်ထားတဲ့ ယောင်္ကျားကိုက မှားနေတာပါ။ တတ်နိုင်သမျှ သူတို့ စိတ်ကြိုက်ဘ၀ကို ဖြတ်သန်းတဲ့ ပုံစံအတိုင်း ဖြတ်သန်းပါစေ။ အတင်းအာဏာပြပြီး သူတို့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့ ။
၁၂။ အမြဲတမ်း ယောင်္ကျားလေးကပဲ ရှင်းရမယ်လို့ မှတ်ယူထားတာ
ဘယ်သွားသွား ဘာလုပ်လုပ် အလှည့်ကျရှင်းကြရအောင်ဖြစ်ဖြစ်၊ နှစ်ဦးကြား ဒီလိုမျိုး သဘောတူညီမှုတစ်ခုမရှိဘဲနဲ့  အမြဲတမ်းယောင်္ကျားလေးကပဲ သင်မျှော်လင့်နေရင် တော့ ငွေအတွက်ကြောင့်ပဲ သူ့ ကိုချစ်တာလို့ ထင်ပြီး ပစ်ခွာသွားနိုင်ပါတယ်။ သူက မရှင်းနဲ့ နော်လို့ ပြောပေမယ့်လည်း အမြဲတမ်း ရှင်းဖို့ ကြိုးစားကြည့်ပါ။
TrendMyanmar

ရည်းစားဟောင်းကို မမေ့နိုင်ပဲ သတိတရရဖြစ်နေသူတွေအတွက် သူ့ကို ကိုယ့်ဘ၀ထဲက အမြန်ဆုံးထုတ်ပစ်နိုင်မယ့် နည်း (၁၀) သွယ်

No comments :


ကိုယ်ချစ်ရတဲ့သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကဖြတ်လိုက်သည်ဖြစ်စေ၊ ကိုယ့်ကိုထားခဲ့သည်ဖြစ်စေ သံယောဇဉ်ငြိတွယ်နေသေးသလား၊ မငြိတွယ်တော့ဘူးဆိုတာ ကိုယ်သာအသိဆုံးဖြစ်မှာပါ။ ဘယ်လိုအချက်တွေက သင်သူ့ကို သံယောဇဉ်မပြတ်သေးဘူးလဲဆိုတာ ထောက်ပြနေပါသလဲ။ ဥပမာ သူ့ကိုအကြောင်းရှာပြီး ဆက်သွယ်ချင်နေတယ်။ သူ့အိမ်မှာ ကိုယ့်ပစ္စည်းဘာကျန်ခဲ့တယ်ဆိုတာကို အကြောင်းပြပြီး သူနဲ့တွေ့ဖို့ ဇာတ်လမ်းရှာချင်နေ တယ်။ ဖုန်းခေါ်ချင်စိတ်တွေဖြစ်တယ်။ သူ့အလုပ်နား၊ ရုံးနား အကြောင်းမရှိအကြောင်းရှာသွားတယ်၊ သူ့အိမ်နားကို ကားပတ်မောင်းဖြစ်တယ်။ သူ့ဆီက တစ်ခုခုများကြားရမလားရယ်လို့ သူ့အခင်ဆုံးသူငယ်ချင်းတွေဆီလည်း ဖုန်းဆက်ရတာအမောပဲ။ ကဲ ဒီလိုအဖြစ်အပျက်တွေ ရှိလာပေမယ့် သူကတော့ သင့်ကို ပြတ်သားနေပြီ။ ဒါဆို သင့်ဘက်ကရော ဘယ်လိုလုပ်မှာလဲ။ ပြတ်သားချင်ပေမယ့် ပြတ်သားလို့မရတာမျိုးလား။ သင်သူ့ကို ပြတ်သားလိုက်ချင်ပြီ။ မေ့ပစ်လိုက်ချင်ပြီဆိုတာ သေချာရင် ဒီနည်းလေးတွေအတိုင်းသာ လုပ်ဆောင်ကြည့်လိုက်ပါ။
၁။သင်ဘာတွေခံစားနေရနေရ ဒါကို လက်ခံလိုက်ပါ။
ခံစားချက်တွေက ကောင်းတာမျိုး ဆိုးတာမျိုး ဘာတွေဖြစ်နေဖြစ်နေ အတင်းဖျောက်ဖျက်ပစ်လို့ မရတာမို့ သူ့ကို သတိရနေရင် သတိရတယ် လက်ခံလိုက်ပါ။ ပြီးတဲ့အခါ ကိုယ့်ကိုယ်ကို နားလည်အောင် ကြိုးစားပါ။ ဘာလို့သတိရ နေတာလဲဆိုပြီး အပြစ်တင်စရာ မလိုပါဘူး။ အရင်ဆုံး စိတ်အေးချမ်းသွားအောင်သာ လုပ်ပါ။
၂။သီးခြားမနေပါနဲ့၊ တစ်ယောက်တည်း မနေပါနဲ့။
သူငယ်ချင်းတွေ၊ အပေါင်းအသင်း၊ မိသားစုတွေနဲ့ နွေးနွေးထွေးထွေးနေပါ။ သူတို့ကလည်း သင့်အတွက် ၀ိုင်းဝန်းဖေးမပေးကြမှာပါ။
၃။ဒိုင်ယာရီထဲမှာ အစီအစဉ်၊ လှုပ်ရှားမှုတွေနဲ့ အပြည့်ဖြစ်နေအောင် လုပ်ဆောင်ပါ။
နေ့ရက်တိုင်း၊ အပတ်စဉ်တိုင်းမှာ လုပ်ဆောင်မှုတွေ ရှိနေပါစေ။ အစီအစဉ်တွေ ရေးဆွဲပါ။ အဲ့ဒီအတိုင်းပြုမူနေထိုင်ပါ
၎။အရင်က သတိရစရာတွေအားလုံး ၀ဲလိုက်ပါတော့။
သူပေးထားတဲ့ လက်ဆောင်၊ အရုပ်၊ ပို့စကတ် စတာတွေအားလုံးကို တစ်ယောက်ယောက်ကို ပေးရင်ပေး မပေးရင်လည်း လွှင့်ပစ်လိုက်ပါ။
၅။တတ်နိုင်သလောက် သူနဲ့ပတ်သက်တဲ့သူ၊ အရာရာတိုင်းနဲ့ ခပ်ဝေးဝေးနေလိုက်ပါ။
ဒါကတော့ ရှင်းပါတယ်၊ သင့်စိတ်တည်ငြိမ်မှု မရမချင်း သူနဲ့သွားတွေ့တာမျိုး၊ သူ့မိသားစုနဲ့တွေ့ဖြစ်နေတာမျိုး၊ သူ့ညီအစ်ကို မောင်နှမတွေနဲ့ ဆက်သွယ်နေတာမျိုး၊ ဖုန်းပြောတာမျိုး၊ အီးမေးလ်ပို့တာမျိုး၊ ချက်တာမျိုးတွေ မလုပ်မိလေ ကောင်းလေပါပဲ။
၆။သွားနေကျ နေရာတွေကို ရှောင်ပါ။
သူနဲ့အတူ သွားခဲ့ဖူးတဲ့ နေရာမျိုးတွေ မသွားမိပါစေနဲ့။ ဒါ့အပြင် အချစ်သီချင်းတွေလည်း နားမထောင်ပါနဲ့။
၇။စိတ်ထဲခံစားနေရတာတွေအားလုံးကို ချရေးပါ။
သင့်စိတ်ထဲ နာကျင်နေရတာတွေ၊ ပြောချင်တာတွေ၊ ခံစားနေရတာတွေ အားလုံးကို စာအုပ်တစ်အုပ်ထဲ အားလုံးချရေးပါ။ ဒါဟာ တစ်ဖြည်းဖြည်းနဲ့ ဝေဒနာကို ကုစားပေးသွားမယ့် အချက်တွေထဲက တစ်ခုပါပဲ။
၈။သင့်ရဲ့ပျော်ရွှင်မှုဟာ သင့်ရည်းစားဟောင်းပေါ် မူတည်နေတာ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုသတိပေးပါ။
ကိုယ့်ဘ၀အတွက် ပျော်ရွှင်မှုဆိုတာ တခြားသူဆီမှာ မတည်မှီနေသင့်ပါဘူး။ ဒါကို နားလည်သဘောပေါက်အောင် ကြိုးစားရင် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်းတီယူပါ။
၉။အသည်းကွဲတယ်ဆိုတာ နောက်တစ်ဖန်အသစ်တစ်ခုကို ဖန်တီးနိုင်ဖို့ အခွင့်အရေးဆိုတာ နားလည်ပါ။
စိတ်ရှုပ်စရာကောင်းတဲ့ အရာတွေထဲ ရစ်ဝဲနေမယ့်အစား အသစ်တစ်ခုကို ဖန်တီးပြီး ပျော်ရွှင်စွာနေသွားနိုင်မယ့် အခွင့်အရေးပါလားလို့ တွေးဖို့လိုပါတယ်။
၁၀။လက်ရှိဖြစ်တည်နေတာ၊ ဖြစ်ပျက်နေတာတွေကိုသာ အာရုံစိုက်ပါ။
ခုလက်ရှိ ငါဘာတွေလုပ်နေလဲ၊ ဘာတွေဖြစ်နေပြီလဲဆိုတာကိုသာ ပိုအာရုံစိုက်နိုင်အောင် ကြိုးစားပါ၊ ပြီးခဲ့တာတွေကိုလည်ပြန်ကြည့်ပြီး တသသ ဖြစ်နေစရာ မလိုပါဘူး။
Ref:yourtango
ဟန်နီ
Trend Myanmar

အရမ်းချစ်တတ်သူတွေ ဖြစ်တတ်ကြတဲ့အလေ့အထ

No comments :

(၁) ကိုယ်ချစ်တဲ့သူနဲ့ ချက်တဲ့အခါ Reply မြန်မြန်ရစေ ချင်တယ်

(၂) ကိုယ်ချစ်တဲ့သူနဲ့ ပက်သက်တဲ့ ခံစားချက်အချို့ကို သူငယ်ချင်းတွေ အရှေ့မှာ ရင်ဖွင့်ဖူးတယ်

(၃) သူနဲ့ တွေ့ရတော့မယ့်နေ့တွေဆို မနက်ဖြန်မြန်မြန်ရောက်ချင်တဲ့ စိတ်ကြောင့် အဆောကြီး အိပ်ယာ ၀င်ခဲ့ဖူးတယ်

(၄) သူ့ကိုသတိရတဲ့အခါတိုင်း အလွမ်းအဆွေး သီချင်းတွေပဲ ရွေးပြီး နားထောင်ဖူးတယ်

(၅) ၀မ်းနည်းမှု ၊ အားငယ်မှု ၊ စိတ်ဓာတ်ကျမှု တစ်ခုခုကြုံတိုင်း သူ့အနားမှာရှိဖို့ မျှော်လင့်ခဲ့ဖူးတယ်

(၆) သူနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အခါမျိုးမှာ မျက်စိထဲ မြင်သမျှအရာ အားလုံးကို စိတ်တိုနေတတ်တယ်

(၇) သူ့ဓာတ်ပုံလေးတွေ ကို ထုတ်ကြည့်ပြီး အလွမ်းဖြေခဲ့ဖူးတယ်

(၈) ကိုယ့်ကို တခြားတယောက်နဲ့ သူကသ၀န်တိုတဲ့အခါ စိတ်ထဲမှာ ကျိတ်ပြီး ၀မ်းသာခဲ့ဖူးတယ်

(၉) သူနေမကောင်းဖြစ်ရင် ကိုယ်နေမကောင်းဖြစ်တာထက် ပိုပြီး စိတ်ပူတယ်

(၁၀) သူနဲ့ ရန်ဖြစ်ပြီးမှ ''အော် ငါအလျှော့ပေးလိုက်ရင် ကောင်းသားနော်'' ဆိုတဲ့ စိတ်ကလေး တွေးခဲ့ဖူးတယ်

(၁၁) သူ့ကို အရမ်းလွမ်းလွန်းလို့ သူရှိနိုင်တဲ့ နေရာလေးကို မှန်းဆပြီး ဒီအချိန်ဆို သူဘာလုပ်မနေလဲဆိုတဲ့ အတွေးလေးနဲ့ ရူးလောက်အောင် လွမ်းခဲ့ဖူးတယ်

(၁၂) သူနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ အကုန်လုံးကို မှတ်မိနေတတ်တယ်

(၁၃) သူ့အသံလေးကြားလိုက်ရရင် တစ်နေ့လုံး နေသာထိုင်သာ ရှိသွားရော

(၁၄) ကိုယ့်ဆန္ဒထက် သူ့ဆန္ဒကို ပိုပြီး ဦးစားပေးတတ်တယ်

(၁၅) သူနဲ့လမ်းခွဲဖို့ အကြောင်းဆို တကယ်ဖြစ်ဖို့ မပြောနဲ့ စိတ်ထဲမှာ တွေးလိုက်ရင်တောင် နေစရာ နေရာမရှိတော့ဘူး

(၁၆) သူ့ထက်လှတဲ့သူ ၊သူ့ထက် ခန့်တဲ့သူ ၊ မြင်ရင်တောင် သူ့လောက် လှတယ် ၊ ခန့်တယ် လို့မမြင်မိတော့ဘူး

ချစ်သူခြင်း စိတ်ကောက်ကြပြီဆိုရင် . . .

No comments :


( ၁ ) အရွဲ့မတိုက်ပါနဲ့ 

ဒါဟာ ပြဿနာဖြေရှင်းဖို့
အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး

မီးလောင်ရာ ဓာတ်ဆ်ီနဲ့ ရေ မှားလောင်းမိသလိုပဲ



( ၂ ) ပြဿနာအစကို ပြန်စဉ်းစားပါ

ဘယ်သူ့ကြောင့် ဘာကြောင့်လဲ သေချာပြန်တွေးပါ
လူအမှားကိုဖျောက်ပြီး ဘယ်စကားက မှားသွားခဲ့သလဲတွေးပါ

အကောင်းဆုံး နည်းလမ်းကိုသေချာစဉ်စားပါ



( ၃ ) ကိုယ်က သူ့ကိုဘယ်လောက်ချစ်သလဲပြန်တွေးပါ

ကိုယ်မြတ်နိုးလို့ ရွေးချယ်ထားရတဲ့ချစ်သူပါ
ဘာမှဟုတ်တဲ့ ကိစ္စနဲ့ စွန့်လွှတ်ဖို့မ တွေးပါနဲ့

သူဘာဖြစ်ဖြစ်ချစ်နေမှ အချစ်ပါ .



( ၄ ) သူချစ်ခဲ့တာတွေ ပြန်တွေးပါ

အပြစ်တွေကို အချစ်တွေနဲ့ဖြေရတယ်တဲ့
ချစ်လွန်းလို့ ပြဿနာဖြစ်တာပါ !

စိတ်ဆိုးစိတ်ကောက် ရစ်တာ အပြစ်မဟုတ်ပါဘူး



( ၅ ) မာနကို စွန့်ပါ

ကိုယ့်ပုံစံခွက်ထဲနေရမယ်ဆိုတဲ့ မာနကိုစွန့်ပါ

ချစ်သူဆိုတာ ဖယောင်းတုံးမှမဟုတ်တာ
လိုသလို ပုံသွင်းဖို့ မဖြစ်နိုင်ပါဘူး



( ၆ ) ဟာမိုနီ ကျအောင်နေပါ

ချစ်သူက စကက်ဝတ်မယ်ဆို
ကိုယ်က ဘောင်းဘီဝတ်တာပေါ့
ချစ်သူက ထဘီဝတ်မယ်ဆို
ကိုယ်က ပုဆိုးလေးဝတ်မှာပေါ့
ဒါက အဆင်ပြေဆုံးနည်းလမ်းပါပဲ

Lဆိုင်းဇီကို ထူးအိမ်သင် ကီးနဲ့ ဆိုခိုင်းလို့တော့
သီချင်းကောင်းတစ်ပုဒ် ဖြစ်လာမှာမဟုတ်ပါဘူး . . .



( ၇ ) မစမ်းသပ်ပါနဲ့

ချစ်လွန်းခဲ့ရင် ကိုယ့်ကို သူဘယ်လောက်ချစ်သလဲသိချင်လာတာ
ချစ်သူတိုင်းရဲ့ ဖြစ်တက်တဲ့ သဘာဝပါပဲ
ဒီတော့ အချစ်စမ်းကြပါတယ်
ဒါဟာ မကြာခဏလုပ်သင့်တဲ့ ကိစ္စတော့မဟုတ်ပါဘူး

အချစ်ဟာ သစ်ပင်လေးတစ်ပင် ဆိုပါစို့
သူဘယ်လောက်ချစ်သလဲ သိချင်ရင်
သူ့ထံကအချစ် အဖူးအပွင့်ကိုကြည့်ပါ
အမြစ်ကို တူးကြည့်ပြီးမှ ယုံမယ်ဆိုရင်တော့
သစ်ပင်လေးပါ သေသွားနိုင်ပါတယ် . . .



စိတ်ဆိုး စိတ်ကောက်တယ်ဆိုတာ
ချစ်သူတိုင်းရဲ့ ဥာဏ်စမ်းပုစ္ဆာတွေပါပဲ . . . heart emoticon kiss emoticon



Ulay Kyi ( ကိုလင်း )

သူဂရုမစိုက်လို့ ကိုယ်ကပြန်ဂရုမစိုက်ပဲနေရင် တဖြေးဖြေး ဝေးသွားမှာပေါ့

No comments :
သူဂရုမစိုက်လို့ 
ကိုယ်ကပြန်ဂရုမစိုက်ပဲနေရင်
တဖြေးဖြေး ဝေးသွားမှာပေါ့

သူဖုန်းမဆက်လို့
ကိုယ်ကမခေါ်ပဲနေရင်
တဖြေးဖြေး သွေးအေးသွားမှာပေါ့

မက်ဆေ့တွေသူ replyမလုပ်တိုင်း
ကိုယ်ကမပို့တော့ရင်
တဖြေးဖြေး မေ့သွားမှာပေါ့

သူ့ဘက်က အချစ်တွေလျော့ နေလို့
ကိုယ်က နဲနဲလေး လျော့ ချစ်လိုက်ရင်
တဖြေးဖြေး သူစိမ်းတွေဖြစ်သွားမှာပေါ့

တကယ်လို့သာ
ချစ်တဲ့သူကို
အချစ်စစ်နဲ့ ချစ်ခဲ့တယ်ဆိုရင်
တယောက်နဲ့တယောက်
လျော့သင့်တာလေးတွေ
ညိသင့်တာလေးတွေ
နားလည်သင့်တာလေးတွေ
ရှိနေစေချင်တယ်လေ

အချစ်ဆိုတာ
သူအနိုင်
ကိုယ်အနိုင်
တွက်ချက်ရမဲ့
ညဏ်စမ်းတခုမဟုတ်သလို

အရှုံးအမြတ် တွက်ချက်ရမဲ့
ရောင်းကုန်တခုလဲမဟုတ်ပါဘူး

Poem love(͡° ͜ʖ ͡°)

ဟုတ်ရဲ့လား friတို့

" ချစ်တတ်သူတိုင်း ဖတ်ကြည့်ပါ အရမ်းကို ကြိုက်လို့ ပါ "

No comments :


၁။ သူအမြဲမေးတတ်တယ်…” ဘယ်မှာလဲ? အခုဘာလုပ်နေလဲ?” 
(သူမင်းကို သတိရနေတာပါ၊ မင်းနဲ့ စကားပြောချင်တာပါ၊ မင်းသူ့ဆီကို စာမပို့ပေးတော့ သူဇဝေဇ၀ါ ဖြစ်နေတယ်။ မင်းအလုပ်ရှုပ်နေမှာ ကိုလဲ စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။ တခြားလူဆို ဘာလုပ်လုပ်ပေါ့… သူဂရုမစိုက်ဘူး။ ဒါကြောင့် အချိန်လေးရရင် သူ့ကို ဆက်သွယ်ပါ၊ သူစိတ်ချပါစေ၊ မင်းရဲ့စိတ်ထဲမှာ သူရှိပါတယ် ဆိုတာကို သူသိပါစေ၊ သူ့ဘက်ကနေအမြဲတမ်း မင်းကို စပြီး ဆက်သွယ်နေရင် သူ့ကိုသူ အရှုပ်ထုတ်လို့ ထင်နေမိနိုင်ပါတယ်။ )

၂။ သူပြောလေ့ရှိတယ်… “ငါ မပျော်ဘူး၊ စိတ်ရှုပ်တယ်။”
(ဒါကို အားအားရှိ စိတ်အနှောင့် အယှက် ဖြစ်စရာ လို့ မထင်လိုက်ပါနဲ့။ သူ တကယ် မပျော်တာမဟုတ်ပါဘူး။ သူ မင်းကို သတိရနေတာပါ။ သူမင်းရဲ့ နှစ်သိမ့် စကား လေးကို တောင့်တ နေလို့ပါ။ အရိုးရှင်းဆုံး “လိမ္မာတယ်… မဆိုးနဲ့နော်” ဆိုတာလေးနဲ့လဲ သူကျေနပ်နိုင်ပါတယ်။)

၃။ သူပြောလေ့ရှိတယ်… “နေကောင်းအောင်နေနော်၊ လမ်းမှာ သတိထား၊ ကိုယ့်ကိုယ်ကိုဂရုစိုက်ဦး။
(ဒါကို သူအပိုတွေပြောနေတယ်လို့ သဘော မထားလိုက်ပါနဲ့၊ မင်း သူ့ရဲ့စိတ်ထဲမှာ ရှိတယ်၊ သူမင်းကို စိတ်ပူတတ်တယ် ဆိုတာကို ပြောချင်တာပါ။)

၎။ သူပြောလေ့ရှိတယ်… “မင်းကို ကူညီချင်တယ်… ဘာဖြစ်ဖြစ်သူ့ကိုပြောပြပါ။” (ဒါပေမဲ့ သူသိတယ်၊ သူမင်းကို ဘယ်လောက်ထိမှ မကူညီနိုင်ဘူးဆိုတာကို။ သူမင်းကို သိစေချင်တာက… သူ မင်းဘေးမှာ အမြဲရှိနေမယ်၊ မင်းကို အမြဲအားပေးနေမယ်။)

၅။ “ဘာကိစ္စလုပ်လုပ် မင်းရဲ့ သဘောထားကို မေးတတ်တယ်။”
(သူ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ မင်းကို မှီခိုလွန်းနေတာ မဟုတ်ဘူး။ သူမင်းကို လေးစားတာ၊ အရာရာ မင်းကို ဦးစားပေးတတ်လို့ပါ။”)

၆။ “ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် သူ မင်း နဲ့ နီးနီးကပ်ကပ် ဘဲ ရပ်နေတတ်တယ်။” (ဒါကတော့ သူမင်းကို ယုံကြည်တယ် ဆိုတာကို ပြတာပါ။)

၇။ “သူ ၀မ်းနည်းတတ်တယ်၊ လျှောက်စဉ်းစားတတ်တယ်။”
(သူ အတွေးလွန်နေတယ်၊ မဟုတ်တာတွေပူပန်နေတယ်လို့ သဘော မထားမိလိုက်ပါနဲ့။ တခါတလေ သူလဲ လုံခြုံစိတ်ချစေတဲ့စိတ်မျိုး ကင်းမဲ့နေတတ်ပါတယ်။)

၈။ “သူ ကရုတ်တရက် မင်းကို အေးတိအေးစက်၊ ဒါမှ မဟုတ် စိတ်ဆိုးစိတ်ကောက်တတ်တယ်။”
(သူ ကလေးဆန်တယ်လို့ အပြစ်မတင်လိုက်ပါနဲ့၊ သူ မင်းချော့တာလေးကို ခံချင်လို့ပါ)

} နင့်ရဲ့ ဂရုစိုက်မှု့လေးကို လိုချင်လွန်းလို့ပါ {

No comments :


ကာင်လေး ။ ။ နင် နေရောကောင်းရဲ့လား ?
ကောင်မလေး ။ ။ သိပ်မကောင်းဘူး ...
ကောင်လေး ။ ။ ဘယ်လိုဖြစ်တာလဲ ...
မနေ့ကမှ အကောင်းကြီးရှိသေးတယ်
ကောင်မလေး ။ ။ အင်း ... အအေးမိသွားတာ !
ကောင်လေး ။ ။ ဘာ! ဘယ်လိုဖြစ်တာလဲ??
ကောင်မလေး ။ ။ ရေခဲမုန့် သွားစားမိလိုက်လို့ ...
ကောင်လေး ။ ။ နင်ရူးနေလား???
အေးချမ်းနေတဲ့အချိန် အဲ့ရေခဲမုန့်တွေ မစားပါနဲ့!
ဒီမိုးရာသီလေးတော့ နည်းနည်းသည်းခံပါလို့
ငါနင့်ကိုမပြောဘူးလား?? နင့်ကိုယ်နင်
ဘာသားနဲ့ထုထားတယ် မှတ်နေလဲ??
နင့်မှာ ဦးနှောက် မရှိဘူးလား??
ကလေးလည်း မဟုတ်တော့ဘူး ...
ကိုယ့်ကိုယ်ကို ဂ၇ုစိုက်မှပေါ့ ။ ....
ကောင်မလေးလည်း
ကောင်လေးကိုလှမ်းဖက်ပြီး
အပြုံးလေးနဲ့ပြောလိုက်တယ် .. ကောင်မလေး ။ ။
နင် အဲ့လို ငါ့အပေါ် စိတ်ပူပြီး ဆူတာလေးကို
ခံချင်လို့ နင်မစားနဲ့လို့ တားထားတဲ့
ရေခဲမုန့်တွေကို စားတာ ... ကဲ သိပြီလား ??
ကောင်လေး ။ ။ အမ် ... အရူးမလေး ;-* 
ကောင်မလေးတွေဟာ ကိုယ့်ချစ်သူရဲ့
ဂရုစိုက်မှုကို ရဖို့အတွက် ပုံစံမျိုးစုံနဲ့
ကြိုးစားတတ်ကြတယ် kiki emoticon  .
Credit - { ပိုးဟပ်ဖြူ }

'သဝန်တိုတတ်တဲ့ချစ်သူ သင့်မှာရှိရင်'

No comments :


သဝန်တိုဖို့ဆိုတာ 
လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး 

ကိုယ့်ချစ်သူ ဘာတွေလုပ်နေလဲဆိုတာကို
အမြဲမပြတ်စောင့်ကြည့်နေရတာေ

အဲဒီအတွက်
အချိန်ပေးရတယ်
စိတ်ပင်ပန်းရတယ်
တစ်ချိန်လုံးလိုလို ချစ်သူအကြောင်းတွေးနေရတယ်
တစ်ခါတစ်လေ ဒေါသထွက်တဲ့အခါလည်း ရှိတယ်

ကဲ စဉ်းစားကြည့် !
သူ မင်းကို သဝန်တိုတယ်ဆိုတာ
တော်ရုံ အပင်ပန်းခံနိုင်ရုံလောက်နဲ့မရဘူး

မင်းကို သူချစ်လွန်းလို့
မင်းကို သူတစ်ယောက်ပဲပိုင်ချင်လွန်းလို့သာ
အဲဒီလောက်ထိ အပင်ပန်းခံနေတာပါ

ဒါကြောင့်
သူသဝန်တိုတာကို အပြစ်မမြင်ဘဲ
သူ့ကို ပိုပီးယုယပေးလိုက်မယ်ဆိုရင်
မင်းနဲ့သူဟာ အရမ်းချစ်ကြတဲ့
ချစ်သူတွေဖြစ်သွားကြမှာပါ ..!

.
Lwin Myat

ချစ်သူကို လက်မလွှတ်ရဖို့ ကြိုးစားနေရတဲ့ သူတွေရဲ့ ဒုက္ခများ

No comments :



ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ သက်ဆုံးတိုင်လက်တွဲသွားချင်ကြပါတယ်။ ဒါပေမယ့် တဖက်ဖက်က အချစ်တွေ ပျောက်ဆုံးပြီး ခံစားချက်မဲ့သွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့တွေက ကိုယ့်ပါတနာကို နားလည်နိုင်ဖို့နဲ့ လက်တွဲမပြုတ်ဖို့အတွက် အကောင်းဆုံးကြိုးစားတတ်ကြပါတယ်။ဒါတွေကို သိပြီး တယောက်နဲ့ တယောက်နားလည်ထားကြမယ်ဆိုရင် ခင်ဗျားတို့ ချစ်ခရီး လမ်း ကကြည်နူးစရာ အတိပေါ့ဗျာ..... သေချာ လေ့လာကြည့်လိုက်ပါဦး...

၁။ အချိန်တိုင်း ဖျောင်းဖျဖို့ကြိုးစားနေရခြင်း
အကြောင်းကိစ္စတစ်ခုခုအတွက် သင့်ရဲ့ပါတနာကို အချိန်တိုင်း ဖျောင်းဖျနေရမယ်ဆိုရင် ပုံမှန်မဟုတ်တာ သေချာပါတယ်။ သူမရဲ့ခွင့်ပြုချက်ရဖို့ အလေးအနက်တောင်းဆိုနေရတာ၊ အနူးအညွတ်ပြောနေရတာမျိုးတွေက ဆက်ဆံရေးမပြိုကွဲအောင် တမင်အားထုတ်ကြိုးပမ်းမှုတွေပဲဖြစ်ပါတယ်။

၂။ အမြဲတမ်းအလျှော့ပေးနေရခြင်း
ကိုယ်လုပ်ချင်တာမလုပ်ရပဲ သင့်ပါတနာ စိတ်တိုင်းကျသွားလာနေထိုင် လုပ်ကိုင်နေရတာမျိုးဖြစ်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကို ထိန်းသိမ်းထားဖို့အတွက် သင့်ရဲ့ပျော်ရွှင်မှုကို စတေးပစ်လိုက်ရတဲ့ သဘောပါပဲ။ သူမ ခွင့်မပြုတဲ့အတွက် အခင်ဆုံးသူငယ်ချင်းတွေနဲ့တောင် အပေါင်းအသင်းမလုပ်တော့တဲ့အထိ ဖြစ်တတ်ပါတယ်။

၃။ ဘာလုပ်လုပ်ပြဿနာဖြစ်နေရခြင်
သင့်ရဲ့ပါတနာခွင့်မပြုတဲ့ အကြောင်းအရာတစ်ခုခု လုပ်မိတိုင်း ပြဿနာတက်ရတာမျိုးဖြစ်ပါတယ်။ ဒီအကြောင်းအရာက ဘာမှအရေးမကြီးတဲ့ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ပါတနာက ဇာတ်လမ်းတွေ ဆင်ပြီး ပြဿနာကြီးတစ်ရပ်အဖြစ် ဖန်တီးလိုက်တတ်ပါတယ်။ ပြီးရင် သင့်ကို ရှင်းပြခွင့် လုံးဝမပေးပဲ တဖက်သတ် ပြစ်တင်ပြောဆိုခံနေရပါလိမ့်မယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ တစ်ခုခုကို ဆုံးဖြတ်လုပ်ဆောင်မယ်ရတိုင်း ပြဿနာဖြစ်မှာကို စိုးရိမ်ကြောင့်ကျနေရတတ်ပါတယ်။

၎။ အမြဲတမ်း သင်ကချည်းပဲ စီစဉ်နေရခြင်း
သင်တို့နှစ်ဦး အတူအပြင်သွားဖို့၊ တစ်ခုခုလုပ်ဖို့ စီစဉ်စရာရှိတိုင်း သင့်ပါတနာက စိတ်ဝင်တစားမရှိပဲ သင်ကချည်းပဲ စီစဉ်နေရတာမျိုးဖြစ်ပါတယ်။ ဒီအချက်က ချစ်သူစုံတွဲတွေအတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးအခြေအနေမဟုတ်ပါဘူး။ သင်က စီစဉ်ထားလို့လည်း အမြဲတမ်းလက်ခံတာမျိုးမဟုတ်ပဲ များသောအားဖြင့် ငြင်းဆိုနေတတ်ပါတယ်။ ဒီလိုဆိုရင် သင်ပဲစိတ်မကောင်းဖြစ်ရတယ် မဟုတ်ပါလား။

၅။ အမြဲတမ်းနာကျဉ်ခံစားနေရခြင်
သင့်ဘ၀တစ်ခုလုံးကို ပေးဆပ်လိုက်ဖို့ဆိုတာက ပြောဖို့သာလွယ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အများစုက အတ္တနည်းနည်းတော့ရှိတတ်ကြပါတယ်။ ဒီလို ချစ်သူအတွက် တစ်ဘ၀လုံးပေးဆပ်ထားတယ်ဆိုရင်လည်း သူမဆီက သာတူညီမျှတုံ့ပြန်မှုကို မျှော်လင့်တတ်ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ပေးဆပ်မှုကို အလေးမထားပဲ လစ်လျူရှုခံနေရမယ်ဆိုရင်တော့ နာကျဉ်ရခံစားရမှာသေချာပါတယ်

၆။ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနေရခြင်း
သူမသတ်မှတ်ထားတဲ့ ချစ်သူပုံစံဖြစ်အောင်လို့ အရာရာလိုက်ပြီး ပြုပြင်ပြောင်းလဲနေရတာမျိုးဖြစ်ပါတယ်။ သူမစိတ်တိုင်းကျဖြစ်ဖို့ ကြိုးစားရင်း သင့်ခံစားချက်၊ သင့်ဝါသနာနဲ့ သင့်အကြိုက်တွေကို စွန့်လွှတ်ပေးရတာကို ထိုက်တန်တယ်လို့ ထင်ပါသလား။ ဒီလိုလုပ်မယ်ဆိုရင်လည်း မိမိရဲ့ဖြစ်တည်မှုကို ဆုံးရှုံးခံပြီး ဆက်ဆံရေးကို တမင်ထိန်းသိမ်းနေရတာပဲ ဖြစ်ပါတယ်။

၇။ အတိတ်ကို စွဲလမ်းနေခြင်း
သင့်ပါတနာက သင့်ကိုမချစ်တော့ပဲ၊ သင်ကသာ လက်တွဲမပြုတ်ဖို့ တမင်ကြိုးစားနေရတဲ့ ဆက်ဆံရေးမျိုးမှာ ချစ်ခဲ့ကြတဲ့ အတိတ်ကို စွဲလမ်းနေတာမျိုးဖြစ်နိုင်ပါတယ်။ သူမနဲ့ အဆင်ပြေချစ်ကြည်နူးနေချိန်တွေကို ပြန်တွေးပြီး လက်မလွှတ်နိုင်ဖြစ်နေတာပါ။ ဒါပေမယ့် ဒီလိုအတိတ်မှာပဲ သာယာနေပြီး ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။

၈။ အမြဲတမ်းစကားစပြောနေရခြင်း
သူမမှာ ပြောစရာစကားမရှိသလို တိတ်ဆိတ်နေတတ်ပြီး သင်ကပဲ အမြဲတမ်းစကားမရှိစကားရှာ လိုက်ပြောနေရတာမျိုးဖြစ်ပါတယ်။ ဒီလို စကားသံကြားရဖို့ ပင်ပန်းတကြီးလိုက်ကြိုးစားနေရတယ်ဆိုရင်တော့ သင့်တို့နှစ်ဦးကြားက ဆက်ဆံရေးဟာ နှစ်ယောက်စလုံးအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလို ဆက်ဆံရေးကို ကြိုးစားထိန်းသိမ်းနေမယ့်အစား လက်လွှတ်လိုက်တာက ပိုကောင်းပါတယ်။

၉။ နှစ်ဦးသားအနာဂတ်ကို တိုင်ပင်ဆွေးနွေးမှုမရှိခြင်
နှစ်ယောက်ရှေ့ရေးအတွက် တိုင်ပင်ဆွေးနွေးတာမျိုးတွေက မပြောကောင်းတဲ့ကိစ္စလို့ သတ်မှတ်ထားတာမျိုးပါ။ သင်ကတော့ ကြိုစဉ်းစားပြီး ပြောချင်ပေမယ့် သင့်ပါတနာကတော့ စိတ်မ၀င်စားတတ်ပါဘူး။ သူမအနေနဲ့ အတူတူဘ၀ကို ဘယ်တော့မှစဉ်းစားလေ့မရှိသလို သင့်ကိုလည်း သူမဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ယူဆထားတာမျိုး ရှိမှာမဟုတ်ပါဘူး။

၁၀။ မျက်နှာချင်းဆိုင်ဖို့ ရှောင်နေတတ်ခြင်း
သင်နဲ့ ကြည်ကြည်နူးနူးမျက်နှာချင်းဆိုင်ဖို့ကို ရောဂါတစ်ခုလို့ ဆက်ဆံပြီး ရှောင်နေတတ်တာမျိုးဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ဒီလိုမျိုးဖြစ်လာပြီဆိုရင် သင်နဲ့ပတ်သက်ပြီး သူမမှာ ဘာခံစားချက်မှ မရှိတော့လို့ပဲဖြစ်ပါတယ်။ ဒီလိုဆက်ဆံရေးမျိုးကို ကြိုးစားထိန်းသိမ်းနေတာကလည်း ရေရှည်မှာ နှစ်ယောက်စလုံးအတွက် ပျော်စရာအကြောင်းရှိမှာမဟုတ်ပါဘူး

အကောင်းဆုံးအကြံ တခုပေးပါမယ်
သင့်ချစ်သူကို ဒီဆောင်းပါလေး ဖတ်ခိုင်းပြီး တော့ "ဒါမျိုး တွေရှောင်ကျဉ်ကြရအောင်" လို့ ဂတိတခုတောင်းလိုက်ပါ။

ပိုက်ဆံ ရှိဖို့ မလိုဘူး

No comments :
ပိုက်ဆံ ရှိဖို့ မလိုဘူး
အတူတူ ကြိုးစားလို့ ဖြစ်တယ်...........
နောက်တွန့်နေစရာမလိုဘူး
အတူတူ ရင်ဆိုင်လို့ ရတယ်.....
ရုပ်ချောဖို့ မလိုဘူး
သစ္စာရှိဖို့ ပဲ လိုတယ်............
အားငယ်နေစရာမလိုဘူး
အတူတူ မျှဝေခံစားမယ်.............
သိပ်ချစ်ကျတဲ့  ချစ်သူတွေဆိုတာ.........
ဘယ်လိုပြသနာတွေနဲ့ ပဲ တွေ့ကြုံတွေ့ကြုံ
အနည်းဆုံးတော့ 
လက်တွဲမဖြုတ်ခဲ့ နိုင်တာမျိုးပေါ့.............
အရောင်ဆိုးထားတဲ့ အချစ်တွေထက်
ပကတိအခြေအနေတစ်ခုလေးအပေါ်
နားလည် လက်သင့်ခံနိုင်တဲ့ ချစ်သူမျိုးကို ပိုတန်ဖိုးထားမိတယ်.....
ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကို လက်တွဲဖို့ ဆိုတာ
ဘာဆိုဘာမှမလိုဘူး
တကယ်ချစ်ဖို့ ပဲလိုတယ်မဟုတ်လား........................
Credit: ပုံရိပ်စစ်

"သတိရတဲ့အခါ"

No comments :


မအားလပ်တဲ့အခါ
ဖုန်းဆက်ပါလို့ မပြောရက်ပါဘူး
ဒါပေမဲ့ဖုန်းသံကို မျှော်လင့်မိနေတာတော့ အမှန်ပါပဲ

အလုပ်ရှုပ်တဲ့အခါ
စာလေးတကြောင်းစ နှစ်ကြောင်းစလောက်
ချန်ထားပါလို့မပြောရက်ပါဘူး

ဒါပေမယ့်
စာလေးတကြောင်းနှစ်ကြောင်းများရှိလေမလားလို့
ကြည့်မိတာတော့ အမှန်ပါပဲ

မတွေ့ဖြစ်တဲ့အခါ
လွမ်းနေပါလို့ မဆိုရက်ပါဘူး

ဒါပေမဲ့ တစက္ကန့် တမိနစ်စာလောက်ဖြစ်ဖြစ်
ကိုယ့်အကြောင်း တွေးနေမလားလို့တော့
မျှော်လင့်မိတာ အမှန်ပါပဲ

ဘာကိုမှ မမျော်လင့်ပါဘူး
ဘာကိုမှ လောဘမကြီးမိပါဘူး
ဘာကိုမှလေ ကိုယ်မတောင်းဆိုပါဘူး

ဒါပေမဲ့လေ
စောင့်စားနေတဲ့လူတယောက်ရှိတာကိုတော့
အမှတ်တမဲ့လေးဖြစ်ဖြစ်
အမှတ်ရစေချင်တာတော့အမှန်ပါပဲ ။ ။

<_အသဲကွဲ ကောင်လေး_>

ချစ်စိတ်ကို ပျက်ပြားစေတဲ့ အချက် ၇ ချက်

No comments :

ချစ်သူနဲ့ အချိန်အကြာကြီး တွဲလာတဲ့အခါ ချစ်စိတ်ပျက်ပြားစေတဲ့အချက်တွေကို သိဖို့လိုပါတယ်။ စိတ်မကောင်းစရာက ချစ်သူစုံတွဲအများစုဟာ မရည်ရွယ်ဘဲ အဲဒီအမှားတွေကို ကျူးလွန်မိပါတယ်။ ကိုယ်နဲ့ ချစ်သူကြား ချစ်စိတ်တဖြည်းဖြည်းလျော့နည်းလာတာကို ခံစားရရင် သည်အချက်တွေကို ကြိုးစားရှောင်ရှားသင့်ပါတယ်။


အမှား ၁
ရည်းစားဟောင်းအကြောင်းပြောခြင်း
ရည်းစားဟောင်းအကြောင်းပြောတာဟာ ချစ်စိတ်ကို ပျက်ပြားစေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကိုယ့်ချစ်သူက သူ့အဆက်ဟောင်းအကြောင်း ပြောပြတာကို ကိုယ်ကြိုက်လို့လား။ ကြိုက်မှာမဟုတ်ပါဘူး။ သည်တော့ ချစ်သူက မင်းအဆက်ဟောင်းအကြောင်းပြောပြစမ်းပါ ဆိုရင်တောင် မပြောဘဲ စကားလွှဲဖို့ ကြိုးစားပါ။

အမှား ၂
ကိုယ့်ကိုယ်ကို စိတ်ပျက်ငြီးငြူခြင်း
ချစ်သူကောင်မလေးက သူ့ကိုယ်သူ ငြီးတွားငြူစူနေတာကို ဘယ်ယောကျာ်းမှ ကြားချင်မှာ မဟုတ်ဘူး။ ကိုယ်က ကိုယ့်ကိုကိုယ် ဘယ်လိုပဲ မြင်မြင် ချစ်သူကောင်လေးက ကိုယ့်ကို သဘောကျတဲ့အကြောင်းရင်းတစ်ခုတော့ ရှိပါတယ်။ သူက ကိုယ့်ကို ချစ်ပြီး ကိုယ်ဟာလှတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ ထင်ပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကို မချစ်ရင် ချစ်သူကလည်း ကိုယ့်ကိုချစ်ဖို့ ခက်ခဲပါလိမ့်မယ်။

အမှား ၃
ကိုယ့်သူငယ်ချင်းအဖွဲ့ထဲက ဇာတ်လမ်းစုံကို ခင်းပြခြင်း
ကိုယ့်သူငယ်ချင်းအဖွဲ့ထဲက ဇာတ်စုံကို အမြဲခင်းပြီး ငြီးတွားနေမယ်ဆိုရင် အခု ရပ်လိုက်ပါတော့။ ချစ်သူက ဒါကို အရေးစိုက်မှာ မဟုတ်ပါဘုး။ ဒါကြောင့် ဒီအကြောင်းနဲ့ သူ့ကို စိတ်ရှုပ်အောင် မလုပ်ပါနဲ့။ ဒီအကြောင်းတွေကိုချည်း နှစ်ယောက်သား ပြောနေမယ်ဆိုရင် ကိုယ့်အကြောင်းကိုယ်ပြောဖို့အချိန် ဘယ်ရှိတော့မှာလဲ။

အမှား ၎
တယောက်တကွဲ စိတ်ကြိုက်နေခြင်း
စုံတွဲအများစုဟာ အချိန်ကြာလာတာနဲ့အမျှ တယောက်တကွဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါတော့တယ်။ သည်အချက်ကြောင့်ပဲ တယောက်နဲ့တယောက် သံယောဇဉ် လျော့ပါးလာပါတယ်။ တကယ်လို့ နှစ်ယောက်လုံးကြိုက်တာတစ်ခုခု ရှိမယ်ဆိုရင် အဲဒီအလုပ်ကိုမပြတ်စေဘဲ ဆက်လုပ်သင့်ပါတယ်။

အမှား ၅
ဖရိုဖရဲကပိုကရို ၀တ်ဆင်ခြင်း
မိန်းကလေးတွေအတွက် ဒါက အရေးကြီးပါတယ်။ ချစ်သူနဲ့ကိုယ် ချစ်သက်တမ်းဘယ်လောက်ကြာကြာ ချစ်သူက တစ်ခုခုကိုတော့ မြင်ချင်မှာပါပဲ။ ဖရိုဖရဲ မသပ်မရပ်ပုံစံက တခါတလေ ဆွဲဆောင်မှု ရှိပေမယ့်အမြဲတမ်းဆိုရင် စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။

အမှား ၆
ဖုန်းကိုင်ခြင်း
ချစ်သူနဲ့ ချစ်စိတ်မြင့်တက်နေချိန်မှာ ရုတ်တရက် ဖုန်းမြည်လာတယ်ဆိုပါစို့။ ဖုန်းကို ကောက်မကိုင်ပါနဲ့။ ချစ်သူရဲ့ ခံစားချက်ကို အရင်တွေးကြည့်ပါ။ ဖုန်းကိုင်လိုက်တဲ့အတွက် ဒီဖုန်းဟာ သု့ထက်အရေးကြီးတယ်လို့ ချစ်သူကယူဆပြီး နှစ်ယောက်တွဲလာတာ ဘယ်လောက်ကြာကြာ ချစ်စိတ်ကို အဖုအထစ်ဖြစ်စေပါတယ်။

အမှား ၇
ပျင်းရိခြင်း
သူငယ်ချင်းတွေနဲ့ စကားပြောနေလို့ အိမ်ကို ချစ်သူရောက်လာတာတောင် မသိဘူး။ တီဗီကြည့်နေလို့ ညစာတောင် မချက်ဖြစ်ဘူး။ ဒီလိုပျင်းရိပုံမျိုးဟာ ချစ်စိတ်ကိုလျော့ပါးစေလို့ သေချာပေါက် ရှောင်သင့်ပါတယ်။
စာဖတ်သူတို့ဘ၀မှာရော ချစ်ပျက်ပြားစေတဲ့ ဘယ်လိုအချက်တွေနဲ့ ကြုံဖူးသလဲ။ ကွန်မန့်ပေးခဲ့ပါဦး။

Credit: စုပြည့်စုံ


Wednesday, May 20, 2015

စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လက်ရှိတွဲနေတဲ့ချစ်သူကို လမ်းခွဲစကား ပြောတော့မယ်ဆိုရင်

No comments :
သင်အခုလက်ရှိတွဲနေတဲ့ ချစ်သူရည်းစားကို လမ်းခွဲစကားပြောရတော့မယ်ဆို၇င်တစ်ဖက်လူကို လေးလေးစားစားနဲ့ ကောင်းကောင်းမွန်မွန်လေး ပြောဆိုပြီး လမ်းခွဲတာ အကောင်းဆုံးပါ။ ဖုန်းကနေ မတ်ဆေ့ခ်ျလေးပို့ပြီး လမ်းခွဲကြရအောင် ဆိုတာမျိုးထက် သူနဲ့မျက်နှာချင်းဆိုင်တွေ့ပြီး ပြောလိုက်တာကတော့ အကောင်းဆုံးပါပဲ။ ဒီတော့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာလေး တစ်ချက်ပြောပြပေးချင်ပါတယ်။

သင့်ချစ်သူကို ဒီအကြောင်းနည်းနည်းပေးသိထားလိုက်ပါ။
သင်ဟာ ဒီအချစ်ရေးကို စိတ်ကုန်နေတယ်ဆိုတာမျိုး သင့်ချစ်သူသိအောင် ပြောထားတာမျိုးလေးတွေ လုပ်ပါ။ ဒီလိုသာ ဆက်သွားရင် စိတ်ပျက်စရာ စိတ်ကုန်စရာကောင်းတဲ့ အနာဂတ်ကိုသာ ပိုင်ဆိုင်လိမ့်မယ်ဆိုတာမျိုးပေါ့။ ဖြစ်နိုင်ရင် သင့်ချစ်သူကို ဈေးကြီးတဲ့ လက်ဆောင်ပစ္စည်းတစ်ခုခု ဝယ်ပေးလိုက်ပါ။ ပြီးရင်သူ့ကို စွန့်ခွာဖို့ ကြိုးစားပါတော့။

လမ်းခွဲဖို့အကြောင်းကို ပထမဆုံးသိရသူဟာ သင့်ချစ်သူသာ ဖြစ်ပါစေ။
သင် လမ်းခွဲဖို့စိတ်ကူးနေကြောင်း၊ စီစဉ်နေကြောင်းကို ပထမဆုံးသိရသူဟာ သင့်ချစ်သူသာ ဖြစ်သင့်ပါတယ်။ သူမသိသေးပဲ ကြားသူငယ်ချင်းတစ်ယောက်ယောက်က တစ်ဆင့် သူပြန်သိသွားတာမျိုးဟာ သူ့ကို မလေးစားဘူးဆိုတာ ပြလိုက်သလိုပါပဲ။ ဒီလို မဖြစ်ပါစေနဲ့။

လမ်းခွဲဖို့အကြောင်းကို လူကိုယ်တိုင်တွေ့ပြီး ပြောပါ။
ဘာ့ကြောင့် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ရတယ်ဆိုတဲ့အကြောင်း တစ်ဖက်လူသိအောင် လေးလေးစားစား ပြောပြပါ။ သူ့ဘက်က မေးနိုင်တဲ့ မေးခွန်းတွေကို ကြိုစဉ်းစားသွားပါ။ သူမေးသမျှ ကိုယ့်ဘက်က ဖြေနိုင်အောင် ကြိုးစားပါ။ လွယ်လင့်တကူ မတ်ဆေ့ခ်ျလေးပို့၊ အီးမေးလ်လေး ပို့ပြီးတော့ လမ်းခွဲစကားပြောတာမျိုး မလုပ်ပါနဲ့။ သူ့ဘက်ကိုလည်း ဘယ်လို ထည့်စဉ်းစားထားတယ် ဆိုတာမျိုးပြောပါ။ ဒီအတိုင်း ဆက်သွားရင် နှစ်ဦးစလုံးအတွက် မကောင်းဘူးဆိုတာကို သေချာပြောပြပါ။

လမ်းခွဲစကားပြောတဲ့ အချိန်ဟာ နှစ်ဦးစလုံးအတွက် မှန်ကန်တဲ့အချိန်ဖြစ်ပါစေ။
ကိုယ့်ချစ်သူကို လမ်းခွဲတော့မယ်ဆိုရင် ခရစ်စမတ်လိုပွဲတော် မတိုင်ခင် လမ်းခွဲမယ်ဆိုရင် ဒါဟာ သူ့ကို လက်ဆောင်ဝယ်မပေးချင်လို့လားဆိုတာမျိုး အတွေးရောက်သွားစေပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ့်ချစ်သူရဲ့ မိသားစုဝင်တစ်ယောက်က နေမကောင်းအသည်းအသန် ဖြစ်နေတဲ့အချိန်၊ ဒါမှမဟုတ် ပြသနာတစ်ခုခုကို အကြီးအကျယ် ဖြေရှင်းနေရချိန် စတဲ့အချိန်တွေကို ထည့်တွက်ဖို့ လိုပါတယ်။
Credit' trend.com.mm
www.yomalan.com

အချစ်ဆိုတာ

No comments :

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး

No comments :
ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ်
မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ
သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။
သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။
၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ
သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေတတ်နေပါစေ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန်တွေရှိနေပါစေ သင့်ကို သင့်ရဲ့ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာ သင့်ကိုနေရာပေး လေးလေးစားစား ဆက်ဆံတတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံတောက်ပစေပါတယ်။
၃။ သဘာအလှလေးနဲ့ အေးချမ်းတဲ့မိန်းမ
သူမရဲ့အလှဟာ ပန်းလေးတစ်ပွင့်လို မတောက်ပနေပေမဲ့ အေးချမ်းမှုရှိပါတယ်။
သင်ကြည့်လိုက်တိုင်း သူမဟာ အေးချမ်းတဲ့အသွင်အတိုင်း အပြုမှုတွေပါ အေးချမ်းငြင်သာနေပါလိမ်မယ်။
သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်တွက် အထောက်အပံ့မပေးနိုင်ပေမဲ့ တခြားမိန်းမတွေလို ပူလောင်ငြူစူမှု အလျဉ်းမရှိပဲ သင့်ကိုအေးချမ်းမှုတွေနဲ့ သာယာစေနိုင်ပါတယ်။
၎။ ဦးနှောက်ပြေးတဲ့မိန်းမ
သူမဟာ အင်မတန်မှ ထိုးထွင်းဥာဏ်ရှိပြီး သင်အခက်ခဲလေးတစ်ခု ကြုံလာပြီဆိုတာနဲ့ ပြေလည်မဲ့ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့သူမျိုးပါ။
စီးပွားရေးလုပ်တဲ့အခါမှာလည်း သင့်ကိုနောက်ကွယ်ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ရအောင် ပို့ဆောင်ပေးတဲ့ သူမျိုးပါ။
၅။ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့မိန်း
ဒီလိုမိန်းမတွေဟာ သင်ဘာပဲလုပ်လုပ် အမြဲတစေ ယုံကြည်ချက်အပြည့်နဲ့ အားပေးတတ်ပါတယ်။ သင်အောင်မြင်သွားခဲ့ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင်တပ်ပြမှာမဟုတ်သလို ၊ ရှုံးနိမ့်ခဲ့ရင်လည်း ငြူစူပြောဆိုနေမှာ မဟုတ်ပါဘူး။
အရမ်းစိတ်ညစ်နေတဲ့အချိန်မှာ သင့်ကို နွေးထွေးစွာအားပေးပါလိမ့်မယ်။ သူ့ရဲ့သင့်ပေါ် ယုံကြည်ချက်တွေနဲ့ ပြတ်သားမှုတွေကြောင့် သင်ဟာ လဲရာမှချက်ချင်းတောင် ပြန်ထထိုင်နိုင်လောက်အောင် သူမစွမ်းဆောင်နိုင်ပါလိမ့်မယ်။
၆။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့မိန်းမ
သူမဟာအင်မတန်မှမိမိကိုယ်ကိုအမြဲလိုလိုအပြင်ဆင်ပိုင်းမှာရောဂုဏ်သိက္ခာပိုင်းတွေမှာပ
ခြယ်သပြင်ဆင်နေလေ့ရှိပါတယ်။ သူမဟာ ဘယ်တော့မဆို သူကြောင့်သင်နံမည်ပျက်စေမှာ
မဟုတ်သလို အသိုင်းဝိုင်းရှေ့ထွက်တဲ့အခါမှာလည်း သူ့ကြောင့်သင်ဟာ အလိုလိုနေရင်းနဲ့
ဂုဏ်ရှိစေနိုင်မဲ့ မိန်းမမျိုးပါ။ ဘယ်တော့မှ သူ့အလှကြောင့် သင့်ရဲ့ပူပန်မှုတွေကို အနေထိုင်တွေနဲ့ ဖြောက်ဖျတ်ပစ်တတ်ပါတယ်။
၇။ တာဝန်ယူတတ်တဲ့မိန်းမ
သူမဟာ သင့်ရဲ့ဝင်ငွေထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲစီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာသုံးပြီး သင့်ကိုဘယ်တော့မှ စားဝတ်နေရေးတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။ သူမဟာ အလုပ်လုပ်တဲ့နေရာမှာ အင်မတန်မှ တိကျပြီး တာဝန်ယူစိတ်အပြည့်လည်း ရှိတတ်ပါတယ်။
၈။ စကားပြောဆို ကျွမ်းကျင်တဲ့မိန်းမ
သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖတ်ကမ်းခပ် ကျွမ်းကျင်တတ်ပြီး အပေါင်းသင့်ဆံ့တဲ့သူဖြစ်ပါလိမ့်မယ်။ သူမနဲ့စကားပြောလိုက်တိုင်း လူတိုင်းစိတ်ချမ်းသာရပြီး ဘယ်လိုလူကို ဘယ်လို အခြေနေမျိုးမှာ ဘာပြောရမလဲဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်းစွဲဆောင်နိုင်ပါတယ်။သူမကြောင့်ပဲ သင်ဟာ ဒိထက်ကျယ်ပြန့်တဲ့ အသိုင်းဝိုင်းတစ်ခုကို သိကျွမ်းခွင့်ရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
၉။ ဆုံးဖြတ်ချက် ပြတ်သားတဲ့မိန်းမ
သူမဟာ စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အင်မတန်မှ ပညာသားပါပြီး အရာရာ စိတ်ချရပါတယ်။ ဘယ်တော့မှ သေးသေးမွှားမွှားကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီမရောက်စေပဲ ဖြေရှင်းတတ်ပါတယ်။သင့်ရဲ့အလုပ်ကိုင်တွေကို ဘယ်တော့မှမထိခိုက်စေ
ပဲ အိမ်မှုကိစ္စတွေပါ သူတစ်ယောက်တည်း ဖြစ်အောင်စီမံတတ်ပြီး သင့်ကိုအလုပ်လုပ်တဲ့နေရာမှာ စိတ်အပြည့်ဝရအောင် လွှတ်ထားပေးတတ်ပါတယ်။
၁၀။ ခေတ်အမြင်ရှိတဲ့မိန်းမ
သူမဟာ အင်မတန်မှ ခေတ်နဲ့လျောညီစွာနေထိုင်တတ်ပြီး အနေထိုင်တည်ငြိမ်တတ်ပါတယ်။ အများသူငှာနဲ့ သဟဇာတရှိပြီးသင်ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေနဲကလည်း ကျေလည်စွာဆက်ဆံတတ်
ပါတယ်။ သင်မိတ်ဆက်ပေးလာသမျှ လုပ်ဖေါ်ကိုင်ဖက်မိန်းကလေးတွေကိုလည်း ဘယ်တော့မှ သံသယမျက်လုံးနဲ့ မကြည့်ပဲ သူငယ်ချင်းဖြစ်အောင် ဆွဲဆောင်သိမ်းသွင်းတတ်ပါသေးတယ်။

Oringinal Writer
credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-